Skip to main content
hgwgww
Ads Block




oh0





Unicode Version

“ကျွန်တော်လည်း ဘုရားကျွန်ကဆင်းသက်လာတာပဲ” ဟု သူရဦးအောင်ကိုပြော

ဘုရားကျွန်မှာ ဂုဏ်မငယ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

ရန်ကုန်မြို့ရှိရွှေတိဂုံဘုရားပေါ်တွင် ဇူလိုင် ၇ ရက်ကကျင်းပသော ထီးတော်ရင်ငွေ့ခိုလှုံပွဲအခမ်းအနားတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

“ ဘုရားကျွန်ရွာဆိုတာ ကျွန်တော်တို့ဟိုတုန်းကပြောကြတာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီဒေသသား၊ ကျောက်ပန်တောင်းသားဖြစ်နေတယ်။ ကျွန်တော်လည်းဘုရားကျွန်ကဆင်းသက်လာတာပဲ။ ကျွန်တကာ့ ကျွန်ထဲမှာ ဘုရားကျွန်ကအပြင်းပြဆုံးပါ။ လူအချင်းချင်းကျွန်မဟုတ်ပါဘူး။ ကျွန်တော်တို့က ဂုဏ်မငယ်ပါဘူး’’ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

သရုပ်ဆောင်နေတိုးပါဝင်သော ပုဂံဒေသဇာတ်ကားရုပ်ရှင်ရိုက်ကူးရာတွင် ဘုရားကျွန်ဟူသောအသုံးအနှုန်း သုံးနှုန်းခဲ့သည့်အပေါ် အဆိုပါဒေသရှိ ဒေသခံများမှ ကန့်ကွက်မှုများရှိခဲ့သည်။

ပုဂံဒေသတွင် ဘုရားပေါင်း ၃၈၂၁ ဆူရှိပြီး ဘုရားပွဲတော်ကျင်းပခြင်း၊ ဂေါပကခန့်ခြင်းပြုလုပ်သည့် ဘုရားပေါင်းမှာ အဆူ ၁၀၀ ခန့်သာရှိကြောင်းသိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။