Skip to main content
လူေသ
Ads Block

အျမန္လမ္းေဘး၌ မဟာဓါတ္အားလုိင္းလာဆင္သည့္ တရုတ္(၄) ဦး အျမင့္ေပ(၁၀၀)ခန္ ့မွ ျပဳတ္က်ျပီး သုံးဦးေသဆုံး

ရန္ကုန္-မႏၱေလး အျမန္လမ္းမၾကီးေဘး မိတၳီလာမွ ေတာင္ငူသုိ ့သြယ္တန္းလ်က္ရွိေသာ ၅၀၀ KVA မဟာဓါတ္အားလုိင္းတြင္ အလုပ္လုပ္ေနသည့္ တရုတ္ႏုိင္ငံသား(၄)ဦး အျမင့္ေပ(၁၀၀)ခန္ ့မွ ရုတ္တရက္ျပဳတ္က်ျပီး သုံးဦးေသဆုံးသြားေၾကာင္း သတင္းရရွိသည္။ 

တာ၀ါ

ေပ်ာ္ဘြယ္ၿမိဳ႕၊ နတ္စုန္းေမွာ္ေက်း႐ြာအေနာက္ေတာင္ဘက္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္(၂၆၉/၆-၇)ၾကားလမ္း၏အေနာက္ဘက္ (၁)မိုင္ခန႔္အကြာတြင္ရွိေသာ 500 KVA မဟာဓာတ္အားလိုင္း တိုင္အမွတ္(၉၁)တြင္ ဓာတ္အားလိုင္းႀကိဳးသြယ္တန္းျခင္းလုပ္ငန္းေဆာင္႐ြက္ေနစဥ္ ယင္းကဲ့သုိ ့ျဖစ္ပြားခဲ့ျခင္းဟု ရဲတပ္ဖြဲ ့၏ ဇူလုိင္လ ၇ ရက္က သတင္းထုတ္ျပန္ခ်က္အရ သိရသည္။ အခင္းျဖစ္စဥ္အရ CEEC ကုမၸဏီမွ ဝန္ထမ္းမ်ားျဖစ္ေသာ မိတၳီလာၿမိဳ႕၊ ဝန္ဇင္းရပ္ကြက္ေန တ႐ုတ္ႏိုင္ငံသား ZI Fayou(၂၈)ႏွစ္၊ Li Wenquan(၂၉)ႏွစ္၊ He Kaili(၂၇)ႏွစ္၊ Yang Shihua(၂၉)ႏွစ္တို႔က ဇူလိုင္လ ၆ ရက္ညေနပုိင္းတြင္ ဓါတ္အားလုိင္းၾကိဳးတင္ျခင္းလုပ္ငန္းမ်ား လုပ္ကုိင္ေဆာင္ရြက္ေနစဥ္ တုိင္မူလီမ်ားျပဳတ္ထြက္ရာမွတစ္ဆင့္ အျမင့္ေပ (၁၀၀)ခန္ ့မွ ရုတ္တရက္ျပဳတ္က်သြားျခင္းျဖစ္ေၾကာင္း သိရသည္။ ယင္းကဲ့သုိ ့ျပဳတ္က်မႈအတြင္း မစၥတာ Yang Shihua က ကံေကာင္းေထာက္မစြာျဖင့္ တာ၀ါတုိင္ေပၚ၌ ေျခေထာက္ညပ္၍ ထိခုိက္ဒဏ္ရာရရွိခဲ့ျပီး အျခားသုံးဦးမွာ ေအာက္သုိ ့တုိက္ရုိက္ျပဳတ္က်ရာမွ ပြဲခ်င္းျပီးေသဆုံးသြားရေၾကာင္းလည္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ေညာင္ကုန္းရဲကင္းစခန္းက ေသမႈေသခင္းအမွတ္စဥ္ (၃/၂၀၁၉)ျဖင့္ ေရးဖြင့္စစ္ေဆးေနေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။ 

ေသ

Unicode Version 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး မိတ္ထီလာမှ တောင်ငူသို့သွယ်တန်းလျက်ရှိသော ၅၀၀ KVA မဟာဓါတ်အားလိုင်းတွင် အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသား(၄)ဦး အမြင့်ပေ(၁၀၀)ခန့်မှ ရုတ်တရက်ပြုတ်ကျပြီး သုံးဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ 
ပျော်ဘွယ်မြို့၊ နတ်စုန်းမှော်ကျေးရွာအနောက်တောင်ဘက် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၆၉/၆-၇)ကြားလမ်း၏အနောက်ဘက် (၁)မိုင်ခန့်အကွာတွင်ရှိသော 500 KVA မဟာဓာတ်အားလိုင်း တိုင်အမှတ်(၉၁)တွင် ဓာတ်အားလိုင်းကြိုးသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေစဉ် ယင်းကဲ့သို့ဖြစ်ပွားခဲ့ခြင်းဟု ရဲတပ်ဖွဲ့၏ ဇူလိုင်လ ၇ ရက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။ အခင်းဖြစ်စဉ်အရ CEEC ကုမ္ပဏီမှ ဝန်ထမ်းများဖြစ်သော မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်နေ တရုတ်နိုင်ငံသား ZI Fayou(၂၈)နှစ်၊ Li Wenquan(၂၉)နှစ်၊ He Kaili(၂၇)နှစ်၊ Yang Shihua(၂၉)နှစ်တို့က ဇူလိုင်လ ၆ ရက်ညနေပိုင်းတွင် ဓါတ်အားလိုင်းကြိုးတင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေစဉ် တိုင်မူလီများပြုတ်ထွက်ရာမှတစ်ဆင့် အမြင့်ပေ (၁၀၀)ခန့်မှ ရုတ်တရက်ပြုတ်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ပြုတ်ကျမှုအတွင်း မစ္စတာ Yang Shihua က ကံကောင်းထောက်မစွာဖြင့် တာဝါတိုင်ပေါ်၌ ခြေထောက်ညပ်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားသုံးဦးမှာ အောက်သို့တိုက်ရိုက်ပြုတ်ကျရာမှ ပွဲချင်းပြီးသေဆုံးသွားရကြောင်းလည်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ညောင်ကုန်းရဲကင်းစခန်းက သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးနေကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။ 

   - မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။