Skip to main content
မႈခင္း
Ads Block

တကၠစီငွားစီသူကုိ တကၠစီသမားဦးေဆာင္သည့္ အမ်ဳိးသားေလးဦးက ဓါးျပတုိက္သကဲ့သုိ ့၀ုိင္း၀န္းလုယက္သည့္ျဖစ္စဥ္ သဃၤန္းကၽြန္း၌ ျဖစ္ပြား

တကၠစီငွားစီးသူကုိ တကၠစီသမားဦးေဆာင္သည့္ အမ်ဳိးသားေလးဦးက ဓါးျဖင့္ေထာက္၍ေငြႏွင့္ပစၥည္းမ်ားကုိ ဓါးျပတုိက္သကဲ့သုိ ့လုယက္ခဲ့သည့္ျဖစ္စဥ္တစ္ခု သဃၤန္းကၽြန္းျမိဳ ့နယ္၌ ျဖစ္ပြားခဲ့ျပီး လုယက္သူသုံးဦးကုိလည္း ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။ 

အခင္းျဖစ္စဥ္အရ ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၁၃)ရပ္ကြက္တြင္ေနထုိင္သည့္ အသက္(၃၅)ႏွစ္အရြယ္ ကိုေက်ာ္ေဇာဆုိသူက ဇူလုိင္လ(၂)ရက္ နံနက္ပုိင္းတြင္ ေနအိမ္သုိ ့ျပန္ရန္ (၁၁)ရပ္ကြက္၊ ေဝဇယႏၲာလမ္းႏွင့္ ေမတၱာလမ္းေထာင့္၌ တကၠစီ(၁)စီးကုိ ၂ဝဝဝ က်ပ္ ျဖင့္ငွားရမ္းခဲ့ရာမွ စတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ တကၠစီငွားစီးခ်ိန္တြင္ ယာဥ္ေမာင္းေရွ ့ခန္း၌ တကၠစီေမာင္းသမားအျပင္ အျခားအမ်ဳိးသားတစ္ဦးကုိပါ ေတြ ့ခဲ့ရေသာ္လည္း ပုံမွန္အေနအထားျဖင့္ လုိက္ပါလာခဲ့ရာမွ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ကုန္လမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန႐ုံးေရွ႕အေရာက္တြင္ ေနာက္ခန္းႏွင့္ တစ္ဆက္တည္းရွိ ယာဥ္ေနာက္ဖုံးအတြင္းမွ ပုန္း၍လိုက္ပါလာသူ လူငယ္ႏွစ္ဦးက ကိုေက်ာ္ေဇာ၏ လည္ပင္းကုိ ေနာက္မွေန၍ ဓားေျမႇာင္ျဖင့္ေထာက္ကာ ပစၥည္းမ်ားေတာင္းခံရယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ယင္းျဖစ္စဥ္အတြင္း စုစုေပါင္းတန္ဖုိးေငြ ၂၃ သိန္းထက္မနည္းကုိ ကုိေက်ာ္ေဇာထံမွ တကၠစီသမားႏွင့္အုပ္စုက ရယူသြားခဲ့ျပီးေနာက္ ကုိေက်ာ္ေဇာကုိ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰ၊ ႀကီးပြားေရးရပ္ကြက္၊ ပန္းေစ်းတန္းမေရာက္မီ လမ္းေဘးတြင္ ကားေပၚမွတြန္းခ်သြားခဲ့ေၾကာင္းလည္း သိရသည္။ ကံေကာင္းေထာက္မစြာ အသက္မေသခဲ့ေသာ ကုိေက်ာ္ေဇာက သုဝဏၰနယ္ေျမရဲစခန္း၌(ပ)၅၇၂/၂ဝ၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၂/၁၁၄ ျဖင့္ အမႈေရးဖြင့္တုိင္ၾကားခဲ့သည့္အတြက္ ရဲတပ္ဖြဲ ့က အေသးစိတ္စုံစမ္းေဖာ္ထုတ္ရာတြင္ ဇူလုိင္လ(၅)ရက္၌ ေဖာ္ထုတ္ဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ ့၏ ဇူလုိင္လ(၇)ရက္က ထုတ္ျပန္ခ်က္အရ သိရသည္။

