Skip to main content
hehw
Ads Block

ရန္ပံုေငြ မလံုေလာက္သည့္အတြက္ အာဆီယံေက်ာင္းသား အားကစားၿပိဳင္ပြဲအတြက္ ကစားနည္း(၃)နည္းကို ခ်န္လွပ္ခဲ့ရ

ရန္ပံုေငြမလံုေလာက္သည့္အတြက္ အာဆီယံေက်ာင္းသား အားကစားၿပိဳင္ပြဲအတြက္ ရည္ရြယ္ထားသည့္ အားကစားနည္း (၇) နည္းအနက္မွ (၃) နည္းကို ခ်န္လွပ္ခဲ့ရေၾကာင္း အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ သိရသည္။

ဇူလိုင္လ (၁၇)ရက္မွ (၂၅)ရက္အထိ အင္ဒိုနီးရွားႏုိင္ငံတြင္ အိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ (၁၁)ႀကိမ္ေျမာက္ အာဆီယံ အား ကစားၿပိဳင္ပြဲတြင္ ျမန္မာႏုိင္ငံမွ အားကစားနည္း(၇)နည္း ၀င္ေရာက္ယွဥ္ၿပိဳင္ရန္ ရည္ရြယ္ထားျခင္း ျဖစ္သည္။

“ကၽြန္ေတာ့္ကိုေတာ့ ေလးဖြဲ႔ကို ဦးေဆာင္ၿပီး အဲဒီကို လႊတ္ဖို႔စီစဥ္ေနပါတယ္။ (၃)ဖြဲ႔ကို ခ်န္ခဲ့တာက ဌာနက သူတို႔ရတဲ့ ရန္ပံုေငြ မေလာက္လို႔ ေျပာပါတယ္။ သူတို႔က ဘယ္ႏွစ္ဖြဲ႔ကို ဦးေဆာင္ၿပီး သြားခိုင္းသြားခိုင္း အဆင္ေျပေအာင္ေတာ့ ဦးေဆာင္သြားမွာ ပါ။”ဟု အားကစားႏွင့္ ကာယပညာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္ဆန္းက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ျမန္မာႏုိင္ငံမွ ေျပးခုန္ပစ္၊ ၾကက္ေတာင္၊ တင္းနစ္၊ စားပြဲတင္တင္းနစ္၊ ေရကူးႏွင့္ ေဘာ္လီေဘာ အားကစားနည္းမ်ားကို သြား ေရာက္ ယွဥ္ၿပိဳင္ရန္ လ်ာထားခဲ့ေသာ္လည္း ရန္ပံုေငြ မလံုေလာက္ေသာေၾကာင့္ တင္းနစ္၊ ေရကူးႏွင့္ ၾကက္ေတာင္ အားကစား နည္းတို႔ကို ဇူလိုင္လ (၅) ရက္က စတင္ကာ ေလ့က်င့္မႈမ်ား ရပ္ဆိုင္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အာဆီယံ ေက်ာင္းသား အားကစားၿပိဳင္ပြဲကို ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္က ျမန္မာႏုိင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ၿပီး၊ ျမန္မာ အားကစား အဖြဲ႔အေနျဖင့္ ေၾကးတံဆိပ္ (၄) ခုသာ ရရွိခဲ့ၿပီး၊ ၂၀၁၈ ခုနွစ္ မေလးရွားႏုိင္ငံတြင္ က်င္းပေသာ ၿပိဳင္ပြဲတြင္လည္း ေရႊ တံဆိပ္(၁)ခု၊ ေငြတံဆိပ္ (၂)ခု၊ ေၾကးတံဆိပ္ (၂) ခု ရရွိခဲ့ေၾကာင္း သိရသည္။

 

ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

 

Unicode Version

 

 

ရန်ပုံငွေ မလုံလောက်သည့်အတွက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲအတွက် ကစားနည်း(၃)နည်းကို ချန်လှပ်ခဲ့ရ

 

ရန်ပုံငွေမလုံလောက်သည့်အတွက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲအတွက် ရည်ရွယ်ထားသည့် အားကစားနည်း (၇) နည်းအနက်မှ (၃) နည်းကို ချန်လှပ်ခဲ့ရကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ဇူလိုင်လ (၁၇)ရက်မှ (၂၅)ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၁)ကြိမ်မြောက် အာဆီယံ အား ကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း(၇)နည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“ကျွန်တော့်ကိုတော့ လေးဖွဲ့ကို ဦးဆောင်ပြီး အဲဒီကို လွှတ်ဖို့စီစဉ်နေပါတယ်။ (၃)ဖွဲ့ကို ချန်ခဲ့တာက ဌာနက သူတို့ရတဲ့ ရန်ပုံငွေ မလောက်လို့ ပြောပါတယ်။ သူတို့က ဘယ်နှစ်ဖွဲ့ကို ဦးဆောင်ပြီး သွားခိုင်းသွားခိုင်း အဆင်ပြေအောင်တော့ ဦးဆောင်သွားမှာ ပါ။”ဟု အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက အကုန်သိသတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံမှ ပြေးခုန်ပစ်၊ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ရေကူးနှင့် ဘော်လီဘော အားကစားနည်းများကို သွား ရောက် ယှဉ်ပြိုင်ရန် လျာထားခဲ့သော်လည်း ရန်ပုံငွေ မလုံလောက်သောကြောင့် တင်းနစ်၊ ရေကူးနှင့် ကြက်တောင် အားကစား နည်းတို့ကို ဇူလိုင်လ (၅) ရက်က စတင်ကာ လေ့ကျင့်မှုများ ရပ်ဆိုင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အာဆီယံ ကျောင်းသား အားကစားပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး၊ မြန်မာ အားကစား အဖွဲ့အနေဖြင့် ကြေးတံဆိပ် (၄) ခုသာ ရရှိခဲ့ပြီး၊ ၂၀၁၈ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပသော ပြိုင်ပွဲတွင်လည်း ရွှေ တံဆိပ်(၁)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၂) ခု ရရှိခဲ့ကြောင်း သိရသည်။

- ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။