Skip to main content
မႈခင္း
Ads Block

အမ်ိဳးသားတစ္ဦးက ၄င္း၏ရည္းစားအား တရုတ္ႏုိင္ငံသို႔ေရာင္းစားရန္ ၾကံစည္မႈျဖစ္ပြား

ထိုင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ အလုပ္လုပ္ကိုင္ေနသူ အမ်ိဳးသမီးတစ္ဦးအား တရုတ္ႏုိင္ငံသို႔ ေရာင္းစားရန္ ၾကံစည္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ မိုင္းလားကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္း၌ တရုတ္ႏိုင္ငံသို႔ေရာင္းစားခံရေသာ အမ်ိဳးသမီးတစ္ဦးေရာက္ရွိေနေၾကာင္း သတင္းေပးခ်က္ေၾကာင့္ ရွမ္းျပည္နယ္၊ က်ိဳင္းတံုၿမိဳ႕ရွိတာ၀န္ရွိသူမ်ားက ဇူလုိင္လ(၃)ရက္တြင္ သြားေရာက္ကယ္တင္ေပးခဲ့သည္။

ထို႔ေနာက္စစ္ေမးရာ အဆိုပါအမ်ိဳးသမီးမွာရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕၊ လင္းသာေက်းရြာေန မ------- ၃၄ ႏွစ္ျဖစ္ၿပီး ဘန္ေကာက္ၿမိဳ႕၊ အသားကင္စက္ရံု၌  တရား၀င္ျဖင့္လုပ္ကိုင္ေနသူျဖစ္ကာ Facebook ေပၚတြင္ သိန္းထိုက္ဆိုသူႏွင့္ခ်စ္ႀကိဳက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါသိန္းထုိက္ဆိုကသူက ၎မွာစိုက္ပ်ိဳးေရးၿခံသူေ႒း၏လူယံုျဖစ္ၿပီး လက္ထပ္လိုေၾကာင္းစသျဖင့္ Chat Box ၌ယံုၾကည္ေအာင္ ေျပာဆိုခဲ့သည္ဟုစစ္ေဆးသိရွိရသည္။

ထို႔ေၾကာင့္ ျမန္မာျပည္သို႔ျပန္လာေစလိုေၾကာင္းႏွင့္ ၎ကိုယ္တိုင္ျမ၀တီၿမိဳ႕သို႔လာႀကိဳမည္ဟုေျပာဆိုသျဖင့္ မ--------၃၄ ႏွစ္မွာျပန္လာခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၇ ရက္တြင္ရန္ကုန္ၿမိဳ႕၊ လိႈင္သာယာၿမိဳ႕နယ္ရွိ၊ တည္းခိုခန္း၌ေနထိုင္ၿပီးေနာက္ ရွမ္းျပည္နယ္အတြင္းရွိ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ မိုင္းလားျပည္နယ္သို႔သိန္းထိုက္ကဆက္လက္ေခၚေဆာင္ကာ ၎၏သူေဌးဟုဆိုေသာမမိုးယုထံသို႔ေရာက္ရွိခဲ့ေၾကာင္းရဲမွတ္တမ္းအရ သိရသည္။

စိုက္ပ်ိဳးေရးၿခံမွာေရာင္းခ်လိုက္ၿပီျဖစ္၍ အလုပ္မရွိေတာ့သျဖင့္ မ--------၃၄ ႏွစ္ကိုတရုတ္ျပည္သို႔ သြားေရာက္ကာ အလုပ္ေပးမည္၊ အိမ္ေဖာ္လုပ္လွ်င္ပင္ ၁ လက်ပ္သိန္း ၄၀ ႏွင့္အထက္ရရွိႏုိင္ေၾကာင္း ဆက္လက္ေျပာဆိုၿပီ းေနာက္ဓာတ္ပံုရိုက္ယူကာ သူေဌးမမိုးယု၏ဖခင္ဟုဆိုေသာ ဦးၿဖိဳးဆိုသူက ကားႏွင့္လာေခၚခဲ့ေၾကာင္း မ------- ေျပာျပခ်က္အရသိရသည္။

ထို႔ေၾကာင့္ လာေခၚသူဦးၿဖိဳးကိုစစ္ေမးျမန္းရာ တရုတ္မယားလုပ္ရမည္ကိုသိရွိသြားခဲ့သျဖင့္ ျငင္းဆန္ကာ မိုင္းလားျပည္ထဲတြင္သာဆက္လက္ေနထိုင္ခဲ့ၿပီး ရဲတပ္ဖြဲ႔ႏွင့္ခ်ိတ္ဆက္မိခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိခဲ့ရသည္။

“ကြ်န္ေတာ္တို႔ လူကုန္ကူးတားဆီးကာကြယ္ေရးအဖြဲ႔နဲ႔ေပါင္းတပ္ဖြဲ႔ေတြက သတင္းအရ သြားေရာက္ ကယ္တင္ခဲ့ၿပီးေတာ့ အဓိကတရားခံသိန္းထိုက္ကိုလည္းဖမ္းဆီးႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ မမိုးယုနဲ႔ ဦးၿဖိဳးတို႔ ႏွစ္ဦးကိုေတာ့ မိုင္းလားၿမိဳ႕တာ၀န္ရွိသူေတြနဲ႔ ခ်ိတ္ဆက္ၿပီးစံုစမ္းရွာေဖြေနဆဲပါ” ဟုက်ိဳင္းတံုၿမိဳ႕နယ္၊ လူကုန္ကူးတားဆီးကာကြယ္ေရးအဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးက ဇူလိုင္လ ၈ ရက္တြင္ အကုန္သိသတင္းဌာနသို႔ ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူသိန္းထိုက္(ဖမ္းမိ)ႏွင့္ မမိုးယု -  ဦးၿဖိဳး(ဖမ္းမမိ)တို႔ ၃ ဦးကို က်ဳိင္းတံုၿမ္ိဳ႕မရဲစခန္း၌ (ပ)၇၅၉/၂၀၁၉၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၄/၂၆(က)/၃၂ ျဖင့္ အမႈဖြင့္ထားေၾကာင္း သတင္းရရွိသည္။

