Skip to main content
ဓါးထုိးမႈ
Ads Block

မူဆယ္ျမိဳ ့ေပၚ လူျမင္ကြင္း၌ ဖုန္းႏွင့္ပုိက္ဆံအိတ္လုသည့္အျပင္ ဓါးျဖင့္ထုိးသည့္ျဖစ္စဥ္တစ္ခု ျဖစ္ပြား

တရုတ္ျပည္နယ္စပ္ မူဆယ္ျမိဳ ့ေပၚ ျမိဳ ့လယ္ေခါင္တြင္ စကားရပ္ေျပာေနသူႏွစ္ဦးထံမွဖုန္းႏွင့္ပုိက္ဆံအိတ္ကုိ အမ်ဳိးသားတစ္ဦးက ေပၚတင္၀င္လုျပီး ဓါးျဖင့္ထုိးသည့္ျဖစ္စဥ္တစ္ခု ဇူလုိင္လ(၆)ရက္ ညပုိင္းက ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။ 

ရွမ္းျပည္နယ္၏ တရုတ္နယ္စပ္ျမိဳ ့ျဖစ္ေသာ မူဆယ္ျမိဳ ့၊ မဂၤလာမူဆယ္လမ္း၊ ဆန္းစပါးကုန္စည္ဒုိင္ေရွ ့အမ်ားျမင္ကြင္းတြင္ ယင္းျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္းျဖစ္ျပီး လုယက္သူကုိ ရဲတပ္ဖြဲ ့က ရွာေဖြဖမ္းဆီးထားျပီျဖစ္ေၾကာင္းလည္း သိရသည္။ အခင္းျဖစ္စဥ္အရ မူဆယ္ျမိဳ ့ဟုိမြန္ရပ္ကြက္တြင္ ေနထုိင္ေသာ အသက္ ၁၆ ႏွစ္အရြယ္ မ၀င့္၀ါျဖိဳးက အစ္ကုိ၀မ္းကြဲေတာ္စပ္သူ အသက္ ၃၃ ႏွစ္အရြယ္ ကုိေအာင္ျမင့္ေဌးႏွင့္ ဇူလုိင္လ (၆)ရက္ညပုိင္း၌ မဂၤလာမူဆယ္လမ္း၊ ဆန္စပါးကုန္စည္ဒိုင္ေရွ႕ လမ္းမေပၚတြင္ စကားရပ္ေျပာေနၾကေၾကာင္း သိရသည္။ ယင္းက့ဲသုိ ့စကားေျပာေနၾကစဥ္အတြင္း အမည္မသိအမ်ဳိးသားတစ္ဦးက ရုတ္တရက္ေရာက္လာျပီး လက္ကုိင္ဖုန္းထည့္ထားေသာ ပုိက္ဆံအိတ္ကုိ လုယူခဲ့ျခင္းျဖစ္ျပီး ကုိေအာင္ျမင့္ေဌးက ျပန္လည္လုယူရာတြင္ အမည္မသိ အမ်ဳိးသားက ၄င္းကုိင္ေဆာင္ထားေသာ ဓါးျဖင့္ ျပန္ထုိးခဲ့ေၾကာင္း သိရသည္။ ယင္းကဲ့သုိ ့ဓါးျဖင့္ထုိးခဲ့မႈေၾကာင့္ ကုိေအာင္ျမင့္ေဌးတြင္ ထိုးသြင္းဒဏ္ရာမ်ား ရရွိခဲ့ျပီး ေဘးပတ္၀န္းက်င္က အကူအညီေပးမႈေၾကာင့္သာ လုယက္ဓါးထုိးသူကုိ ဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ယင္းျဖစ္စဥ္အတြက္ အမည္မသိ အမ်ဳိးသားကုိ ၀ုိင္း၀န္းဖမ္းဆီး စစ္ေဆးရာတြင္ မူဆယ္ျမိဳ ့ေကာင္းမႈတုံရပ္ကြက္ ဆင္ျဖဴေစ်း၀င္းတြင္ ေနထုိင္သည့္ အသက္ ၂၄ ႏွစ္အရြယ္ က်န္းရႊင္က်င္းဆုိသူ ျဖစ္ေၾကာင္းလည္း ေပၚေပါက္ခဲ့သည္။

