Skip to main content
bbwer
Ads Block

ျပည္သူမ်ားအားက်န္းမာေရးေစာင့္ေရွာက္ရာတြင္ ေဆးပညာက်င့္၀တ္၊ လူမႈက်င့္၀တ္မ်ား အထူးအေလးထားၾကရန္ ေဒါက္တာျမင့္ေထြး ေျပာ

ပုဂၢလိကက်န္းမာေရးက႑အေနျဖင့္ ျပည္သူမ်ားအားက်န္းမာေရးေစာင့္ေရွာက္ရာ၌ ေဆးပညာက်င့္၀တ္မ်ား၊ လူမႈက်င့္၀တ္မ်ား အထူးအေလးထားေဆာင္ရြက္ၾကရန္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြးက ေျပာသည္။

ရန္ကုန္ၿမိဳ႕ရွိ ဂရင္းဟံသာေဆးရုံတြင္ ဇူလုိင္ ၇ ရက္ကက်င္းပသည့္ ေဆးရုံဖြင့္ပြဲအခမ္းအနားတြင္ ယခုကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

vfwqegf

“ ႏိုင္ငံ၏ က်န္းမာေရးက႑ႀကီးတစ္ခုလုံးပိုမိုတိုးတက္ဖြြံ႕ၿဖိဳးေရးအတြက္ အစိုးရက႑သာမက ပုဂၢလိက က်န္းမာေရးက႑ပါ တစ္စထက္တစ္စပိုမိုတိုးတက္ဖြံ႕ၿဖိဳးရန္လိုအပ္ပါေၾကာင္း၊ ပုဂၢလိကက်န္းမာေရးက႑မွ ျပည္သူမ်ားအားက်န္းမာေရးေစာင့္ေရွာက္မႈေပးအပ္ရာတြင္ အရည္အေသြးျပည့္မီေရး၊ ေဘးကင္းစိတ္ခ်ႏိုင္ေရး၊ စည္းမ်ဥ္းစည္းကမ္းမ်ား၊ ေဆးပညာက်င့္ဝတ္မ်ား၊ လူမႈက်င့္ဝတ္မ်ား၊ စီးပြားေရးဆိုင္ရာ က်င့္ဝတ္မ်ားႏွင့္ ညီညြတ္ေရးတို႔ကိုအထူးအေလးထားေဆာင္ရြက္ၾကရမည္ျဖစ္ပါေၾကာင္း” ဟု က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြးက ေျပာသည္။

ထို႔အျပင္ ဝန္ႀကီးဌာနရွိပုဂၢလိကက်န္းမာေရးဌာနခြဲအေနျဖင့္လည္း ပုဂၢလိကက်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ လုပ္ငန္းေဆာင္ရြက္နိုင္ေရးအတြက္ ပုဂၢလိကက်န္းမာေရး ဥပေဒႏွင့္အညီ ႀကီးၾကပ္ပံ့ပိုးေဆာင္ရြက္ေပးေနေၾကာင္းလည္း ၄င္းက ဆက္ေျပာသည္။

ျမန္မာႏုိင္ငံတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလအထိစာရင္းမ်ားအရ ပုဂၢလိကေဆးရုံ ၂၃၉ ရုံ၊  အထူးကုေဆးခန္း ၇၂၀၊  အေထြေထြေရာဂါကုေဆးခန္း ၅၄၆၂ ခုရွိေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

ပြည်သူများအားကျန်းမာရေးစောင့်ရှောက်ရာတွင် ဆေးပညာကျင့်ဝတ်၊ လူမှုကျင့်ဝတ်များ အထူးအလေးထားကြရန် ဒေါက်တာမြင့်ထွေး ပြော

ပုဂ္ဂလိကကျန်းမာရေးကဏ္ဍအနေဖြင့် ပြည်သူများအားကျန်းမာရေးစောင့်ရှောက်ရာ၌ ဆေးပညာကျင့်ဝတ်များ၊ လူမှုကျင့်ဝတ်များ အထူးအလေးထားဆောင်ရွက်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။

ရန်ကုန်မြို့ရှိ ဂရင်းဟံသာဆေးရုံတွင် ဇူလိုင် ၇ ရက်ကကျင်းပသည့် ဆေးရုံဖွင့်ပွဲအခမ်းအနားတွင် ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

“ နိုင်ငံ၏ ကျန်းမာရေးကဏ္ဍကြီးတစ်ခုလုံးပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် အစိုးရကဏ္ဍသာမက ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍပါ တစ်စထက်တစ်စပိုမိုတိုးတက်ဖွံ့ဖြိုးရန်လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမှ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရာတွင် အရည်အသွေးပြည့်မီရေး၊ ဘေးကင်းစိတ်ချနိုင်ရေး၊ စည်းမျဉ်းစည်းကမ်းများ၊ ဆေးပညာကျင့်ဝတ်များ၊ လူမှုကျင့်ဝတ်များ၊ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များနှင့် ညီညွတ်ရေးတို့ကိုအထူးအလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။

ထို့အပြင် ဝန်ကြီးဌာနရှိပုဂ္ဂလိကကျန်းမာရေးဌာနခွဲအနေဖြင့်လည်း ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကကျန်းမာရေး ဥပဒေနှင့်အညီ ကြီးကြပ်ပံ့ပိုးဆောင်ရွက်ပေးနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိစာရင်းများအရ ပုဂ္ဂလိကဆေးရုံ ၂၃၉ ရုံ၊  အထူးကုဆေးခန်း ၇၂၀၊  အထွေထွေရောဂါကုဆေးခန်း ၅၄၆၂ ခုရှိကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။