Skip to main content
ကရင္ျပည္နယ္အတြင္း ေရႀကီးေရလွ်ံမႈႏွင့္ တာတမံမ်ားၾကံ႕ခိုင္ေရးအတြက္ အေစာင့္ထားရွိေစာင့္ၾကည့္ရန္ စိုက္/ေမြး/ ဆယ္ေျမာင္း၀န္ႀကီး ေျပာ 
Ads Block

ကရင္ျပည္နယ္အတြင္း ေရႀကီးေရလွ်ံမႈႏွင့္ တာတမံမ်ားၾကံ႕ခိုင္ေရးအတြက္ အေစာင့္ထားရွိေစာင့္ၾကည့္ရန္ စိုက္/ေမြး/ ဆယ္ေျမာင္း၀န္ႀကီး ေျပာ 

ကရင္ျပည္နယ္တြင္ မိုးတြင္းကာလ၌ ေရႀကီးေရလွ်ံမႈႏွင့္ တာတမံမ်ား ၾကံခိုင္မႈကို အေစာင့္ခ်ထားရွိ ေစာင့္ၾကည့္ရန္ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးေစာျမင့္ဦးက ေျပာသည္။
လယ္ယာက႑ဖြံ႔ၿဖိဳးတိုးတက္ေစရန္ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနေအာက္႐ွိ ဦးစီးဌာနမ်ား၏ ျပည္နယ္အဆင့္လုပ္ငန္းညႇိႏိႈင္းအစည္းအေဝးတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။ 
“သက္ဆိုင္ရာဌာနအလိုက္ ေရႀကီးေရလွ်ံမႈ ႐ွိ/မ႐ွိ အျမဲစစ္ေဆး၍ အခ်ိန္ႏွင့္တစ္ေျပးညီ တင္ျပရန္၊ ေရဘုတ္ဆည္သည္ စိုးရိမ္စရာမ႐ွိေသးေသာ္လည္း တာတမံ ၾကံ့ခိုင္မႈေစာင့္ၾကည့္ႏိုင္ရန္အတြက္ အေစာင့္ထား႐ွိရန္၊ စိုက္ပ်ိဳးေရးဦးစီးဌာနအေနျဖင့္ ေတာင္သူလယ္သမားမ်ားအတြက္ မိုးေလဝသသတင္း ထုတ္ျပန္ေၾကျငာမႈမ်ား အခ်ိန္ႏွင့္တစ္ေျပးညီ ႏိႈးေဆာ္ေပးရန္၊ ပိုးမႊား/ေရာဂါ က်ေရာက္မႈအားလက္ဦးမႈရယူ၍ ကုသျခင္းထက္ ႀကိဳတင္ကာကြယ္မႈမ်ားအား နည္းပညာေပး ကြင္းဆင္းေဆာင္ရြက္ၾကဖို႕ ကၽြန္ေတာ့္ ဝန္ႀကီးဌာနေအာက္က တာဝန္ရွိသူေတြကို အစည္းအေဝးမွာ လမ္းၫြန္ထားတယ္” ဟု ကရင္ျပည္နယ္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးေစာျမင့္ဦးက ေျပာသည္။ 
ကရင္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၆ ခုတြင္ ၿပီးခဲ့ေသာ၂၀၁၈ ခုႏွစ္၊ ဇြန္လဒုတိယပတ္တြင္ စတင္ရြာသြန္းေသာ မုတ္သုန္မိုးႀကီးမႈေၾကာင့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လအထိ ၂ ေက်ာ္အၾကာ ေရႀကီးေရလႊမ္းခဲ့ေၾကာင္း သိရသည္။
“ မိုးရြာတာမ်ားေနရင္ သံလြင္ျမစ္ေရတက္တာနဲ႔ ေဒါနေတာင္ေရဆင္းတာနဲ႔ဆုံရင္ေတာ့ ေရႀကီး ေရလႊမ္းတာကေတာ့ ျဖစ္ေနၾကပါပဲ။ ဒါေပမဲ့ ခါတိုင္းေရႀကီးတာ ၾကံဳေနၾကေက်းရြာေတြ၊ ရပ္ကြက္ေတြ အေနနဲ႔ကေတာ့ ေရစီးေရလာ ေကာင္းေအာင္ လုပ္ထားသင့္တယ္။ ၿမိဳ႕တြင္းဆိုလည္း မိုးေရ၊ ေျမာင္းေရထြက္ဖို႕ ေရေျမာင္းႀကီးေတြမွာ အမိႈက္မပစ္ၾကဖို႔လုပ္ထားသင့္တယ္။ ဒီလိုမွ မလုပ္ထားရင္ ရပ္ကြက္ေတြကေတာ့ ေရျမဳပ္ခံရဦးမွာပဲ” ဟု ကရင္ျပည္နယ္အတြင္းေနထိုင္သူတစ္ဦးျဖစ္သည့္ ဦးျမင့္ေရႊက ေျပာသည္။
ယခု ၂၀၁၉ ခုႏွစ္မိုးရာသီတြင္ ေရႀကီးေရလႊမ္းမႈမ်ားေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ား မျဖစ္ေပၚေစရန္ ကရင္ျပည္နယ္ အစိုးရမွ ဌာနဆိုင္ရာတာဝန္မ်ားအလိုက္ ႀကိဳတင္ကာကြယ္ေရးအစီအမံမ်ား ျပင္ဆင္ေနေၾကာင္း သိရသည္။

