Skip to main content
bbwer
Ads Block

KTV ဆိုင္ စပ္တူရွယ္ယာရွင္ ၂ ဦးရန္ျဖစ္ရာမွ ဆိုင္ကိုဓာတ္ဆီေလာင္းမီးရိႈ႕မႈျဖစ္ပြား

ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕၌  KTV ဆိုင္ကိုစပ္တူရွယ္ယာဖြင့္လွစ္ထားသူဆိုင္ပိုင္ရွင္ ၂ ဦးရန္ျဖစ္ၾကရာမွ ဆိုင္ကိုဓာတ္ဆီေလာင္းမီးရိႈ႕မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

wgwg

ျဖစ္စဥ္မွာ ေက်ာက္မဲၿမိဳ႕၊ ပန္ေပါင္းေက်း႐ြာအုပ္စု၊ ပန္ေပါင္းေက်း႐ြာ၌ယေန႔ ဇူလိုင္ ၈ ရက္၊ နံနက္ ၅ နာရီ ၄၅ မိနစ္ခန္႔က မီးေလာင္မႈျဖစ္ပြားေၾကာင္းသတင္းရရွိသျဖင့္ မီးသတ္တပ္ဖြဲ႔၀င္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔မ်ားက သြားေရာက္ၿငိွမ္းသတ္ခဲ့ၾကသည္။

အခင္းျဖစ္ေနရာမွာ ပန္ေပါင္းေက်း႐ြာ ၊ မႏၲေလး-လားရွိုးသြား၊ ျပည္ေထာင္စုကားလမ္းမႀကီးေဘးရွိ ဦးေက်ာ္စြာႏွင့္ ဦးသန႔္ဇင္တို႔ ရွယ္ယာလုပ္ကိုင္ေသာ (၅၀x၃၀x၂၀)ေပသြပ္မိုး၊ အုတ္ကာ(၂ထပ္) “ဝမ္းဝမ္း" KTV ဆိုင္ျဖစ္ၿပီး မီးသတ္ယာဥ္ ၄ စီးျဖင့္ ၄၅ မိနစ္ၾကာၿငိွမ္းသတ္ခဲ့ရေၾကာင္းသိရသည္။

ww2

“မီးေလာင္ရတဲ့အေၾကာင္းရင္းကေတာ့ ရွယ္ယာစပ္တူဖြင့္လွစ္ထားတဲ့ဆိုင္ရွင္ ဦးေက်ာ္စြာနဲ႔ ဦးသန္႔ဇင္တို႔ ႏွစ္ေယာက္ ညတုန္းကရန္ျဖစ္ၾကတယ္။ အဲဒီလိုရန္ျဖစ္ၾကၿပီးတဲ့အခါမွာဦးသန္႔ဇင္က အိပ္ယာ၀င္တဲ့အခ်ိန္မွာ ဦးေက်ာ္စြာက ဆိုင္အတြင္းကဆိုဖာေတြကိုဓာတ္ဆီနဲ႔ေလာင္းၿပီး မီးရိႈ႕လိုက္တာကေန ဆုိင္မီးေလာင္သြားရတာပါ။ ထိခိုက္ေသဆံုးသူမရွိပါဘူး။ တန္ဖိုးကေတာ့ ၈၇ သိန္းေက်ာ္လို႔ အၾကမ္းမ်ဥ္း တြက္ခ်က္ထားပါတယ္” ဟု ေက်ာက္မဲၿမိဳ႕မီးသတ္တပ္ဖြဲ႔၀င္တစ္ဦးက ေျပာသည္။

အမႈႏွင့္ပတ္သက္၍ ဦးေက်ာ္စြာမွာထြက္ေျပးတိမ္းေရွာင္ေနသျဖင့္ ေက်ာက္မဲၿမိဳ႕မရဲစခန္း၌ (ပ) ၁၁၇/၂၀၁၉၊ ရာဇာသတ္ႀကီးပုဒ္မ - ၄၃၆ ျဖင့္ အမႈဖြင့္ကာဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဓာတ္ပံု - ေက်ာ္ေက်ာ္ဦး

 

ဒါးဇ(အကုန္သိသတင္းဌာန)

 

 

Unicode Version

 

 

KTV ဆိုင် စပ်တူရှယ်ယာရှင် ၂ ဦးရန်ဖြစ်ရာမှ ဆိုင်ကိုဓာတ်ဆီလောင်းမီးရှို့မှုဖြစ်ပွား

 

 

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌  KTV ဆိုင်ကိုစပ်တူရှယ်ယာဖွင့်လှစ်ထားသူဆိုင်ပိုင်ရှင် ၂ ဦးရန်ဖြစ်ကြရာမှ ဆိုင်ကိုဓာတ်ဆီလောင်းမီးရှို့မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကျောက်မဲမြို့၊ ပန်ပေါင်းကျေးရွာအုပ်စု၊ ပန်ပေါင်းကျေးရွာ၌ယနေ့ ဇူလိုင် ၈ ရက်၊ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။

wghw

အခင်းဖြစ်နေရာမှာ ပန်ပေါင်းကျေးရွာ ၊ မန္တလေး-လားရှိုးသွား၊ ပြည်ထောင်စုကားလမ်းမကြီးဘေးရှိ ဦးကျော်စွာနှင့် ဦးသန့်ဇင်တို့ ရှယ်ယာလုပ်ကိုင်သော (၅၀x၃၀x၂၀)ပေသွပ်မိုး၊ အုတ်ကာ(၂ထပ်) “ဝမ်းဝမ်း" KTV ဆိုင်ဖြစ်ပြီး မီးသတ်ယာဉ် ၄ စီးဖြင့် ၄၅ မိနစ်ကြာငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။

“မီးလောင်ရတဲ့အကြောင်းရင်းကတော့ ရှယ်ယာစပ်တူဖွင့်လှစ်ထားတဲ့ဆိုင်ရှင် ဦးကျော်စွာနဲ့ ဦးသန့်ဇင်တို့ နှစ်ယောက် ညတုန်းကရန်ဖြစ်ကြတယ်။ အဲဒီလိုရန်ဖြစ်ကြပြီးတဲ့အခါမှာဦးသန့်ဇင်က အိပ်ယာဝင်တဲ့အချိန်မှာ ဦးကျော်စွာက ဆိုင်အတွင်းကဆိုဖာတွေကိုဓာတ်ဆီနဲ့လောင်းပြီး မီးရှို့လိုက်တာကနေ ဆိုင်မီးလောင်သွားရတာပါ။ ထိခိုက်သေဆုံးသူမရှိပါဘူး။ တန်ဖိုးကတော့ ၈၇ သိန်းကျော်လို့ အကြမ်းမျဉ်း တွက်ချက်ထားပါတယ်” ဟု ကျောက်မဲမြို့မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အမှုနှင့်ပတ်သက်၍ ဦးကျော်စွာမှာထွက်ပြေးတိမ်းရှောင်နေသဖြင့် ကျောက်မဲမြို့မရဲစခန်း၌ (ပ) ၁၁၇/၂၀၁၉၊ ရာဇာသတ်ကြီးပုဒ်မ - ၄၃၆ ဖြင့် အမှုဖွင့်ကာဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ - ကျော်ကျော်ဦး

- ဒါးဇ(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။