Skip to main content
ယခုႏွစ္အတြင္း ေသြးလြန္တုပ္ေကြး ကပ္ေရာဂါ အသြင္မျဖစ္ေစရန္ ဂရုစိုက္ရမည္ဟု က်န္းမာေရး၀န္ႀကီးဌာန သတိေပး
Ads Block

ယခုႏွစ္အတြင္း ေသြးလြန္တုပ္ေကြး ကပ္ေရာဂါ အသြင္မျဖစ္ေစရန္ ဂရုစိုက္ရမည္ဟု က်န္းမာေရး၀န္ႀကီးဌာန သတိေပး

ေသြးလြန္တုပ္ေကြး ေရာဂါသည္ ႏွစ္ႏွစ္လွ်င္ တစ္ႀကိမ္ႏႈန္း ကပ္ေရာဂါကဲ့သို႔ ျဖစ္ပြားေလ့ရွိသည့္အတြက္ ယခုႏွစ္တြင္ အထူး ဂရုစိုက္ရန္ လိုအပ္ေနေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ သိရသည္။
ယင္းကဲ့သို႔ ကပ္ေရာဂါအျဖစ္ မျဖစ္ပြားလာေစရန္ ကာကြယ္မႈမ်ားကုိ ပုိတိုးၿပီး လုပ္ေဆာင္ေနေၾကာင္းႏွင့္ ေသြးလြန္တုပ္ေကြး ေရာဂါသည္ ယခင္က အသက္ ၅ ႏွစ္မွ ၉ ႏွစ္ ဝန္းက်င္ ကေလးငယ္မ်ားသာ အျဖစ္မ်ားေသာ္လည္း ယခုေနာက္ပုိင္းတြင္ အ သက္ ၁၅ ႏွစ္အထိ ျဖစ္ပြားမႈမ်ားရွိလာေသာေၾကာင့္ အထူးဂရုစိုက္ရန္ လုိအပ္ေနေၾကာင္း သိရသည္။
က်န္းမ်ား၀န္ႀကီးဌာန၏ စာရင္းအခ်က္အလက္ေတြအရ ၂၀၁၅ ခုႏွစ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားခဲ့သူ ၄၀၀၀၀ ေက်ာ္ရွိ ခဲ့ၿပီး ၂၀၁၆ ခုႏွစ္တြင္ ၁၀၀၀၀ ေက်ာ္ ၊ ၂၀၁၇ ခုႏွစ္တြင္ ၃၀၀၀၀ ေက်ာ္ ၊ ၂၀၁၈ ခုႏွစ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားသူ ၂၀၀၀၀ ရွိခဲ့ၿပီး ယခုႏွစ္တြင္ အဆိုပါ အေရအတြက္မ်ားထက္ ေသြးလြန္ေကြးေရာဂါ ျဖစ္ပြားသူႏႈန္း မ်ားျပားႏုိင္မည့္ အေနအထား ျဖစ္ေနေၾကာင္း သိရသည္။
“ ဒီေရာဂါက ကပ္ေရာဂါလို ျဖစ္ပြားေလ့ရွိတာကို ၿပီးခဲ့တဲ့ႏွစ္ ေဒတာေတြအရ သိရတယ္။ ဒါေၾကာင့္ ဒီႏွစ္မွာ ကပ္ေရာဂါ မျဖစ္ ေအာင္ ကာကြယ္ေရး လုပ္ငန္းေတြ လုပ္ေနတယ္။ ေက်ာင္းေတြမွာ ဆိုရင္လည္း ေက်ာင္းမဖြင့္ခင္ ေမလေလာက္ကတည္းက အဘိတ္ေဆး ခတ္တာေတြ ၊ ျခင္ေအာင္းႏုိင္မယ့္ ေနရာေတြ ၊ ပုိးေလာက္လန္းေတြ စတာေတြကုိ လုပ္တယ္။ ေနာက္ၿပီး သက္ ဆိုင္ရာ ေက်းရြာေတြ၊ အုပ္ခ်ဳပ္ေရးမွဴး၊ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရး ၊ ၾကက္ေျခနီ ၊ စတဲ့အဖြဲ႔အစည္းေတြနဲ႔ တုိင္းနဲ႔ ျပည္နယ္ အလုိက္လုပ္ေဆာင္ေနပါတယ္။ ခုဆိုရင္ ေသြးလြန္တုပ္ေကြးက မိုးရာသီတင္ မဟုတ္ဘူး။ တစ္ႏွစ္ပတ္လုံး ကာကြယ္ေရး လုပ္ ငန္းေတြကုိ ေပါ့ေလ်ာ့လုိ႔ မရဘူး”ဟု ေသြးလြန္တုပ္ေကြးေရာဂါ ကာကြယ္ႏွိမ္ႏွင္းေရးစီမံခ်က္ ဒုတိယညႊန္ၾကားေရးမွဴး စီမံခ်က္ မန္ေနဂ်ာ ေဒါက္တာေနရည္ရည္လင္းက ေျပာသည္။
ေသြးလြန္တုပ္ေကြးေရာဂါကာကြယ္ေဆးသည္ ျမန္မာႏုိင္ငံႏွင့္ ကုိက္ညီမႈမရွိေသးသျဖင့္ က်န္းမာေရး၀န္ႀကီးဌာနမွ ေဆာင္ရြက္ ေပးေနသည့္ ကာကြယ္ေဆးထိုးႏွံသည့္ အစီအစဥ္တြင္ ထည့္သြင္းထိုးႏွံေပးျခင္းမရွိေသးေၾကာင္းႏွင့္ ေသြးလြန္တုပ္ေကြး ကာ ကြယ္ေဆးသည္ ယင္းေရာဂါ တစ္ႀကိမ္ျဖစ္ဖူးသူမ်ားသာ ထုိးႏွံႏုိင္ျခင္းျဖစ္ေၾကာင္း သိရသည္ ။
“ တစ္ခါမွ ေရာဂါမျဖစ္ဖူးတဲ့ သူအတြက္က ဒီေသြးလြန္တုပ္ေကြး ေရာဂါကာကြယ္ေဆးက မသင့္ေတာ္ဘူး။ ျဖစ္ဖူးတဲ့ သူက် ေနာက္တစ္ခါထပ္ျဖစ္ရင္ ခံႏုိင္ရည္ရွိၿပီး ကာကြယ္ေဆးထုိးလုိ႔ရတဲ့ အေနအထားျဖစ္တယ္။ ေသြးလြန္တုပ္ေကြး ေရာဂါကာကြယ္ ေဆးကုိ ထုိးႏွံေပးႏိုင္ဖို႔အတြက္ ထုိးႏွံေပးသင့္ မသင့္ဆိုတာကို ေဆြးေႏြးမႈျပဳလုပ္သြားရမွာျဖစ္ပါတယ္”ဟု ၄င္းက ထပ္မံေျပာ ၾကားခဲ့သည္။
လက္ရွိတြင္ ျပည္နယ္ႏွင့္ တုိင္းေဒသႀကီးမ်ား၌ အဘိတ္ေဆး လုံေလာက္စြာ ခ်ထားေပးႏုိင္ရန္ ၊ အႏုစိတ္စီမံခ်က္မ်ား ေရးဆြဲၿပီး လုပ္ေဆာင္ေနေၾကာင္း သိရသည္။
ယခုႏွစ္ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလမွ ဇြန္လ ၈ ရက္အထိ ငါးလေက်ာ္ကာလအတြင္း ျမန္မာတစ္ႏုိင္ငံလုံးတြင္ ေသြးလြန္တုပ္ေကြး ျဖစ္ပြားသူ ၃၀၀၀ ေက်ာ္ရွိခဲ့ၿပီး ေသဆုံးသူ ၁၂ ဦးအထိရွိခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၊ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ သိရသည္။

