Skip to main content
hey3y
Ads Block

အလွဆင္ထားေသာ ေမာ္ေတာ္ယာဥ္နံပါတ္ျပားမ်ားတရားမဝင္ဟု ဆို

အလွတပ္ဆင္ထားသည့္ ေမာ္ေတာ္ယာဥ္နံပါတ္ျပားမ်ားမွာ တရားမဝင္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔၊ လွ်ပ္စစ္စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာသည္။

ဇူလိုင္လ ၈ ရက္ကက်င္းပသည့္ ရန္ကုန္တိုင္းလႊတ္ေတာ္တြင္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

r4e

“ ကုန္းလမ္းပို႔ေဆာင္မႈညႊန္ၾကားမႈဦးစီးဌာနမွတရားဝင္ထုတ္ေပးထားတဲ့ ေဖာင္းၾကြနံပါတ္ျပားမ်ားကို သံုးစြဲျခင္းမျပဳဘဲ စာလံုးပံုစံအမ်ိဳးမ်ိဳးကို ပလတ္စတစ္နဲ႔အျခားအမ်ိဳးအစားအျပားမ်ားေပၚမွာ တပ္ဆင္ထားျခင္းမွာ တရားမဝင္ပါဘူး”ဟု ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔၊ လွ်ပ္စစ္စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာသည္။

မရမ္းကုန္းၿမိဳ႕နယ္ အမွတ္- ၁တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ရွင္း၏ ရန္ကုန္တိုင္း ေဒသႀကီးအတြင္း အခ်ိဳ႕ေမာ္ေတာ္ယာဥ္မ်ားတြင္ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ တရားဝင္ ထုတ္ေပးထားသည့္ ေဖာင္းၾကြ နံပါတ္ျပားမ်ား သံုးစြဲျခင္းမျပဳဘဲ စာလံုးအမ်ိဳးမ်ိဳးကို ပလတ္စတစ္ႏွင့္ အျခားအမ်ိဳးအစားအျပားမ်ားေပၚတြင္ တပ္ဆင္အသံုးျပဳထားျခင္းမွာ တရားဝင္ပါသလားဆိုသည့္ေမးခြန္းအေပၚ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ေမာ္ေတာ္ယာဥ္ဥပေဒ ပုဒ္မ- ၅၃ အရ ေမာ္ေတာ္ယာဥ္နံပါတ္ျပားကို မထင္မရွားေအာင္ျပဳလုပ္ျခင္း၊ ေမာ္ေတာ္ယာဥ္နံပါတ္ျပားကို ထင္ေယာင္ထင္မွားျဖစ္ေအာင္ျပဳလုပ္ျခင္း၊ မမွန္မကန္ေသာ နံပါတ္ျပားကို ေမာ္ေတာ္ယာဥ္တြင္တပ္ဆင္အသံုးျပဳျခင္းပါရွိၿပီး ေဖာက္ဖ်က္က်ဴးလြန္ပါက ၃ လထက္မပိုေသာေထာင္ဒဏ္ က်ပ္တစ္သိန္းထက္မပိုေသာေငြဒဏ္အျပင္ ဒဏ္ႏွစ္ရပ္လံုးလည္း ခ်မွတ္ႏိုင္ေၾကာင္း သိရသည္။

အဆိုပါေမာ္ေတာ္ယာဥ္ဥပေဒျဖင့္ ၂၀၁၉ ခုႏွစ္၊ ေမလ ၁၄ ရက္မွ ဇြန္လ ၁၆ ရက္အထိ စုစုေပါင္း ေမာ္ေတာ္ယာဥ္ ၁၂၇ စီးႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ ၁၈ စီးကိုအေရးယူထားေၾကာင္း သိရသည္။

 

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

 

 

Unicode Version

 

 

အလှဆင်ထားသော မော်တော်ယာဉ်နံပါတ်ပြားများတရားမဝင်ဟု ဆို

 

 

အလှတပ်ဆင်ထားသည့် မော်တော်ယာဉ်နံပါတ်ပြားများမှာ တရားမဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ဇူလိုင်လ ၈ ရက်ကကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကုန်းလမ်းပို့ဆောင်မှုညွှန်ကြားမှုဦးစီးဌာနမှတရားဝင်ထုတ်ပေးထားတဲ့ ဖောင်းကြွနံပါတ်ပြားများကို သုံးစွဲခြင်းမပြုဘဲ စာလုံးပုံစံအမျိုးမျိုးကို ပလတ်စတစ်နဲ့အခြားအမျိုးအစားအပြားများပေါ်မှာ တပ်ဆင်ထားခြင်းမှာ တရားမဝင်ပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

မရမ်းကုန်းမြို့နယ် အမှတ်- ၁တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အချို့မော်တော်ယာဉ်များတွင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တရားဝင် ထုတ်ပေးထားသည့် ဖောင်းကြွ နံပါတ်ပြားများ သုံးစွဲခြင်းမပြုဘဲ စာလုံးအမျိုးမျိုးကို ပလတ်စတစ်နှင့် အခြားအမျိုးအစားအပြားများပေါ်တွင် တပ်ဆင်အသုံးပြုထားခြင်းမှာ တရားဝင်ပါသလားဆိုသည့်မေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မော်တော်ယာဉ်ဥပဒေ ပုဒ်မ- ၅၃ အရ မော်တော်ယာဉ်နံပါတ်ပြားကို မထင်မရှားအောင်ပြုလုပ်ခြင်း၊ မော်တော်ယာဉ်နံပါတ်ပြားကို ထင်ယောင်ထင်မှားဖြစ်အောင်ပြုလုပ်ခြင်း၊ မမှန်မကန်သော နံပါတ်ပြားကို မော်တော်ယာဉ်တွင်တပ်ဆင်အသုံးပြုခြင်းပါရှိပြီး ဖောက်ဖျက်ကျူးလွန်ပါက ၃ လထက်မပိုသောထောင်ဒဏ် ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်အပြင် ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်နိုင်ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်ဥပဒေဖြင့် ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်မှ ဇွန်လ ၁၆ ရက်အထိ စုစုပေါင်း မော်တော်ယာဉ် ၁၂၇ စီးနှင့် မော်တော်ဆိုင်ကယ် ၁၈ စီးကိုအရေးယူထားကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။