Skip to main content
beherw
Ads Block

ေအာင္ဆန္းအားကစားကြင္းျပဳျပင္ေရး ၂ ႏွစ္ေက်ာ္ၾကာသည္အထိ ေဆြးေႏြးေနဆဲ

ေအာင္ဆန္းအားကစားကြင္း ျပန္လည္ျပဳျပင္ေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ဦးေဆာင္သြားမည္ျဖစ္ေၾကာင္း မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္ တ္ိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ဇူလိုင္လ (၈)ရက္တြင္ အကုန္သိသတင္းဌာနမွဆက္သြယ္ေမးျမန္းရာ၌ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

fqwet

“ အခုျပင္ဆင္မႈေတြေတာ့မစေသးပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္က က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနကို ျပန္ၿပီးအပ္ထားတာပါ။ ၀န္ႀကီးဌာနနဲ႔ ရန္ကုန္တိုင္းအစိုးရက အခုျပင္မယ့္ အစီအစဥ္ေတြကို ေဆြးေႏြးေနဆဲပါ။ တကယ္တမ္းဦးေဆာင္ျပဳျပင္မွာက ရန္ကုန္တိုင္းအစိုးရကဦးေဆာင္ၿပီး ျပဳျပင္မွာပါ” ဟု မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္မွ တ္ိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက ေျပာသည္။

လက္ရွိတြင္ ေအာင္ဆန္းအားကစားကြင္း၌ ၿပိဳင္ပြဲမ်ားက်င္းပမႈကိုရပ္နားထားၿပီး ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္မွ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္၊ ႏွစ္ကုန္ပိုင္းတြင္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနသို႔ျပန္လည္အပ္ႏွံထားျခင္း ျဖစ္သည္။

လြန္ခဲ့ေသာ ၁၉၁၀ ျပည့္ႏွစ္မွစတင္ကာျမင္းၿပိဳင္ကြင္းမွ BAA အားကစားကြင္းဟု စတင္ေျပာင္းလဲခဲ့ကာ ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီးေနာက္ ၁၉၅၃ ခုႏွစ္၌ ႏိုင္ငံေတာ္သမၼတေဒါက္တာဘဦးမွ BAA အားကစားကြင္း အမည္ကိုပယ္ဖ်က္ၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းအားကစားကြင္းဟု အမည္ေျပာင္းလဲဂုဏ္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေအာင္ဆန္းအားကစားကြင္း၏ သက္တမ္းမွာ ႏွစ္ေပါင္း (၁၀၀)နီးပါး ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

အောင်ဆန်းအားကစားကွင်းပြုပြင်ရေး ၂ နှစ်ကျော်ကြာသည်အထိ ဆွေးနွေးနေဆဲ

အောင်ဆန်းအားကစားကွင်း ပြန်လည်ပြုပြင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်သွားမည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက အကုန်သိသတင်းဌာနသို့ ပြောသည်။

ဇူလိုင်လ (၈)ရက်တွင် အကုန်သိသတင်းဌာနမှဆက်သွယ်မေးမြန်းရာ၌ ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ အခုပြင်ဆင်မှုတွေတော့မစသေးပါဘူး။ ပြီးခဲ့တဲ့နှစ်ကတည်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ပြန်ပြီးအပ်ထားတာပါ။ ဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရက အခုပြင်မယ့် အစီအစဉ်တွေကို ဆွေးနွေးနေဆဲပါ။ တကယ်တမ်းဦးဆောင်ပြုပြင်မှာက ရန်ကုန်တိုင်းအစိုးရကဦးဆောင်ပြီး ပြုပြင်မှာပါ” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

လက်ရှိတွင် အောင်ဆန်းအားကစားကွင်း၌ ပြိုင်ပွဲများကျင်းပမှုကိုရပ်နားထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ပြန်လည်အပ်နှံထားခြင်း ဖြစ်သည်။

လွန်ခဲ့သော ၁၉၁၀ ပြည့်နှစ်မှစတင်ကာမြင်းပြိုင်ကွင်းမှ BAA အားကစားကွင်းဟု စတင်ပြောင်းလဲခဲ့ကာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၅၃ ခုနှစ်၌ နိုင်ငံတော်သမ္မတဒေါက်တာဘဦးမှ BAA အားကစားကွင်း အမည်ကိုပယ်ဖျက်ပြီး ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်းဟု အမည်ပြောင်းလဲဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအောင်ဆန်းအားကစားကွင်း၏ သက်တမ်းမှာ နှစ်ပေါင်း (၁၀၀)နီးပါး ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။