Skip to main content
သက္ငယ္မုဒိမ္းက်ဴးလြန္သူမ်ားကုိ သင္းကြပ္ျခင္း၊ လူျမင္ကြင္းတြင္ ေသဒဏ္ေပးျခင္းတုိ႔ျပဳလုပ္သင့္ဟု ဦးလွေဆြ အႀကံျပဳ
Ads Block

သက္ငယ္မုဒိမ္းက်ဴးလြန္သူမ်ားကုိ သင္းကြပ္ျခင္း၊ လူျမင္ကြင္းတြင္ ေသဒဏ္ေပးျခင္းတုိ႔ျပဳလုပ္သင့္ဟု ဦးလွေဆြ အႀကံျပဳ

သက္ငယ္မုဒိမ္းမႈက်ဴးလြန္သူမ်ားကုိ သင္းကြပ္ျခင္း ၊ လူျမင္ကြင္းတြင္ ေသဒဏ္ေပးျခင္းတုိ႔ျပဳလုပ္သင့္ေၾကာင္း ဂန္႔ေဂါအမတ္ေဟာင္းဦးလွေဆြက အႀကံျပဳေျပာၾကားလုိက္သည္။
ဇူလုိင္ ၈ ရက္၌ အကုန္သိသတင္းဌာနမွ ဆက္သြယ္ေမးျမန္းရာတြင္ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။ 
“ ကြ်န္ေတာ့္အိမ္မွာ ၾကက္မနဲ႔ ၾကက္ဖႀကီးေမြးထားတယ္။ အဲဒီမွာေလ့လာၾကည့္တာ ၾကက္ဖႀကီးက အရြယ္မေရာက္တဲ့ၾကက္မေလးေတြကုိမေပါင္းသင္းဘူးဗ်။ အခုဟာလူကတိရိစာၦန္ဆုိးတဲ့အျပဳအမူကုိ လုပ္တာဆုိေတာ့ သူ႔ကုိလူျမင္ကြင္းမွာပစ္သတ္တာမ်ိဳး ၊ ေသဒဏ္ေပးတာမ်ိဳး၊ သင္းကြပ္ပစ္လုိက္မ်ိဳး၊ ဒါမွမဟုတ္လည္းေထာင္ထဲမွာပဲတစ္သက္လုံးေန ၊ ေသလည္းေထာင္ထဲမွာေသ ဒီလုိမ်ိဳးခ်မွတ္လုိက္ရင္ ပုိေကာင္းမယ္။ အခုဟာအစုိးရကထိေရာက္တဲ့ျပစ္ဒဏ္မခ်တာေၾကာင့္ ပုိအတင့္ရဲလာတာဗ်။ ေနာက္တစ္ခုက စီးပြားေရးအဆင္မေျပတာ။ ပုိက္ဆံမရွိတာေပါ့ဗ်ာ။ ေနာက္မူးယစ္ေဆး၀ါးနဲ႔အရက္ေတြေပါေနတာ။ ဒါေတြကလူစိတ္ေပ်ာက္ေစတယ္’’ဟု ဂန္႔ေဂါအမတ္ေဟာင္းဦးလွေဆြကေျပာသည္။
ၿပီးခဲ့သည့္လမ်ားအတြင္း သက္ဒိမ္းမဒိန္းက်ဴးလြန္သူမ်ားကုိေသဒဏ္ေပးေရးအဆုိအား လႊတ္ေတာ္တြင္ ရခုိင္အမတ္မွတင္ျပရာတြင္ မဲခြဲရႈံးနိမ့္ခဲ့သည္။
ျပစ္မႈဆုိင္ရာဥပေဒပုဒ္မ- ၃၇၆ တြင္ အဓမၼျပဳက်င့္ေၾကာင္းထင္ရွား၍ ျပစ္မႈက်ဴးလြန္သူအား တစ္သက္တစ္ကြ်န္းျဖစ္ေစ၊ ေထာင္ဒဏ္ ၁၀ ႏွစ္အထိေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ ၊ ေငြဒဏ္ျဖစ္ေစ ခ်မွတ္ႏုိင္သည္ဟု ျပ႒ာန္းထားသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

သက်ငယ်မုဒိမ်းကျူးလွန်သူများကို သင်းကွပ်ခြင်း၊ လူမြင်ကွင်းတွင် သေဒဏ်ပေးခြင်းတို့ပြုလုပ်သင့်ဟု ဦးလှဆွေ အကြံပြု

သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို သင်းကွပ်ခြင်း ၊ လူမြင်ကွင်းတွင် သေဒဏ်ပေးခြင်းတို့ပြုလုပ်သင့်ကြောင်း ဂန့်ဂေါအမတ်ဟောင်းဦးလှဆွေက အကြံပြုပြောကြားလိုက်သည်။
ဇူလိုင် ၈ ရက်၌ အကုန်သိသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။ 
“ ကျွန်တော့်အိမ်မှာ ကြက်မနဲ့ ကြက်ဖကြီးမွေးထားတယ်။ အဲဒီမှာလေ့လာကြည့်တာ ကြက်ဖကြီးက အရွယ်မရောက်တဲ့ကြက်မလေးတွေကိုမပေါင်းသင်းဘူးဗျ။ အခုဟာလူကတိရိစ္ဆာန်ဆိုးတဲ့အပြုအမူကို လုပ်တာဆိုတော့ သူ့ကိုလူမြင်ကွင်းမှာပစ်သတ်တာမျိုး ၊ သေဒဏ်ပေးတာမျိုး၊ သင်းကွပ်ပစ်လိုက်မျိုး၊ ဒါမှမဟုတ်လည်းထောင်ထဲမှာပဲတစ်သက်လုံးနေ ၊ သေလည်းထောင်ထဲမှာသေ ဒီလိုမျိုးချမှတ်လိုက်ရင် ပိုကောင်းမယ်။ အခုဟာအစိုးရကထိရောက်တဲ့ပြစ်ဒဏ်မချတာကြောင့် ပိုအတင့်ရဲလာတာဗျ။ နောက်တစ်ခုက စီးပွားရေးအဆင်မပြေတာ။ ပိုက်ဆံမရှိတာပေါ့ဗျာ။ နောက်မူးယစ်ဆေးဝါးနဲ့အရက်တွေပေါနေတာ။ ဒါတွေကလူစိတ်ပျောက်စေတယ်’’ဟု ဂန့်ဂေါအမတ်ဟောင်းဦးလှဆွေကပြောသည်။
ပြီးခဲ့သည့်လများအတွင်း သက်ဒိမ်းမဒိန်းကျူးလွန်သူများကိုသေဒဏ်ပေးရေးအဆိုအား လွှတ်တော်တွင် ရခိုင်အမတ်မှတင်ပြရာတွင် မဲခွဲရှုံးနိမ့်ခဲ့သည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃၇၆ တွင် အဓမ္မပြုကျင့်ကြောင်းထင်ရှား၍ ပြစ်မှုကျူးလွန်သူအား တစ်သက်တစ်ကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။