Skip to main content
sgw
Ads Block

ျပည္တြင္းစစ္မရွိေသာရန္ကုန္ၿမိဳ႕၌ ေျမာင္းပိတ္ ၊ မီးမမွန္ ၊ ကားမ်ားၾကပ္ေနဟု ဦးကုိကုိႀကီး ေျပာ

ရန္ကုန္ၿမိဳ႕တြင္ ျပည္တြင္းစစ္မရွိေသာ္္လည္း ေျမာင္းပိတ္ ၊ မီးမမွန္ ၊ ကားမ်ားၾကပ္ေနေၾကာင္း ျပည္သူ႔ပါတီဥကၠ႒ ဦးကုိကုိႀကီးကေျပာသည္။

ရန္ကုန္ၿမိဳ႕၊ သာေကတၿမိဳ႕နယ္တြင္ ဇူလုိင္လ ၇ ရက္ကက်င္းပေသာ ျပည္သူ႔ပါတီရုံးခန္းဖြင့္ပြဲတြင္ ယခုကဲ့သို႔ေျပာျခင္း ျဖစ္သည္။

njheeh

“ အဲဒီေတာ့ ကြ်န္ေတာ္တုိ႔ဟာ ျပည္တြင္းစစ္ကလြတ္လပ္ေရးၿပီးေပါက္ဖြားလာတာဆုိေတာ့ ဟုတ္သလုိလုိခ်ည္း ျဖစ္ေနတယ္။ ကြ်န္ေတာ္တုိ႔ ကုိယ္တုိင္ကေဖာက္ထြက္စဥ္းစားဖုိ႔လုိေနတယ္။ အဲဒီေတာ့ ကုိယ္ပုိင္ သုံးသပ္ခ်က္ေတြ ၊ စဥ္းစားခ်က္ေတြရွိဖုိ႔လုိၿပီ။ ျပည္တြင္းစစ္ျဖစ္တဲ့ဧရိယာဟာတစ္ႏုိင္ငံလုံးရဲ႕ ၃၀ ရာခုိင္နႈန္း ဧရိယာေတာင္မရွိဘူး။က်န္တဲ့ေနရာဘာလုိ႔မတုိးတက္သလဲ။ အမ်ိဳးမ်ိဳးစဥ္းစားၾကည့္စမ္း။ရန္ကုန္မွာ ျပည္တြင္းစစ္မရွိဘူး။ ေျမာင္းေတြပိတ္ေနတုန္း၊ ယေန႔အထိကားေတြၾကပ္ေနတုန္း၊ ယေန႔အထိမီးမမွန္တုန္း။ ဒါျပည္တြင္းစစ္ေၾကာင့္၊ မႏၱေလးမတုိးတက္ဘူး။ ျပည္တြင္းစစ္ေၾကာင့္။ ေမာ္လၿမဳိင္မတုိးတက္ဘူး ျပည္တြင္းစစ္ေၾကာင့္။ ဟုတ္သလား’’ဟု ဦးကုိကုိႀကီးက ေျပာသည္။

ရန္ကုန္ၿမိဳ႕သည္ ေရႀကီးေရလွ်ံသည့္အေျခအေနမွ လြတ္ေျမာက္လာၿပီဟု ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႕မွ ၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာထားသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္မွ လူကူးခုံးေက်ာ္တံတားမ်ားတည္ေဆာက္ေနၿပီး အမႈိက္မ်ားကုိ စနစ္တက်စြန္႔ပစ္ရန္ လႈံ ႔ေဆာ္ေနသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

ပြည်တွင်းစစ်မရှိသောရန်ကုန်မြို့၌ မြောင်းပိတ် ၊ မီးမမှန် ၊ ကားများကြပ်နေဟု ဦးကိုကိုကြီး ပြော

ရန်ကုန်မြို့တွင် ပြည်တွင်းစစ်မရှိသော်လည်း မြောင်းပိတ် ၊ မီးမမှန် ၊ ကားများကြပ်နေကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကပြောသည်။

ရန်ကုန်မြို့၊ သာကေတမြို့နယ်တွင် ဇူလိုင်လ ၇ ရက်ကကျင်းပသော ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲတွင် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။

“ အဲဒီတော့ ကျွန်တော်တို့ဟာ ပြည်တွင်းစစ်ကလွတ်လပ်ရေးပြီးပေါက်ဖွားလာတာဆိုတော့ ဟုတ်သလိုလိုချည်း ဖြစ်နေတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကဖောက်ထွက်စဉ်းစားဖို့လိုနေတယ်။ အဲဒီတော့ ကိုယ်ပိုင် သုံးသပ်ချက်တွေ ၊ စဉ်းစားချက်တွေရှိဖို့လိုပြီ။ ပြည်တွင်းစစ်ဖြစ်တဲ့ဧရိယာဟာတစ်နိုင်ငံလုံးရဲ့ ၃၀ ရာခိုင်နှုန်း ဧရိယာတောင်မရှိဘူး။ကျန်တဲ့နေရာဘာလို့မတိုးတက်သလဲ။ အမျိုးမျိုးစဉ်းစားကြည့်စမ်း။ရန်ကုန်မှာ ပြည်တွင်းစစ်မရှိဘူး။ မြောင်းတွေပိတ်နေတုန်း၊ ယနေ့အထိကားတွေကြပ်နေတုန်း၊ ယနေ့အထိမီးမမှန်တုန်း။ ဒါပြည်တွင်းစစ်ကြောင့်၊ မန္တလေးမတိုးတက်ဘူး။ ပြည်တွင်းစစ်ကြောင့်။ မော်လမြိုင်မတိုးတက်ဘူး ပြည်တွင်းစစ်ကြောင့်။ ဟုတ်သလား’’ဟု ဦးကိုကိုကြီးက ပြောသည်။

ရန်ကုန်မြို့သည် ရေကြီးရေလျှံသည့်အခြေအနေမှ လွတ်မြောက်လာပြီဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောထားသည်။

လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်မှ လူကူးခုံးကျော်တံတားများတည်ဆောက်နေပြီး အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လှုံ့ဆော်နေသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။