Skip to main content
က်န္းမာေရးမွာ အလကားမရဟု ေဒါက္တာေက်ာ္စိုးထြန္းေျပာ
Ads Block

က်န္းမာေရးမွာ အလကားမရဟု ေဒါက္တာေက်ာ္စိုးထြန္းေျပာ

က်န္းမာေရးသည္ အလကားမရသျဖင့္ သင့္တင့္ေလ်ာက္ပတ္ေသာ အားထုတ္မႈရွိရန္လိုအပ္ေၾကာင္း ပါေမာကၡဆရာႀကီး ေဒါက္တာေက်ာ္စိုးထြန္းက ေျပာသည္။

က်န္းမာေရးမွာ အလကားမရဟု ေဒါက္တာေက်ာ္စိုးထြန္းေျပာ


ရန္ကုန္ၿမိဳ႕ရွိ သူနာျပဳတကၠသိုလ္တြင္ ဇူလုိင္လ ၇ ရက္ကက်င္းပေသာ ၂၀၁၉ ႏွင့္ အသည္းျပႆနာမ်ားဆိုင္ရာ ေဟာေျပာပြဲတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။
“ တစ္ကမာၻလံုးရဲ႕ အဓိကအားနည္းခ်က္က မသိၾကဘူး။ မသိၾကတာဆိုတာက ဘာလကၡဏာမွမျပလို႔ မစစ္ေဆးၾကဘူး။ မစစ္ေဆးက်ေတာ့ မသိဘူး။ မသိေတာ့ေနာက္က်ကုန္ေရာ။ ကုမယ္ဆိုရင္လည္း ကုသႏိုင္တဲ့ ေဆးဝါးေတြရွိဖို႔လိုအပ္တယ္။ ဆရာေျပာသလိုပဲ က်န္းမာေရးက အလကားမရပါဘူး။ က်န္းမာေရးအတြက္ သင့္တင့္ေလ်ာက္ပတ္ေသာ အားထုတ္မႈရွိဖို႔လိုတယ္။ အလကားရေအာင္၊ သူမ်ားလာကူညီေအာင္ ေစာင့္ေနမယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕သက္တမ္းနဲ႔၊ ကိုယ့္ရဲ႕မိသားစုနဲ႔သက္တမ္းေစ့မေနရတာမ်ိဳးျဖစ္တတ္တယ္။ ကုသမယ္ဆိုရင္လည္း ႏိုင္ငံေတာ္အေနနဲ႔ စီပိုးကို အခမဲ့ကုသတဲ့အစီအစဥ္ ရန္ကုန္ၿမိဳ႕၊ မႏၱေလးၿမိဳ႕၊ ေမာ္လၿမိဳင္တို႔ အစရွိတဲ့ ၿမိဳ႕နယ္ေတြမွာ အခမဲ့ ကုသတဲ့အစီအစဥ္ေတြလုပ္ေနပါတယ္။ မေစာင့္ႏိုင္လို႔ ရွိရင္လည္း မိမိဘာသာကုသလို႔ရပါတယ္”ဟု ပါေမာကၡဆရာႀကီး ေဒါက္တာေက်ာ္စိုးထြန္းက ေျပာသည္။
အသည္းေရာဂါအမ်ားစုကို ခ်က္ခ်င္းမသိႏိုင္ဘဲ အသည္းထိခိုက္ၿပီး အသည္းအတြင္းမွ Bilirubin ဟုေခၚေသာ အသားဝါေစသည့္ ဓာတ္မ်ားေသြးတြင္းသုိ႔ေရာက္လာျပီး မ်က္လံုးဝါျခင္း၊ အသားဝါျခင္းမ်ားျဖစ္ေပၚလာခ်ိန္မွ သိရွိႏုိင္ေၾကာင္း သိရသည္။
အျဖစ္မ်ားေသာ အသည္းေရာင္ အသားဝါေရာဂါမ်ားမွာ အသည္းေရာင္ အသားဝါ A, B , C ဟူ၍ ၃ မ်ိဳးရွိၿပီး အသည္းေရာင္အသားဝါ A ပိုးသည္ နာတာရွည္ အသည္းေရာင္အသားဝါျခင္းမ်ိဳး မဟုတ္ဘဲ ရုတ္တရက္ အလ်င္အျမန္ အသည္းအား ထိခိုက္ေစျပီး အသည္းေရာဂါလကၡဏာမ်ား ျပတတ္ေၾကာင္း သိရသည္။
ရုတ္တရက္ ကုိယ္လက္ကုိက္ခဲျခင္း၊ အန္ျခင္း၊ အသားဝါျခင္း၊ ဆီးဝါျခင္း၊ ဖ်ားျခင္း၊ အစားအေသာက္ပ်က္ျခင္း စသည္တုိ႔ျဖစ္ေပၚကာ အသည္းေရာင္အသားဝါ A ပိုးသည္ ထိေရာက္စြာကုသမႈ ံယူရန္ လိုအပ္ျပီး ကုသမႈခံယူျခင္းမရွိပါက အသည္းပ်က္စီးသည္အထိ ျဖစ္ေပၚေစႏုိင္ေၾကာင္း သိရသည္။
အသည္းေရာင္ အသားဝါ B ပိုးႏွင့္ C ပိုးသည္ နာတာရွည္ အသည္းေရာင္ အသားဝါေရာဂါမ်ားျဖစ္သျဖင့္ မည္သည့္အသည္းေရာဂါ လကၡဏာမ်ားမျပဘဲ ေသြးစစ္ေဆးၾကည့္၍ အသည္းေရာင္ အသားဝါ B ပိုး၊ C ပုိးရွိေနျခင္းအား သိရွိရတတ္ေၾကာင္း သိရသည္။
ထို႔အျပင္ B ပိုးႏွင့္ C ပိုးသည္ ခႏၶာကုိယ္ထဲတြင္ ကာလၾကာရွည္စြာရွိၿပီး အသည္းေျခာက္ျခင္း၊ အသည္းကင္ဆာမ်ားျဖစ္ေပၚေစကာ အသက္ဆံုရံႈးေစသည္အထိ ဒုကၡေပးတတ္ေၾကာင္း သိရသည္။

- စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

ကျန်းမာရေးသည် အလကားမရသဖြင့် သင့်တင့်လျောက်ပတ်သော အားထုတ်မှုရှိရန်လိုအပ်ကြောင်း ပါမောက္ခဆရာကြီး ဒေါက်တာကျော်စိုးထွန်းက ပြောသည်။
ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်တွင် ဇူလိုင်လ ၇ ရက်ကကျင်းပသော ၂၀၁၉ နှင့် အသည်းပြဿနာများဆိုင်ရာ ဟောပြောပွဲတွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
“ တစ်ကမ္ဘာလုံးရဲ့ အဓိကအားနည်းချက်က မသိကြဘူး။ မသိကြတာဆိုတာက ဘာလက္ခဏာမှမပြလို့ မစစ်ဆေးကြဘူး။ မစစ်ဆေးကျတော့ မသိဘူး။ မသိတော့နောက်ကျကုန်ရော။ ကုမယ်ဆိုရင်လည်း ကုသနိုင်တဲ့ ဆေးဝါးတွေရှိဖို့လိုအပ်တယ်။ ဆရာပြောသလိုပဲ ကျန်းမာရေးက အလကားမရပါဘူး။ ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်သော အားထုတ်မှုရှိဖို့လိုတယ်။ အလကားရအောင်၊ သူများလာကူညီအောင် စောင့်နေမယ်ဆိုရင်တော့ ကိုယ့်ရဲ့သက်တမ်းနဲ့၊ ကိုယ့်ရဲ့မိသားစုနဲ့သက်တမ်းစေ့မနေရတာမျိုးဖြစ်တတ်တယ်။ ကုသမယ်ဆိုရင်လည်း နိုင်ငံတော်အနေနဲ့ စီပိုးကို အခမဲ့ကုသတဲ့အစီအစဉ် ရန်ကုန်မြို့၊ မန္တလေးမြို့၊ မော်လမြိုင်တို့ အစရှိတဲ့ မြို့နယ်တွေမှာ အခမဲ့ ကုသတဲ့အစီအစဉ်တွေလုပ်နေပါတယ်။ မစောင့်နိုင်လို့ ရှိရင်လည်း မိမိဘာသာကုသလို့ရပါတယ်”ဟု ပါမောက္ခဆရာကြီး ဒေါက်တာကျော်စိုးထွန်းက ပြောသည်။
အသည်းရောဂါအများစုကို ချက်ချင်းမသိနိုင်ဘဲ အသည်းထိခိုက်ပြီး အသည်းအတွင်းမှ Bilirubin ဟုခေါ်သော အသားဝါစေသည့် ဓာတ်များသွေးတွင်းသို့ရောက်လာပြီး မျက်လုံးဝါခြင်း၊ အသားဝါခြင်းများဖြစ်ပေါ်လာချိန်မှ သိရှိနိုင်ကြောင်း သိရသည်။
အဖြစ်များသော အသည်းရောင် အသားဝါရောဂါများမှာ အသည်းရောင် အသားဝါ A, B , C ဟူ၍ ၃ မျိုးရှိပြီး အသည်းရောင်အသားဝါ A ပိုးသည် နာတာရှည် အသည်းရောင်အသားဝါခြင်းမျိုး မဟုတ်ဘဲ ရုတ်တရက် အလျင်အမြန် အသည်းအား ထိခိုက်စေပြီး အသည်းရောဂါလက္ခဏာများ ပြတတ်ကြောင်း သိရသည်။
ရုတ်တရက် ကိုယ်လက်ကိုက်ခဲခြင်း၊ အန်ခြင်း၊ အသားဝါခြင်း၊ ဆီးဝါခြင်း၊ ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း စသည်တို့ဖြစ်ပေါ်ကာ အသည်းရောင်အသားဝါ A ပိုးသည် ထိရောက်စွာကုသမှု ံယူရန် လိုအပ်ပြီး ကုသမှုခံယူခြင်းမရှိပါက အသည်းပျက်စီးသည်အထိ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။
အသည်းရောင် အသားဝါ B ပိုးနှင့် C ပိုးသည် နာတာရှည် အသည်းရောင် အသားဝါရောဂါများဖြစ်သဖြင့် မည်သည့်အသည်းရောဂါ လက္ခဏာများမပြဘဲ သွေးစစ်ဆေးကြည့်၍ အသည်းရောင် အသားဝါ B ပိုး၊ C ပိုးရှိနေခြင်းအား သိရှိရတတ်ကြောင်း သိရသည်။
ထို့အပြင် B ပိုးနှင့် C ပိုးသည် ခန္ဓာကိုယ်ထဲတွင် ကာလကြာရှည်စွာရှိပြီး အသည်းခြောက်ခြင်း၊ အသည်းကင်ဆာများဖြစ်ပေါ်စေကာ အသက်ဆုံရှုံးစေသည်အထိ ဒုက္ခပေးတတ်ကြောင်း သိရသည်။

- စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။