Skip to main content
အမ်ိဳးသား ၂ ဦးအရက္ဆိုင္၌အတူေသာက္ၾကရာမွ စကားမ်ားရန္ျဖစ္ၿပီး ဓားျဖင့္ထုိးသတ္မႈျဖစ္ပြား 
Ads Block

အမ်ိဳးသား ၂ ဦးအရက္ဆိုင္၌အတူေသာက္ၾကရာမွ စကားမ်ားရန္ျဖစ္ၿပီး ဓားျဖင့္ထုိးသတ္မႈျဖစ္ပြား 

ရန္ကုန္ၿမိဳ႕၊ ေရႊျပည္သာၿမိဳ႕နယ္ရွိ ရႊင္ေပ်ာ္ေပ်ာ္အရက္ဆိုင္တြင္ ဓားထုိးလူသတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ေရႊျပည္သာၿမိဳနယ္၊ အမွက္(၁၈)ရပ္ကြက္၊ သမာဒိလမ္း၌ရွိေသာရႊင္ေပ်ာ္ေပ်ာ္အရက္ဆုိင္တြင္ ဇူလိုင္လ ၈ ရက္၊ နံနက္ ၁၀ နာရီခန္႔က ဓားထိုးလူသတ္မႈျဖစ္ပြားေၾကာင္းသတင္းရရွိသျဖင့္ တာ၀န္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကသည္။
စစ္ေဆးခ်က္အရ ေသဆံုးသူမွာေရႊျပည္သာၿမိဳ႕နယ္၊ ၁၃ ရပ္ကြက္ေနေက်ာ္ဆန္း(၃၅)ႏွစ္ခန္႔ျဖစ္ၿပီး ရင္ဘတ္ထိုးသြင္းဒဏ္ရာျဖင့္ ေသဆံုးေနေသာေၾကာင့္ ေဆးရံုသို႔တင္ပို႔ခဲ့ေၾကာင္း သိရသည္။
“ ျပစ္မႈက်ဴးလြန္သူကေတာ့ ၁၈ ရက္ကြက္ထဲကပဲကိုမင္းမင္းပါ။ အခုေတာ့ အဖမ္းခံသြားပါတယ္။ ရန္ျဖစ္ရတဲ့အေၾကာင္းရင္းကေတာ့ ထူးထူးေထြေထြမရွိပါဘူး။ အရက္ေသာက္ရင္းစကားမ်ားတာကေန ဓားနဲ႔ရင္ဘတ္ကိုထိုးလိုက္လို႔ ကိုေက်ာ္ဆန္းေသဆံုးသြားတာပါ” ဟု အခင္းျဖစ္ေနရာ၌ရွိေသာ မ်က္ျမင္သက္ေသတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ထို႔ေၾကာင့္ မင္းမင္း၊ (၃၀)ႏွစ္ကိုဖမ္းဆီး၍ ေရႊျပည္သာၿမိဳ႕မရဲစခန္း၌ လူသတ္မႈျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။
- ဒါးဇ(အကုန္သိသတင္းဌာန) | ဓာတ္ပံု - Htain Lin Aung

Unicode version 

အမျိုးသား ၂ ဦးအရက်ဆိုင်၌အတူသောက်ကြရာမှ စကားများရန်ဖြစ်ပြီး ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား 

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ ရွှင်ပျော်ပျော်အရက်ဆိုင်တွင် ဓားထိုးလူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရွှေပြည်သာမြိုနယ်၊ အမှက်(၁၈)ရပ်ကွက်၊ သမာဒိလမ်း၌ရှိသောရွှင်ပျော်ပျော်အရက်ဆိုင်တွင် ဇူလိုင်လ ၈ ရက်၊ နံနက် ၁၀ နာရီခန့်က ဓားထိုးလူသတ်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ သေဆုံးသူမှာရွှေပြည်သာမြို့နယ်၊ ၁၃ ရပ်ကွက်နေကျော်ဆန်း(၃၅)နှစ်ခန့်ဖြစ်ပြီး ရင်ဘတ်ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသောကြောင့် ဆေးရုံသို့တင်ပို့ခဲ့ကြောင်း သိရသည်။
“ ပြစ်မှုကျူးလွန်သူကတော့ ၁၈ ရက်ကွက်ထဲကပဲကိုမင်းမင်းပါ။ အခုတော့ အဖမ်းခံသွားပါတယ်။ ရန်ဖြစ်ရတဲ့အကြောင်းရင်းကတော့ ထူးထူးထွေထွေမရှိပါဘူး။ အရက်သောက်ရင်းစကားများတာကနေ ဓားနဲ့ရင်ဘတ်ကိုထိုးလိုက်လို့ ကိုကျော်ဆန်းသေဆုံးသွားတာပါ” ဟု အခင်းဖြစ်နေရာ၌ရှိသော မျက်မြင်သက်သေတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် မင်းမင်း၊ (၃၀)နှစ်ကိုဖမ်းဆီး၍ ရွှေပြည်သာမြို့မရဲစခန်း၌ လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)
ဓာတ်ပုံ - Htain Lin Aung

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။