Skip to main content
က်န္းအာကာ
Ads Block

၁၀ သန္းနီးပါးရွိေသာ ေက်ာင္းသားမ်ားကုိ အနာဂတ္ႏုိင္ငံေတာ္၏စြမ္းေဆာင္ရွင္မ်ားျဖစ္လာေစရန္ ျပည္ေထာင္စု၀န္ၾကီး ေမွ်ာ္လင့္ထား

လူဦးေရ(၁၀)သန္းနီးပါး ရွိေသာ ေက်ာင္းသူ၊ေက်ာင္းသူမ်ား၏ က်န္းမာေရးညီညြတ္ေသာ စားေသာက္ေနထုိင္မႈက အနာဂတ္ႏုိင္ငံေတာ္၏က႑အသီးသီးအတြက္ စြမ္းေဆာင္ရွင္မ်ား ေပၚထြက္လာေရးကုိ အေထာက္အကူျပဳလိမ့္မည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ၾကီးဌာန ျပည္ေထာင္စု၀န္ၾကီး ေဒါက္တာျမင့္ေထြးက ေျပာသည္။

ေဆး

ျမန္မာႏုိင္ငံတစ္၀န္းရွိ စာသင္ေက်ာင္းမ်ားအားလုံးတြင္ ပညာသင္ၾကားေနေသာ ေက်ာင္းသူ၊ေက်ာင္းသားမ်ားမွာ ၉ ဒသမ ၇ သန္းခန္ ့ရွိေနျပီး အဆုိပါလူငယ္မ်ား၏ က်န္းမာေရးမွာ ႏုိင္ငံ၏အဓိကက်ေသာ အခန္းက႑တြင္ရွိေနေၾကာင္း ဇူလုိင္လ(၅)ရက္တြင္ က်င္းပခဲ့သည့္ (၂၀၁၉-၂၀၂၀)ပညာသင္ႏွစ္ က်န္းမာေရးအဆင့္ျမႇင့္ေက်ာင္းလုပ္ငန္းမ်ား အရွိန္အဟုန္ျမႇင့္တင္ေရး အသိေပးေဆြးေႏြးပြဲအခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္းလည္း ျဖစ္သည္။ ေက်ာင္းက်န္းမာေရးလုပ္ငန္းစဥ္(၉)ရပ္ ရွိထားျပီး သက္ဆုိင္ရာေဒသအလုိက္ စတင္ေဖာ္ေဆာင္ေနျပီလည္းျဖစ္ကာ အေျခခံပညာေက်ာင္းမ်ားမွ ေက်ာင္းအုပ္ႀကီးမ်ား၊ ဆရာ၊ ဆရာမမ်ား၊ မိဘမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ မိဘ-ဆရာအသင္းမ်ား၊ တကၠသိုလ္မ်ားတြင္ ပါေမာကၡခ်ဳပ္မ်ား၊ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသားသမဂၢ ကိုယ္စားလွယ္မ်ားမွ ကိုယ္တိုင္ပါဝင္ေဆာင္ရြက္မွသာ လုပ္ငန္းမ်ား ေရရွည္တည္တံ့ေအာင္ျမင္ႏုိင္မည္ျဖစ္ေၾကာင္းလည္း ဆုိသည္။ က်န္းမာေရးႏွင့္ ညီညြတ္ေသာ ေနထိုင္စားေသာက္မႈပုံစံ ၊အမူအက်င့္မ်ားႏွင့္ က်န္းမာေရးအသိပညာဗဟုသုတမ်ားသည္လည္း ေက်ာင္းေနအရြယ္လူငယ္မ်ားမွတစ္ဆင့္ ၎တို ့၏ မိဘ၊ ေဆြမ်ိဳးမ်ား၊ မိတ္ေဆြမ်ားထံသို ့ဆင့္ပြားေရာက္ရွိသြားမည္ျဖစ္သည့္အတြက္ ျပည္သူမ်ားအားလုံးအတြက္အက်ိဳးရွိေစမည့္ ကိစၥရပ္မ်ားပင္ျဖစ္ေၾကာင္း ၀န္ၾကီးက ဆုိသည္။

ေက်ာင္းအုပ္ဆရာမႀကီးမ်ား၊ ဆရာ၊ ဆရာမမ်ားအေနျဖင့္လည္း ေက်ာင္းပတ္ဝန္းက်င္သန္႔ရွင္းေရးႏွင့္ ေက်ာင္းမုန္႔ေစ်းတန္းမ်ားတြင္ ေဘးအႏၲရာယ္ကင္းရွင္းၿပီး အာဟာရျပည့္ဝေသာ စားေသာက္ကုန္မ်ားသာ ေရာင္းခ်ေစေရးလုပ္ငန္းမ်ားကို အေလးထားေဆာင္ရြက္သြားေစလိုေၾကာင္း ၀န္ၾကီး ေဒါက္တာျမင့္ေထြးက တုိက္တြန္းေျပာၾကားသည္။ 

Unicode Version 

လူဦးရေ(၁၀)သန်းနီးပါး ရှိသော ကျောင်းသူ၊ကျောင်းသူများ၏ ကျန်းမာရေးညီညွတ်သော စားသောက်နေထိုင်မှုက အနာဂတ်နိုင်ငံတော်၏ကဏ္ဍအသီးသီးအတွက် စွမ်းဆောင်ရှင်များ ပေါ်ထွက်လာရေးကို အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများအားလုံးတွင် ပညာသင်ကြားနေသော ကျောင်းသူ၊ကျောင်းသားများမှာ ၉ ဒသမ ၇ သန်းခန့်ရှိနေပြီး အဆိုပါလူငယ်များ၏ ကျန်းမာရေးမှာ နိုင်ငံ၏အဓိကကျသော အခန်းကဏ္ဍတွင်ရှိနေကြောင်း ဇူလိုင်လ(၅)ရက်တွင် ကျင်းပခဲ့သည့် (၂၀၁၉-၂၀၂၀)ပညာသင်နှစ် ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အသိပေးဆွေးနွေးပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်(၉)ရပ် ရှိထားပြီး သက်ဆိုင်ရာဒေသအလိုက် စတင်ဖော်ဆောင်နေပြီလည်းဖြစ်ကာ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘ-ဆရာအသင်းများ၊ တက္ကသိုလ်များတွင် ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များမှ ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှသာ လုပ်ငန်းများ ရေရှည်တည်တံ့အောင်မြင်နိုင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံ ၊အမူအကျင့်များနှင့် ကျန်းမာရေးအသိပညာဗဟုသုတများသည်လည်း ကျောင်းနေအရွယ်လူငယ်များမှတစ်ဆင့် ၎င်းတို့၏ မိဘ၊ ဆွေမျိုးများ၊ မိတ်ဆွေများထံသို့ဆင့်ပွားရောက်ရှိသွားမည်ဖြစ်သည့်အတွက် ပြည်သူများအားလုံးအတွက်အကျိုးရှိစေမည့် ကိစ္စရပ်များပင်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျောင်းမုန့်ဈေးတန်းများတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော စားသောက်ကုန်များသာ ရောင်းချစေရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားစေလိုကြောင်း ဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်တွန်းပြောကြားသည်။ 

   -  မုိးတိမ္(အကုန္သိသတင္းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။