Skip to main content
ေရာင္းစားခံ
Ads Block

သူေဌးလူယုံသဖြယ္ဟန္ေဆာင္ထားသူႏွင့္ ေဖ့ဘြတ္မွတစ္ဆင့္ ခင္မင္ခ်စ္ၾကိဳက္မိသည့္ အမ်ဳိးသမီးတစ္ဦး တရုတ္မယားအျဖစ္ ေရာင္းစားခံရ

စုိက္ပ်ဳိးေရးျခံသူေဌး၏ လူယုံသဖြယ္ဟန္ေဆာင္ထားသူႏွင့္ ေဖ့ဘြတ္တြင္ ခင္မင္ခ်စ္ၾကိဳက္မိသည့္ အမ်ဳိးသမီးတစ္ဦး တရုတ္ႏုိင္ငံသုိ ့တရုတ္မယားအျဖစ္ ေရာင္းစားခံရသည့္ျဖစ္စဥ္တစ္ခုႏွင့္ ရင္ဆုိင္လုိက္ရေၾကာင္း လူကုန္တားရဲတပ္ဖြဲ ့ထံမွ သိရသည္။ 

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ အသားကင္စက္႐ုံတြင္ တရားဝင္သြားေရာက္ လုပ္ကိုင္ေနသည့္ ရခုိင္ျပည္နယ္ သံတြဲၿမိဳ႕၊ လင္းသာ႐ြာတြင္ေနထုိင္သူ အသက္ ၃၄ ႏွစ္အရြယ္အမ်ဳိးသမီးသည္ တရုတ္စိုက္ပ်ိဳးေရးၿခံသူေဌး၏ လူယုံတစ္ဦးျဖစ္သည္ဆုိေသာ သိန္းထုိက္ဆုိသူႏွင့္ ေဖ့ဘြတ္မွတစ္ဆင့္ ခင္မင္ရင္းႏွီးခ်စ္ၾကိဳက္ခဲ့ျပီး လက္ထပ္ယူမည့္အထိ စီစဥ္ခဲ့ၾကရာမွ ယင္းကဲ့သုိ ့ၾကဳံေတြ ့ရျခင္းျဖစ္ေၾကာင္း သိရသည္။ သိန္းထုိက္ဆုိသူက လူပ်ဳိျဖစ္ေၾကာင္းေျပာၾကားခဲ့ျပီး တင့္တင့္တယ္တယ္လက္ထပ္ယူမည္ဟုဆုိကာ ျမ၀တီျမိဳ ့အထိ သြားေရာက္ၾကိဳေပးခဲ့ေၾကာင္း၊ အမ်ဳိးသမီးကလည္း ထုိင္းႏုိင္ငံဘက္မွ ဇြန္လ(၇)ရက္တြင္ ျပန္လာခဲ့ျပီးေနာက္ ရန္ကုန္ျမိဳ ့လိႈင္သာယာျမိဳ ့နယ္အထိ လုိက္ပါလာခဲ့ကာ တည္ခုိးခန္းတစ္ခုတြင္ ညအိပ္တည္းခုိးခဲ့ၾကေၾကာင္း၊ ယင္းေနာက္တြင္ သိန္းထုိက္က မုိင္းလားျမိဳ ့ရွိ ၄င္း၏သူေဌးမဆုိသူ မမုိးယုထံသုိ ့ေခၚေဆာင္သြားခဲ့ေၾကာင္းလည္း သိရသည္။ မုိင္းလားျမိဳ ့အေရာက္တြင္ တရုတ္စုိက္ပ်ဳိးေရးျခံမွာ ေရာင္းခ်လုိက္ျပီျဖစ္သျဖင့္ အျခားအလုပ္တစ္ခုခုလုပ္ၾကရန္တုိင္ပင္၍ အမ်ဳိးသမီးအား အိမ္ေဖာ္အလုပ္တစ္ခုခု လုပ္ရန္ဟုဆုိကာ ဓါတ္ပုံရုိက္ျပီး တရုတ္ႏုိင္ငံမွ ၀ယ္လက္မ်ားထံ ေပးပုိ ့ခဲ့သည္ဟု ဇူလုိင္လ(၇)ရက္တြင္ထုတ္ျပန္ခဲ့ေသာ ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။ သူေဌးမ မမုိးယုဆုိသူ၏ ဖခင္ ဦးျဖိဳးဆုိသူကလည္း အမ်ဳိးသမီးကုိ တရုတ္သုိ ့ကားျဖင့္ ေခၚေဆာင္သြားခဲ့ရာမွ ၄င္းမွာ တရုတ္မယားအျဖစ္ ေရာင္းစားခံခဲ့ရျခင္းျဖစ္ေၾကာင္း သေဘာေပါက္ခဲ့ျပီး ကားျဖင့္မလုိက္ဘဲ မုိင္းလားတြင္ ဆက္လက္ေနထုိင္ခဲ့ေၾကာင္း သိရသည္။ ယင္းေနာက္တြင္ လူကုန္တားရဲတပ္ဖြဲ ့ထံ ဆက္သြယ္အေၾကာင္းၾကားခဲ့ရာမွ အမွတ္(၁၈)လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲစု (က်ိဳင္းတုံ)မွ တပ္ဖြဲ ့၀င္မ်ားက သြားေရာက္ေခၚေဆာင္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္အတြက္ သိန္းထိုက္၊ မမိုးယုႏွင့္ ဦးၿဖိဳးတို႔(၃)ဦးကုိ က်ိဳင္းတုံၿမိဳ႕မ ရဲစခန္းက (ပ)၇၅၉/၂၀၁၉၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၄/ ၂၆(က)/ ၃၂ ျဖင့္ အမႈဖြင့္ထားေၾကာင္းလည္ ထုတ္ျပန္ခ်က္အရ သိရသည္။  