- ေစာေဘာသိုလ္(အကုန္သိသတင္းဌာန)

Unicode version

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့် တာတမံများကြံ့ခိုင်ရေးအတွက် အစောင့်ထားရှိစောင့်ကြည့်ရန် စိုက်/မွေး/ ဆယ်မြောင်းဝန်ကြီး ပြော 

ကရင်ပြည်နယ်တွင် မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုနှင့် တာတမံများ ကြံခိုင်မှုကို အစောင့်ချထားရှိ စောင့်ကြည့်ရန် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက ပြောသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၏ ပြည်နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။ 
“သက်ဆိုင်ရာဌာနအလိုက် ရေကြီးရေလျှံမှု ရှိ/မရှိ အမြဲစစ်ဆေး၍ အချိန်နှင့်တစ်ပြေးညီ တင်ပြရန်၊ ရေဘုတ်ဆည်သည် စိုးရိမ်စရာမရှိသေးသော်လည်း တာတမံ ကြံ့ခိုင်မှုစောင့်ကြည့်နိုင်ရန်အတွက် အစောင့်ထားရှိရန်၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူလယ်သမားများအတွက် မိုးလေဝသသတင်း ထုတ်ပြန်ကြေငြာမှုများ အချိန်နှင့်တစ်ပြေးညီ နှိုးဆော်ပေးရန်၊ ပိုးမွှား/ရောဂါ ကျရောက်မှုအားလက်ဦးမှုရယူ၍ ကုသခြင်းထက် ကြိုတင်ကာကွယ်မှုများအား နည်းပညာပေး ကွင်းဆင်းဆောင်ရွက်ကြဖို့ ကျွန်တော့် ဝန်ကြီးဌာနအောက်က တာဝန်ရှိသူတွေကို အစည်းအဝေးမှာ လမ်းညွန်ထားတယ်” ဟု ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက ပြောသည်။ 
ကရင်ပြည်နယ်ရှိ မြို့နယ် ၆ ခုတွင် ပြီးခဲ့သော၂၀၁၈ ခုနှစ်၊ ဇွန်လဒုတိယပတ်တွင် စတင်ရွာသွန်းသော မုတ်သုန်မိုးကြီးမှုကြောင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လအထိ ၂ ကျော်အကြာ ရေကြီးရေလွှမ်းခဲ့ကြောင်း သိရသည်။
“ မိုးရွာတာများနေရင် သံလွင်မြစ်ရေတက်တာနဲ့ ဒေါနတောင်ရေဆင်းတာနဲ့ဆုံရင်တော့ ရေကြီး ရေလွှမ်းတာကတော့ ဖြစ်နေကြပါပဲ။ ဒါပေမဲ့ ခါတိုင်းရေကြီးတာ ကြုံနေကြကျေးရွာတွေ၊ ရပ်ကွက်တွေ အနေနဲ့ကတော့ ရေစီးရေလာ ကောင်းအောင် လုပ်ထားသင့်တယ်။ မြို့တွင်းဆိုလည်း မိုးရေ၊ မြောင်းရေထွက်ဖို့ ရေမြောင်းကြီးတွေမှာ အမှိုက်မပစ်ကြဖို့လုပ်ထားသင့်တယ်။ ဒီလိုမှ မလုပ်ထားရင် ရပ်ကွက်တွေကတော့ ရေမြုပ်ခံရဦးမှာပဲ” ဟု ကရင်ပြည်နယ်အတွင်းနေထိုင်သူတစ်ဦးဖြစ်သည့် ဦးမြင့်ရွှေက ပြောသည်။
ယခု ၂၀၁၉ ခုနှစ်မိုးရာသီတွင် ရေကြီးရေလွှမ်းမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ကရင်ပြည်နယ် အစိုးရမှ ဌာနဆိုင်ရာတာဝန်များအလိုက် ကြိုတင်ကာကွယ်ရေးအစီအမံများ ပြင်ဆင်နေကြောင်း သိရသည်။

- စောဘောသိုလ်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။