Skip to main content
bww
Ads Block

ႏုိင္ငံေရးတြင္ အေျပာႏွင့္အလုပ္ညီရန္ သူရဦးေရႊမန္းေျပာ

ႏုိင္ငံေရးတြင္အေျပာႏွင့္အလုပ္ညီရန္ ျပည္ေထာင္စုေကာင္းေဆာင္ပါတီေခါင္းေဆာင္ သူရဦးေရႊမန္းက ေျပာလုိက္သည္။

တုိက္ႀကီးၿမိဳ႕နယ္၊ ေရႊဂ်ိဳးျဖဴခန္းမတြင္ ဇူလုိင္ ၇ ရက္ကက်င္းပေသာ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ ပါတီ၀င္မ်ားနွင့္ေတြ႔ဆုံပြဲတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။

hwryw3

“ ႏိုင္ငံ၏ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ တရားဥပေဒစိုးမိုးေရး၊ ၿငိမ္းခ်မ္းေရး၊ ႏိုင္ငံတကာဆက္ဆံေရးစသည့္ အေျခအေနအရပ္ရပ္ကိုလက္ရိွအေျခအေနထက္ ပိုမိုတိုးတက္ေကာင္းမြန္ေစလိုသည့္ စိတ္ေစတနာ 
ရိွျပီး ႏိုင္ငံကိုခ်စ္ျမတ္ႏိုးၾကသူမ်ားအေနျဖင့္ေဘးမွေဝဖန္သုံးသပ္ေနရံုမ်ွျဖင့္မရဘဲ ကိုယ္တိုင္ပါဝင္ လုပ္ကိုင္ၾကမွသာ ျပည္ေထာင္စုေကာင္းက်ိဳးကိုထိေရာက္ေအာင္ျမင္စြာ ေဆာင္ရြက္ႏိုင္မည္ျဖစ္ပါေၾကာင္း၊ ယခုအေျခအေနမ်ိဳးတြင္မွ ပူးေပါင္းပါဝင္ ေဆာင္ရြက္ျခင္းမျပဳၾကလ်ွင္ ျပည္သူမ်ား၏ အေျခအေနႏွင့္ ႏိုင္ငံ၏အေနအထားမည္သို႔ ရိွမည္ကိုမွန္းဆၾကည့္ႏိုင္ပါေၾကာင္း၊အေျပာႏွင့္အလုပ္ ညီညြတ္ရန္လိုပါေၾကာင္း’’ ဟု သူရဦးေရႊမန္းက ေျပာသည္။

ghw

ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီသည္ ဖက္ဒရယ္ျပည္ေထာင္စုေပၚေပါက္ေရးကုိဦးတည္ေၾကာင္း၊ ေစ်းကြက္စီးပြားေရးစနစ္ပီျပင္စြာထြက္ေပၚလာေရး၊ တုိင္းရင္းသားမ်ားအခြင့္အေရးကုိပုိမုိဂရုစုိက္မည္ဟု ပါတီေခါင္းေဆာင္သူရဦးေရႊမန္းက ဆုိထားသည္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီသည္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ထံမွ ပါတီတည္ေထာင္ခြင့္ရရွိခဲ့ျခင္းျဖစ္သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

နိုင်ငံရေးတွင် အပြောနှင့်အလုပ်ညီရန် သူရဦးရွှေမန်းပြော

နိုင်ငံရေးတွင်အပြောနှင့်အလုပ်ညီရန် ပြည်ထောင်စုကောင်းဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောလိုက်သည်။

တိုက်ကြီးမြို့နယ်၊ ရွှေဂျိုးဖြူခန်းမတွင် ဇူလိုင် ၇ ရက်ကကျင်းပသော ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီဝင်များနှင့်တွေ့ဆုံပွဲတွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

“ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတကာဆက်ဆံရေးစသည့် အခြေအနေအရပ်ရပ်ကိုလက်ရှိအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်စေလိုသည့် စိတ်စေတနာ 
ရှိပြီး နိုင်ငံကိုချစ်မြတ်နိုးကြသူများအနေဖြင့်ဘေးမှဝေဖန်သုံးသပ်နေရုံမျှဖြင့်မရဘဲ ကိုယ်တိုင်ပါဝင် လုပ်ကိုင်ကြမှသာ ပြည်ထောင်စုကောင်းကျိုးကိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခြေအနေမျိုးတွင်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းမပြုကြလျှင် ပြည်သူများ၏ အခြေအနေနှင့် နိုင်ငံ၏အနေအထားမည်သို့ ရှိမည်ကိုမှန်းဆကြည့်နိုင်ပါကြောင်း၊အပြောနှင့်အလုပ် ညီညွတ်ရန်လိုပါကြောင်း’’ ဟု သူရဦးရွှေမန်းက ပြောသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကိုဦးတည်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာထွက်ပေါ်လာရေး၊ တိုင်းရင်းသားများအခွင့်အရေးကိုပိုမိုဂရုစိုက်မည်ဟု ပါတီခေါင်းဆောင်သူရဦးရွှေမန်းက ဆိုထားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ ပါတီတည်ထောင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။