 

ဒါးဇ(အကုန္သိသတင္းဌာန)

 

 

Unicode Version

 

 

အမျိုးသားတစ်ဦးက ၎င်း၏ရည်းစားအား တရုတ်နိုင်ငံသို့ရောင်းစားရန် ကြံစည်မှုဖြစ်ပွား

 

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ ရောင်းစားရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ တရုတ်နိုင်ငံသို့ရောင်းစားခံရသော အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းပေးချက်ကြောင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိတာဝန်ရှိသူများက ဇူလိုင်လ(၃)ရက်တွင် သွားရောက်ကယ်တင်ပေးခဲ့သည်။

ထို့နောက်စစ်မေးရာ အဆိုပါအမျိုးသမီးမှာရခိုင်ပြည်နယ်၊ သံတွဲမြို့၊ လင်းသာကျေးရွာနေ မ------- ၃၄ နှစ်ဖြစ်ပြီး ဘန်ကောက်မြို့၊ အသားကင်စက်ရုံ၌  တရားဝင်ဖြင့်လုပ်ကိုင်နေသူဖြစ်ကာ Facebook ပေါ်တွင် သိန်းထိုက်ဆိုသူနှင့်ချစ်ကြိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါသိန်းထိုက်ဆိုကသူက ၎င်းမှာစိုက်ပျိုးရေးခြံသူဋ္ဌေး၏လူယုံဖြစ်ပြီး လက်ထပ်လိုကြောင်းစသဖြင့် Chat Box ၌ယုံကြည်အောင် ပြောဆိုခဲ့သည်ဟုစစ်ဆေးသိရှိရသည်။

ထို့ကြောင့် မြန်မာပြည်သို့ပြန်လာစေလိုကြောင်းနှင့် ၎င်းကိုယ်တိုင်မြဝတီမြို့သို့လာကြိုမည်ဟုပြောဆိုသဖြင့် မ--------၃၄ နှစ်မှာပြန်လာခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၇ ရက်တွင်ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ၊ တည်းခိုခန်း၌နေထိုင်ပြီးနောက် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မိုင်းလားပြည်နယ်သို့သိန်းထိုက်ကဆက်လက်ခေါ်ဆောင်ကာ ၎င်း၏သူဌေးဟုဆိုသောမမိုးယုထံသို့ရောက်ရှိခဲ့ကြောင်းရဲမှတ်တမ်းအရ သိရသည်။

စိုက်ပျိုးရေးခြံမှာရောင်းချလိုက်ပြီဖြစ်၍ အလုပ်မရှိတော့သဖြင့် မ--------၃၄ နှစ်ကိုတရုတ်ပြည်သို့ သွားရောက်ကာ အလုပ်ပေးမည်၊ အိမ်ဖော်လုပ်လျှင်ပင် ၁ လကျပ်သိန်း ၄၀ နှင့်အထက်ရရှိနိုင်ကြောင်း ဆက်လက်ပြောဆိုပြီ းနောက်ဓာတ်ပုံရိုက်ယူကာ သူဌေးမမိုးယု၏ဖခင်ဟုဆိုသော ဦးဖြိုးဆိုသူက ကားနှင့်လာခေါ်ခဲ့ကြောင်း မ------- ပြောပြချက်အရသိရသည်။

ထို့ကြောင့် လာခေါ်သူဦးဖြိုးကိုစစ်မေးမြန်းရာ တရုတ်မယားလုပ်ရမည်ကိုသိရှိသွားခဲ့သဖြင့် ငြင်းဆန်ကာ မိုင်းလားပြည်ထဲတွင်သာဆက်လက်နေထိုင်ခဲ့ပြီး ရဲတပ်ဖွဲ့နှင့်ချိတ်ဆက်မိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

“ကျွန်တော်တို့ လူကုန်ကူးတားဆီးကာကွယ်ရေးအဖွဲ့နဲ့ပေါင်းတပ်ဖွဲ့တွေက သတင်းအရ သွားရောက် ကယ်တင်ခဲ့ပြီးတော့ အဓိကတရားခံသိန်းထိုက်ကိုလည်းဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မမိုးယုနဲ့ ဦးဖြိုးတို့ နှစ်ဦးကိုတော့ မိုင်းလားမြို့တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီးစုံစမ်းရှာဖွေနေဆဲပါ” ဟုကျိုင်းတုံမြို့နယ်၊ လူကုန်ကူးတားဆီးကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၈ ရက်တွင် အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူသိန်းထိုက်(ဖမ်းမိ)နှင့် မမိုးယု -  ဦးဖြိုး(ဖမ်းမမိ)တို့ ၃ ဦးကို ကျိုင်းတုံြမို့မရဲစခန်း၌ (ပ)၇၅၉/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၂၆(က)/၃၂ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

 

 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။