ယင္းျဖစ္စဥ္အတြင္း၌ တရားခံမ်ားျဖစ္ေသာ ဒဂုံေတာင္ၿမိဳ႕နယ္၊ (၆၅)ရပ္ကြက္ေန ေဇယ်ာမ်ိဳးေမာင္(၂၅)ႏွစ္၊ (၂၃) ရပ္ကြက္ေန အတာ(ခ)ဘိုဖုခ်ိဳ (၁၈)ႏွစ္၊ (၂၆)ရပ္ကြက္ေန တိုးတိုးေအာင္(ခ)ေဇာ္ေအာင္(ခ)တိုးႀကီး (၂၆)ႏွစ္ႏွင့္ မ်ိဳးသက္(၂၇)ႏွစ္တို႔ ကုိ သုဝဏၰနယ္ေျမရဲစခန္းက ဖမ္းဆီး၍ တရားဥပေဒအတုိင္းဆက္လက္ေဆာင္ရြက္ေနျပီျဖစ္ေၾကာင္း သိရသည္။ 

Unicode Version 

တက္ကစီငှားစီးသူကို တက္ကစီသမားဦးဆောင်သည့် အမျိုးသားလေးဦးက ဓါးဖြင့်ထောက်၍ငွေနှင့်ပစ္စည်းများကို ဓါးပြတိုက်သကဲ့သို့လုယက်ခဲ့သည့်ဖြစ်စဉ်တစ်ခု သင်္ဃန်းကျွန်းမြို့နယ်၌ ဖြစ်ပွားခဲ့ပြီး လုယက်သူသုံးဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ 
အခင်းဖြစ်စဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်တွင်နေထိုင်သည့် အသက်(၃၅)နှစ်အရွယ် ကိုကျော်ဇောဆိုသူက ဇူလိုင်လ(၂)ရက် နံနက်ပိုင်းတွင် နေအိမ်သို့ပြန်ရန် (၁၁)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် မေတ္တာလမ်းထောင့်၌ တက္ကစီ(၁)စီးကို ၂ဝဝဝ ကျပ် ဖြင့်ငှားရမ်းခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တက္ကစီငှားစီးချိန်တွင် ယာဉ်မောင်းရှေ့ခန်း၌ တက္ကစီမောင်းသမားအပြင် အခြားအမျိုးသားတစ်ဦးကိုပါ တွေ့ခဲ့ရသော်လည်း ပုံမှန်အနေအထားဖြင့် လိုက်ပါလာခဲ့ရာမှ သင်္ဃန်းကျွန်းမြို့နယ်၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးရှေ့အရောက်တွင် နောက်ခန်းနှင့် တစ်ဆက်တည်းရှိ ယာဉ်နောက်ဖုံးအတွင်းမှ ပုန်း၍လိုက်ပါလာသူ လူငယ်နှစ်ဦးက ကိုကျော်ဇော၏ လည်ပင်းကို နောက်မှနေ၍ ဓားမြှောင်ဖြင့်ထောက်ကာ ပစ္စည်းများတောင်းခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်အတွင်း စုစုပေါင်းတန်ဖိုးငွေ ၂၃ သိန်းထက်မနည်းကို ကိုကျော်ဇောထံမှ တက္ကစီသမားနှင့်အုပ်စုက ရယူသွားခဲ့ပြီးနောက် ကိုကျော်ဇောကို သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်၊ ပန်းဈေးတန်းမရောက်မီ လမ်းဘေးတွင် ကားပေါ်မှတွန်းချသွားခဲ့ကြောင်းလည်း သိရသည်။ ကံကောင်းထောက်မစွာ အသက်မသေခဲ့သော ကိုကျော်ဇောက သုဝဏ္ဏနယ်မြေရဲစခန်း၌(ပ)၅၇၂/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုရေးဖွင့်တိုင်ကြားခဲ့သည့်အတွက် ရဲတပ်ဖွဲ့က အသေးစိတ်စုံစမ်းဖော်ထုတ်ရာတွင် ဇူလိုင်လ(၅)ရက်၌ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ဇူလိုင်လ(၇)ရက်က ထုတ်ပြန်ချက်အရ သိရသည်။ ယင်းဖြစ်စဉ်အတွင်း၌ တရားခံများဖြစ်သော ဒဂုံတောင်မြို့နယ်၊ (၆၅)ရပ်ကွက်နေ ဇေယျာမျိုးမောင်(၂၅)နှစ်၊ (၂၃) ရပ်ကွက်နေ အတာ(ခ)ဘိုဖုချို (၁၈)နှစ်၊ (၂၆)ရပ်ကွက်နေ တိုးတိုးအောင်(ခ)ဇော်အောင်(ခ)တိုးကြီး (၂၆)နှစ်နှင့် မျိုးသက်(၂၇)နှစ်တို့ ကို သုဝဏ္ဏနယ်မြေရဲစခန်းက ဖမ်းဆီး၍ တရားဥပဒေအတိုင်းဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ 

   -   မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။