- စုသက္ႏွင္း (အကုန္သိ သတင္းဌာန)

Unicode Version

 

သွေးလွန်တုပ်ကွေး ရောဂါသည် နှစ်နှစ်လျှင် တစ်ကြိမ်နှုန်း ကပ်ရောဂါကဲ့သို့ ဖြစ်ပွားလေ့ရှိသည့်အတွက် ယခုနှစ်တွင် အထူး ဂရုစိုက်ရန် လိုအပ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ယင်းကဲ့သို့ ကပ်ရောဂါအဖြစ် မဖြစ်ပွားလာစေရန် ကာကွယ်မှုများကို ပိုတိုးပြီး လုပ်ဆောင်နေကြောင်းနှင့် သွေးလွန်တုပ်ကွေး ရောဂါသည် ယခင်က အသက် ၅ နှစ်မှ ၉ နှစ် ဝန်းကျင် ကလေးငယ်များသာ အဖြစ်များသော်လည်း ယခုနောက်ပိုင်းတွင် အ သက် ၁၅ နှစ်အထိ ဖြစ်ပွားမှုများရှိလာသောကြောင့် အထူးဂရုစိုက်ရန် လိုအပ်နေကြောင်း သိရသည်။
ကျန်းများဝန်ကြီးဌာန၏ စာရင်းအချက်အလက်တွေအရ ၂၀၁၅ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့သူ ၄၀၀၀၀ ကျော်ရှိ ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၁၀၀၀၀ ကျော် ၊ ၂၀၁၇ ခုနှစ်တွင် ၃၀၀၀၀ ကျော် ၊ ၂၀၁၈ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀၀၀၀ ရှိခဲ့ပြီး ယခုနှစ်တွင် အဆိုပါ အရေအတွက်များထက် သွေးလွန်ကွေးရောဂါ ဖြစ်ပွားသူနှုန်း များပြားနိုင်မည့် အနေအထား ဖြစ်နေကြောင်း သိရသည်။
“ ဒီရောဂါက ကပ်ရောဂါလို ဖြစ်ပွားလေ့ရှိတာကို ပြီးခဲ့တဲ့နှစ် ဒေတာတွေအရ သိရတယ်။ ဒါကြောင့် ဒီနှစ်မှာ ကပ်ရောဂါ မဖြစ် အောင် ကာကွယ်ရေး လုပ်ငန်းတွေ လုပ်နေတယ်။ ကျောင်းတွေမှာ ဆိုရင်လည်း ကျောင်းမဖွင့်ခင် မေလလောက်ကတည်းက အဘိတ်ဆေး ခတ်တာတွေ ၊ ခြင်အောင်းနိုင်မယ့် နေရာတွေ ၊ ပိုးလောက်လန်းတွေ စတာတွေကို လုပ်တယ်။ နောက်ပြီး သက် ဆိုင်ရာ ကျေးရွာတွေ၊ အုပ်ချုပ်ရေးမှူး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ၊ ကြက်ခြေနီ ၊ စတဲ့အဖွဲ့အစည်းတွေနဲ့ တိုင်းနဲ့ ပြည်နယ် အလိုက်လုပ်ဆောင်နေပါတယ်။ ခုဆိုရင် သွေးလွန်တုပ်ကွေးက မိုးရာသီတင် မဟုတ်ဘူး။ တစ်နှစ်ပတ်လုံး ကာကွယ်ရေး လုပ် ငန်းတွေကို ပေါ့လျော့လို့ မရဘူး”ဟု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးစီမံချက် ဒုတိယညွှန်ကြားရေးမှူး စီမံချက် မန်နေဂျာ ဒေါက်တာနေရည်ရည်လင်းက ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ဆေးသည် မြန်မာနိုင်ငံနှင့် ကိုက်ညီမှုမရှိသေးသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက် ပေးနေသည့် ကာကွယ်ဆေးထိုးနှံသည့် အစီအစဉ်တွင် ထည့်သွင်းထိုးနှံပေးခြင်းမရှိသေးကြောင်းနှင့် သွေးလွန်တုပ်ကွေး ကာ ကွယ်ဆေးသည် ယင်းရောဂါ တစ်ကြိမ်ဖြစ်ဖူးသူများသာ ထိုးနှံနိုင်ခြင်းဖြစ်ကြောင်း သိရသည် ။
“ တစ်ခါမှ ရောဂါမဖြစ်ဖူးတဲ့ သူအတွက်က ဒီသွေးလွန်တုပ်ကွေး ရောဂါကာကွယ်ဆေးက မသင့်တော်ဘူး။ ဖြစ်ဖူးတဲ့ သူကျ နောက်တစ်ခါထပ်ဖြစ်ရင် ခံနိုင်ရည်ရှိပြီး ကာကွယ်ဆေးထိုးလို့ရတဲ့ အနေအထားဖြစ်တယ်။ သွေးလွန်တုပ်ကွေး ရောဂါကာကွယ် ဆေးကို ထိုးနှံပေးနိုင်ဖို့အတွက် ထိုးနှံပေးသင့် မသင့်ဆိုတာကို ဆွေးနွေးမှုပြုလုပ်သွားရမှာဖြစ်ပါတယ်”ဟု ၎င်းက ထပ်မံပြော ကြားခဲ့သည်။
လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ အဘိတ်ဆေး လုံလောက်စွာ ချထားပေးနိုင်ရန် ၊ အနုစိတ်စီမံချက်များ ရေးဆွဲပြီး လုပ်ဆောင်နေကြောင်း သိရသည်။
ယခုနှစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၈ ရက်အထိ ငါးလကျော်ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၁၂ ဦးအထိရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

- စုသက်နှင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။