လတ္တေလာအေနျဖင့္ ရဲတပ္ဖြဲ ့ဘက္ကလည္း က်န္းရႊင္က်င္းကုိ (ပ)၅၇၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄ ျဖင့္ ဖမ္းဆီး၍အမႈဖြင့္စစ္ေဆးေနေၾကာင္း ဇူလုိင္(၇)ရက္က သတင္းထုတ္ျပန္ခ်က္အရ သိရသည္။ 

Unicode Version 

တရုတ်ပြည်နယ်စပ် မူဆယ်မြို့ပေါ် မြို့လယ်ခေါင်တွင် စကားရပ်ပြောနေသူနှစ်ဦးထံမှဖုန်းနှင့်ပိုက်ဆံအိတ်ကို အမျိုးသားတစ်ဦးက ပေါ်တင်ဝင်လုပြီး ဓါးဖြင့်ထိုးသည့်ဖြစ်စဉ်တစ်ခု ဇူလိုင်လ(၆)ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 
ရှမ်းပြည်နယ်၏ တရုတ်နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့၊ မင်္ဂလာမူဆယ်လမ်း၊ ဆန်းစပါးကုန်စည်ဒိုင်ရှေ့အများမြင်ကွင်းတွင် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုယက်သူကို ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးထားပြီဖြစ်ကြောင်းလည်း သိရသည်။ အခင်းဖြစ်စဉ်အရ မူဆယ်မြို့ဟိုမွန်ရပ်ကွက်တွင် နေထိုင်သော အသက် ၁၆ နှစ်အရွယ် မဝင့်ဝါဖြိုးက အစ်ကိုဝမ်းကွဲတော်စပ်သူ အသက် ၃၃ နှစ်အရွယ် ကိုအောင်မြင့်ဌေးနှင့် ဇူလိုင်လ (၆)ရက်ညပိုင်း၌ မင်္ဂလာမူဆယ်လမ်း၊ ဆန်စပါးကုန်စည်ဒိုင်ရှေ့ လမ်းမပေါ်တွင် စကားရပ်ပြောနေကြကြောင်း သိရသည်။ ယင်းကဲ့သို့စကားပြောနေကြစဉ်အတွင်း အမည်မသိအမျိုးသားတစ်ဦးက ရုတ်တရက်ရောက်လာပြီး လက်ကိုင်ဖုန်းထည့်ထားသော ပိုက်ဆံအိတ်ကို လုယူခဲ့ခြင်းဖြစ်ပြီး ကိုအောင်မြင့်ဌေးက ပြန်လည်လုယူရာတွင် အမည်မသိ အမျိုးသားက ၎င်းကိုင်ဆောင်ထားသော ဓါးဖြင့် ပြန်ထိုးခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ဓါးဖြင့်ထိုးခဲ့မှုကြောင့် ကိုအောင်မြင့်ဌေးတွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ပြီး ဘေးပတ်ဝန်းကျင်က အကူအညီပေးမှုကြောင့်သာ လုယက်ဓါးထိုးသူကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်အတွက် အမည်မသိ အမျိုးသားကို ဝိုင်းဝန်းဖမ်းဆီး စစ်ဆေးရာတွင် မူဆယ်မြို့ကောင်းမှုတုံရပ်ကွက် ဆင်ဖြူဈေးဝင်းတွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် ကျန်းရွှင်ကျင်းဆိုသူ ဖြစ်ကြောင်းလည်း ပေါ်ပေါက်ခဲ့သည်။ လတ်တလောအနေဖြင့် ရဲတပ်ဖွဲ့ဘက်ကလည်း ကျန်းရွှင်ကျင်းကို (ပ)၅၇၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် ဖမ်းဆီး၍အမှုဖွင့်စစ်ဆေးနေကြောင်း ဇူလိုင်(၇)ရက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

   -  မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။