Unicode Version 

စိုက်ပျိုးရေးခြံသူဌေး၏ လူယုံသဖွယ်ဟန်ဆောင်ထားသူနှင့် ဖေ့ဘွတ်တွင် ခင်မင်ချစ်ကြိုက်မိသည့် အမျိုးသမီးတစ်ဦး တရုတ်နိုင်ငံသို့တရုတ်မယားအဖြစ် ရောင်းစားခံရသည့်ဖြစ်စဉ်တစ်ခုနှင့် ရင်ဆိုင်လိုက်ရကြောင်း လူကုန်တားရဲတပ်ဖွဲ့ထံမှ သိရသည်။ 
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အသားကင်စက်ရုံတွင် တရားဝင်သွားရောက် လုပ်ကိုင်နေသည့် ရခိုင်ပြည်နယ် သံတွဲမြို့၊ လင်းသာရွာတွင်နေထိုင်သူ အသက် ၃၄ နှစ်အရွယ်အမျိုးသမီးသည် တရုတ်စိုက်ပျိုးရေးခြံသူဌေး၏ လူယုံတစ်ဦးဖြစ်သည်ဆိုသော သိန်းထိုက်ဆိုသူနှင့် ဖေ့ဘွတ်မှတစ်ဆင့် ခင်မင်ရင်းနှီးချစ်ကြိုက်ခဲ့ပြီး လက်ထပ်ယူမည့်အထိ စီစဉ်ခဲ့ကြရာမှ ယင်းကဲ့သို့ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။ သိန်းထိုက်ဆိုသူက လူပျိုဖြစ်ကြောင်းပြောကြားခဲ့ပြီး တင့်တင့်တယ်တယ်လက်ထပ်ယူမည်ဟုဆိုကာ မြဝတီမြို့အထိ သွားရောက်ကြိုပေးခဲ့ကြောင်း၊ အမျိုးသမီးကလည်း ထိုင်းနိုင်ငံဘက်မှ ဇွန်လ(၇)ရက်တွင် ပြန်လာခဲ့ပြီးနောက် ရန်ကုန်မြို့လှိုင်သာယာမြို့နယ်အထိ လိုက်ပါလာခဲ့ကာ တည်ခိုးခန်းတစ်ခုတွင် ညအိပ်တည်းခိုးခဲ့ကြကြောင်း၊ ယင်းနောက်တွင် သိန်းထိုက်က မိုင်းလားမြို့ရှိ ၎င်း၏သူဌေးမဆိုသူ မမိုးယုထံသို့ခေါ်ဆောင်သွားခဲ့ကြောင်းလည်း သိရသည်။ မိုင်းလားမြို့အရောက်တွင် တရုတ်စိုက်ပျိုးရေးခြံမှာ ရောင်းချလိုက်ပြီဖြစ်သဖြင့် အခြားအလုပ်တစ်ခုခုလုပ်ကြရန်တိုင်ပင်၍ အမျိုးသမီးအား အိမ်ဖော်အလုပ်တစ်ခုခု လုပ်ရန်ဟုဆိုကာ ဓါတ်ပုံရိုက်ပြီး တရုတ်နိုင်ငံမှ ဝယ်လက်များထံ ပေးပို့ခဲ့သည်ဟု ဇူလိုင်လ(၇)ရက်တွင်ထုတ်ပြန်ခဲ့သော ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ သူဌေးမ မမိုးယုဆိုသူ၏ ဖခင် ဦးဖြိုးဆိုသူကလည်း အမျိုးသမီးကို တရုတ်သို့ကားဖြင့် ခေါ်ဆောင်သွားခဲ့ရာမှ ၎င်းမှာ တရုတ်မယားအဖြစ် ရောင်းစားခံခဲ့ရခြင်းဖြစ်ကြောင်း သဘောပေါက်ခဲ့ပြီး ကားဖြင့်မလိုက်ဘဲ မိုင်းလားတွင် ဆက်လက်နေထိုင်ခဲ့ကြောင်း သိရသည်။ ယင်းနောက်တွင် လူကုန်တားရဲတပ်ဖွဲ့ထံ ဆက်သွယ်အကြောင်းကြားခဲ့ရာမှ အမှတ်(၁၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲစု (ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်များက သွားရောက်ခေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်အတွက် သိန်းထိုက်၊ မမိုးယုနှင့် ဦးဖြိုးတို့(၃)ဦးကို ကျိုင်းတုံမြို့မ ရဲစခန်းက (ပ)၇၅၉/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၂၆(က)/ ၃၂ ဖြင့် အမှုဖွင့်ထားကြောင်းလည် ထုတ်ပြန်ချက်အရ သိရသည်။  

   -  မုိးတိမ္(အကုန္သိသတင္းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။