Skip to main content
အေၾကြးေတာင္းၿပီးျပန္လာသည့္ ၈၃ ႏွစ္အရြယ္ အဖြားအိုအား အသက္ ၂၀ အရြယ္ အမ်ဳိးသားက အဓမၼျပဳက်င့္
Ads Block

အေၾကြးေတာင္းၿပီးျပန္လာသည့္ ၈၃ ႏွစ္အရြယ္ အဖြားအိုအား အသက္ ၂၀ အရြယ္ အမ်ဳိးသားက အဓမၼျပဳက်င့္

အေၾကြးေတာင္းၿပီး ျပန္လာသည့္ ၈၃ ႏွစ္အရြယ္ အဖြားအိုအား ၂၀ ႏွစ္ အရြယ္အမ်ဳိးသားက အဓမၼျပဳက်င့္ခဲ့မႈ ခင္ဦးၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုခရိုင္၊ ခင္ဦးၿမိဳ႕နယ္၊ ႀကိဳ႕ကန္ေက်းရြာေန ေဒၚ ------- (၈၃) ႏွစ္သည္ ဇူလိုင္လ ၅ ရက္၊ နံနက္ ၈ နာရီခန္႔က တစ္မုိင္ခန္႔ကြာေဝးေသာ ကၽြန္းပင္ကန္ေက်းရြာသို႔ အေၾကြးသြားေတာင္းၿပီး ျပန္လာစဥ္  မုိးဒီ (၂၀)ႏွစ္က အဓမၼျပဳ က်င့္ခဲ့ေၾကာင္း ခင္ဦးၿမိဳ႕မရဲစခန္းမွ သိရသည္။
“အဖြားႀကီးက ကၽြန္းပင္ကန္ေက်းရြာမွာ မနက္အေစာႀကီး အေၾကြးေတာင္းသြားခဲ့တယ္။ အဲဒီကေန ျပန္အလာမွာ ေကာင္ေလး က ေနာက္ကေန ပါလာၿပီး ကုန္းၾကားအေရာက္မွာ တြန္းလွဲၿပီး အဓမၼျပဳက်င့္တယ္လို႔ ေျပာတာပဲ။ ေကာင္ေလးက စကားမေျပာ တတ္ေတာ့ အခုထိ ဟုတ္တိပတ္တိေမးလို႔ မရေသးဘူး။ ၿပီးေတာ့ သူက ဒီကိစၥကို ဝန္မခံဘူး။ ဒါေပမဲ့ အခင္းျဖစ္စဥ္ေနရာမွာ အဖြားႀကီးေျပာတဲ့ ေနရာေပါ့။ အဲဒီကိုသြားၾကည့္ေတာ့ ေကာင္ေလးလည္ပင္းက ျပတ္က်န္ခဲ့တဲ့ ဆြဲသီးအျပတ္ေလး တစ္ခုရယ္၊ အဖြားႀကီး ဘီးရယ္၊ ေနာက္ၿပီး ေကာင္ေလးေသာက္တဲ့ ေဆးလိပ္တိုေလးရယ္ကို ေတြ႔ခဲ့ရတယ္” ဟု ခင္ဦးၿမိဳ႕မရဲစခန္းမွ စခန္း မွဴး ဒုရဲမွဴး ထြန္းထြန္းဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ မုိးဒီ၊ (၂၀)ႏွစ္၊ ကၽြန္းပင္ကန္ေက်းရြာေနသူကို ႏြားေက်ာင္းေနရင္း ဖမ္းဆီးရမိခဲ့ၿပီး ခင္ဦးၿမိဳ႕မရဲ စခန္း၌ (ပ)၃၇၅/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ - ၃၇၆ ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။
- ႏိုင္မင္းလြင္( အကုန္သိ သတင္းဌာန )  | ဓာတ္ပုံ-ခင္ဦးၿမိဳ႕မရဲတပ္ဖြဲ႔

Unicode Version

 

အကြွေးတောင်းပြီး ပြန်လာသည့် ၈၃ နှစ်အရွယ် အဖွားအိုအား ၂၀ နှစ် အရွယ်အမျိုးသားက အဓမ္မပြုကျင့်ခဲ့မှု ခင်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကြို့ကန်ကျေးရွာနေ ဒေါ် ------- (၈၃) နှစ်သည် ဇူလိုင်လ ၅ ရက်၊ နံနက် ၈ နာရီခန့်က တစ်မိုင်ခန့်ကွာဝေးသော ကျွန်းပင်ကန်ကျေးရွာသို့ အကြွေးသွားတောင်းပြီး ပြန်လာစဉ်  မိုးဒီ (၂၀)နှစ်က အဓမ္မပြု ကျင့်ခဲ့ကြောင်း ခင်ဦးမြို့မရဲစခန်းမှ သိရသည်။
“အဖွားကြီးက ကျွန်းပင်ကန်ကျေးရွာမှာ မနက်အစောကြီး အကြွေးတောင်းသွားခဲ့တယ်။ အဲဒီကနေ ပြန်အလာမှာ ကောင်လေး က နောက်ကနေ ပါလာပြီး ကုန်းကြားအရောက်မှာ တွန်းလှဲပြီး အဓမ္မပြုကျင့်တယ်လို့ ပြောတာပဲ။ ကောင်လေးက စကားမပြော တတ်တော့ အခုထိ ဟုတ်တိပတ်တိမေးလို့ မရသေးဘူး။ ပြီးတော့ သူက ဒီကိစ္စကို ဝန်မခံဘူး။ ဒါပေမဲ့ အခင်းဖြစ်စဉ်နေရာမှာ အဖွားကြီးပြောတဲ့ နေရာပေါ့။ အဲဒီကိုသွားကြည့်တော့ ကောင်လေးလည်ပင်းက ပြတ်ကျန်ခဲ့တဲ့ ဆွဲသီးအပြတ်လေး တစ်ခုရယ်၊ အဖွားကြီး ဘီးရယ်၊ နောက်ပြီး ကောင်လေးသောက်တဲ့ ဆေးလိပ်တိုလေးရယ်ကို တွေ့ခဲ့ရတယ်” ဟု ခင်ဦးမြို့မရဲစခန်းမှ စခန်း မှူး ဒုရဲမှူး ထွန်းထွန်းဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးဒီ၊ (၂၀)နှစ်၊ ကျွန်းပင်ကန်ကျေးရွာနေသူကို နွားကျောင်းနေရင်း ဖမ်းဆီးရမိခဲ့ပြီး ခင်ဦးမြို့မရဲ စခန်း၌ (ပ)၃၇၅/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ - ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
- နိုင်မင်းလွင်( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ-ခင်ဦးမြို့မရဲတပ်ဖွဲ့

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။