Skip to main content
ဘဂၤါလီ
Ads Block

ဘဂၤါလီအေရးအတြက္ ျမန္မာကုိဖိအားေပးရန္ တရုတ္သမၼတ ရွီက်င္းပင္ထံသုိ ့ဘဂၤလားေဒ့ရွ္၀န္ၾကီးခ်ဳပ္ ထပ္မံ အပူကပ္

ဘဂၤါလီမ်ားအေရးအတြက္ တရုတ္သမၼတ ရွီက်င္းပင္ထံသုိ ့ဘဂၤလားေဒ့ရွ္၀န္ၾကီးခ်ဳပ္ ရွိတ္ဟာဆီနာက ထပ္မံအပူကပ္ခဲ့ျပီး ကုလသမဂၢေကာင္စီ၌ တရုတ္၏ဗီတုိအာဏာကုိ ျမန္မာႏွင့္ပတ္သက္၍ မသုံးေစရန္ စည္းရုံးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သတင္းရရွိသည္။ 

ဘဂၤါလီ

ဘဂၤလားေဒ့ရွ္၀န္ၾကီးခ်ဳပ္ ရွိတ္ဟာဆီနာဦးေဆာင္သည့္အဖြဲ ့က တရုတ္ႏုိင္ငံသုိ ့ဇူလုိင္လ ၅ ရက္က ေရာက္ရွိခဲ့ခ်ိန္တြင္ တရုတ္သမၼတ ရွီက်င္းပင္ထံ ဟာဆီနာကုိယ္တုိင္က ေမတၱာရပ္ခံအသိေပးခဲ့ျခင္းျဖစ္ေၾကာင္းလည္း ဘဂၤလားေဒ့ရွ္သတင္းဌာနမ်ား၏ ေဖာ္ျပခ်က္မ်ားအရ သိရသည္။ ၀န္ၾကီးခ်ဳပ္ ရွိတ္ဟာဆီနာက ၄င္း၏ႏုိင္ငံျခားေရး၀န္ၾကီး AK Abdul Momen ႏွင့္အတူ တရုတ္သမၼတဦးေဆာင္ေသာအဖြဲ ့ကုိ သြားေရာက္ေတြ ့ဆုံခဲ့ရာတြင္ ျမန္မာႏုိင္ငံဘက္က ဘဂၤါလီမ်ားကုိ ျပန္လည္ေခၚေဆာင္ေရးအစီအစဥ္ႏွင့္ပတ္သက္ျပီး တုံ ့ဆုိင္းေနမႈမ်ား ရွိေနေၾကာင္း၊ တရုတ္ႏုိင္ငံအေနျဖင့္ ျမန္မာႏုိင္ငံဘက္ကုိ ဖိအားေပးမႈမ်ားလုပ္ေဆာင္သြားေစလုိေၾကာင္းႏွင့္ ကုလသမဂၢလုံျခဳံေရးေကာင္စီ၌ တရုတ္၏ဗီတုိအာဏာကုိ ျမန္မာႏုိင္ငံအတြက္ မသုံးေစလုိေၾကာင္း စည္းရုံးခဲ့ျခင္းျဖစ္သည္ဟု သိရသည္။ " ႏွစ္ႏုိင္ငံ ေခါင္းေဆာင္ေတြကေတာ့ ဒီျပႆနာေတြကုိ ျမန္ျမန္ဆန္ဆန္ေျဖရွင္းေပးသြားၾကဖုိ ့ကုိ သေဘာထားတူညီခဲ့ၾကပါတယ္။ ဘဂၤါလီ(ရုိဟင္ဂ်ာ)ေတြကုိ ျပန္ပုိ ့အစီအစဥ္ဟာ ႏွစ္ႏွစ္ေက်ာ္ၾကာလာျပီျဖစ္ေပမယ့္ ေသေသခ်ာခ်ာ မေျဖရွင္းႏုိင္ေသးဘူး။ ဒီလူေတြ သူတုိ ့ႏုိင္ငံကုိ ျပန္ကုိ ျပန္ရပါမယ္။ မျဖစ္မေနလည္း လက္ခံေပးရပါမယ္ " ဟု ဘဂၤလားေဒ့ရွ္ႏုိင္ငံျခားေရး၀န္ၾကီး AK Abdul Momen က ေျပာသည္။ ယင္းအျပင္ ျမန္မာႏုိင္ငံအေနျဖင့္ ႏုိင္ငံေရးအျမင္သာ အားေကာင္းမည္ဆုိပါက ဘဂၤါလီမ်ားျပန္လည္လက္ခံေရးအစီအစဥ္ကုိ ေသခ်ာေပါက္မျဖစ္မေန လုပ္ေဆာင္ရလိမ့္မည္ျဖစ္ေၾကာင္း တရုတ္ႏုိင္ငံျခားေရး၀န္ၾကီး ၀မ္ယီက ေျပာၾကားခဲ့သည္ဟုလည္း ဘဂၤလားေဒ့ရွ္ႏုိင္ငံျခားေရး၀န္ၾကီးက ဆုိသည္။

