Skip to main content
ယေန႔မနက္ပုိင္း ကစၦပနဒီတံတားေအာက္ဘက္တြင္ မုိင္းေပါက္ကြဲမႈျဖစ္ပြား
Ads Block

ယေန႔မနက္ပုိင္း ကစၦပနဒီတံတားေအာက္ဘက္တြင္ မုိင္းေပါက္ကြဲမႈျဖစ္ပြား

ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ကစၦပနဒီတံတားေအာက္ဖက္တြင္ ယေန႔(ဇူလုိင္လ ၈ ရက္)မနက္ပုိင္းက မုိင္းေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ေက်ာက္ေတာ္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးဦးထြန္း၀င္းက ေျပာသည္။
ဇူလုိင္လ ၈ ရက္၌ အကုန္သိသတင္းဌာနဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။ 
“ ဒီေန႔မနက္ ၇ နာရီေက်ာ္ ၈ နာရီေလာက္ကမုိင္းကြဲသံၾကားရတယ္။ အဲဒါနဲ႔ ခဏၾကာေတာ့ ပိႏဲၵေခ်ာင္းရြာက မုိင္းကြဲတယ္ဆုိတာေဒသခံေတြကအတည္ျပဳလွမ္းေျပာတယ္။ ျဖစ္တာကရန္ကုန္-စစ္ေတြကားလမ္း၊ ကစၦပနဒီတံတားေအာက္ဘက္ေပါ့။ ထိခုိက္ဒဏ္ရာေတာ့မရဘူး။ အခုေတာ့ တံတားဘက္ျခမ္းမွာ အ၀င္အထြက္ေတြစစ္ေနတယ္ဆုိတယ္။ ေနာက္ဘယ္လိုျဖစ္သလဲဆိုတာ ေက်းရြာရာအိမ္မွဴးကုိလည္း ခမရ ၃၇၅ ကစစ္ေနတယ္။ အခုခ်ိန္ထိေတာ့ဘယ္သူကေထာင္တယ္။ဘယ္လုိဆုိတာမသိရေသးဘူး’’ဟု ေက်ာက္ေတာ္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးဦးထြန္း၀င္းက ေျပာသည္။
ကစၦပနဒီတံတားသည္ ေက်ာက္ေတာ္တြင္ ၁၉၉၇ ခုႏွစ္၌တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီးေပ ၇၈၀၀ ရွိေၾကာင္း သိရသည္။
ရခုိင္ျပည္နယ္တြင္ ၿပီးခဲ့သည့္လမ်ားတြင္လည္း ကားလမ္းမေဘး၌ မုိင္းေပါက္ကြဲမႈျဖစ္ပြားခဲ့ေသးသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ယနေ့မနက်ပိုင်း ကစ္ဆပနဒီတံတားအောက်ဘက်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကစ္ဆပနဒီတံတားအောက်ဖက်တွင် ယနေ့(ဇူလိုင်လ ၈ ရက်)မနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။
ဇူလိုင်လ ၈ ရက်၌ အကုန်သိသတင်းဌာနဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။ 
“ ဒီနေ့မနက် ၇ နာရီကျော် ၈ နာရီလောက်ကမိုင်းကွဲသံကြားရတယ်။ အဲဒါနဲ့ ခဏကြာတော့ ပိနဲ္ဒချောင်းရွာက မိုင်းကွဲတယ်ဆိုတာဒေသခံတွေကအတည်ပြုလှမ်းပြောတယ်။ ဖြစ်တာကရန်ကုန်-စစ်တွေကားလမ်း၊ ကစ္ဆပနဒီတံတားအောက်ဘက်ပေါ့။ ထိခိုက်ဒဏ်ရာတော့မရဘူး။ အခုတော့ တံတားဘက်ခြမ်းမှာ အဝင်အထွက်တွေစစ်နေတယ်ဆိုတယ်။ နောက်ဘယ်လိုဖြစ်သလဲဆိုတာ ကျေးရွာရာအိမ်မှူးကိုလည်း ခမရ ၃၇၅ ကစစ်နေတယ်။ အခုချိန်ထိတော့ဘယ်သူကထောင်တယ်။ဘယ်လိုဆိုတာမသိရသေးဘူး’’ဟု ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။
ကစ္ဆပနဒီတံတားသည် ကျောက်တော်တွင် ၁၉၉၇ ခုနှစ်၌တည်ဆောက်ခဲ့ခြင်းဖြစ်ပြီးပေ ၇၈၀၀ ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်လများတွင်လည်း ကားလမ်းမဘေး၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။
- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။