ဘဂၤလားေဒ့ရွ္၀န္ၾကီးခ်ဳပ္၏ တရုတ္ခရီးစဥ္သည္ ႏွစ္ႏုိင္ငံစီးပြားေရးကိစၥမ်ားကုိ ဦးတည္ျခင္းျဖစ္သည္ဟု ဆုိေသာ္လည္း တရုတ္က အေကာင္အထည္ေဖာ္ေနသည့္ OBOR လုပ္ငန္းစဥ္ႏွင့္ ျမန္မာႏုိင္ငံဘက္ကုိ ဖိအားေပးေရးအစီအစဥ္မ်ားကုိလည္း အဓိကဦးတည္ေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္သတင္းဌာနမ်ားက ေဖာ္ျပသည္။ 

Unicode Version

ဘင်္ဂါလီများအရေးအတွက် တရုတ်သမ္မတ ရှီကျင်းပင်ထံသို့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ထပ်မံအပူကပ်ခဲ့ပြီး ကုလသမဂ္ဂကောင်စီ၌ တရုတ်၏ဗီတိုအာဏာကို မြန်မာနှင့်ပတ်သက်၍ မသုံးစေရန် စည်းရုံးမှုများလုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ 
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဦးဆောင်သည့်အဖွဲ့က တရုတ်နိုင်ငံသို့ဇူလိုင်လ ၅ ရက်က ရောက်ရှိခဲ့ချိန်တွင် တရုတ်သမ္မတ ရှီကျင်းပင်ထံ ဟာဆီနာကိုယ်တိုင်က မေတ္တာရပ်ခံအသိပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ၎င်း၏နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen နှင့်အတူ တရုတ်သမ္မတဦးဆောင်သောအဖွဲ့ကို သွားရောက်တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံဘက်က ဘင်္ဂါလီများကို ပြန်လည်ခေါ်ဆောင်ရေးအစီအစဉ်နှင့်ပတ်သက်ပြီး တုံ့ဆိုင်းနေမှုများ ရှိနေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်ကို ဖိအားပေးမှုများလုပ်ဆောင်သွားစေလိုကြောင်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တရုတ်၏ဗီတိုအာဏာကို မြန်မာနိုင်ငံအတွက် မသုံးစေလိုကြောင်း စည်းရုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ " နှစ်နိုင်ငံ ခေါင်းဆောင်တွေကတော့ ဒီပြဿနာတွေကို မြန်မြန်ဆန်ဆန်ဖြေရှင်းပေးသွားကြဖို့ကို သဘောထားတူညီခဲ့ကြပါတယ်။ ဘင်္ဂါလီ(ရိုဟင်ဂျာ)တွေကို ပြန်ပို့အစီအစဉ်ဟာ နှစ်နှစ်ကျော်ကြာလာပြီဖြစ်ပေမယ့် သေသေချာချာ မဖြေရှင်းနိုင်သေးဘူး။ ဒီလူတွေ သူတို့နိုင်ငံကို ပြန်ကို ပြန်ရပါမယ်။ မဖြစ်မနေလည်း လက်ခံပေးရပါမယ် " ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ပြောသည်။ ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအမြင်သာ အားကောင်းမည်ဆိုပါက ဘင်္ဂါလီများပြန်လည်လက်ခံရေးအစီအစဉ်ကို သေချာပေါက်မဖြစ်မနေ လုပ်ဆောင်ရလိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောကြားခဲ့သည်ဟုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ တရုတ်ခရီးစဉ်သည် နှစ်နိုင်ငံစီးပွားရေးကိစ္စများကို ဦးတည်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း တရုတ်က အကောင်အထည်ဖော်နေသည့် OBOR လုပ်ငန်းစဉ်နှင့် မြန်မာနိုင်ငံဘက်ကို ဖိအားပေးရေးအစီအစဉ်များကိုလည်း အဓိကဦးတည်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများက ဖော်ပြသည်။ 

   -  Iris (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။