Skip to main content
လက္ရွိအစိုးရသည္ ၂၀၀၈ ဖြဲ႔စည္းပံုႏွင့္ဆန္႔က်င္ၿပီးေဆာင္ရြက္ေနဟု ႏုိင္ငံေရးပါတီ ၂၃ ပါတီမွ သေဘာထား ထုတ္ျပန္
Ads Block

လက္ရွိအစိုးရသည္ ၂၀၀၈ ဖြဲ႔စည္းပံုႏွင့္ဆန္႔က်င္ၿပီးေဆာင္ရြက္ေနဟု ႏုိင္ငံေရးပါတီ ၂၃ ပါတီမွ သေဘာထား ထုတ္ျပန္

လက္ရွိအစိုးရသည္ ဖြဲ႔စည္းပံုအေျခခံဥပေဒႏွင့္ ဆန္႔က်င္ကြဲလြဲစြာေဆာင္ရြက္ေနေၾကာင္း ႏုိင္ငံေရးပါတီ ၂၃ ပါတီမွ ပူးတြဲသေဘာထားထုတ္ျပန္လုိက္သည္။
ရန္ကုန္ၿမိဳ႕၊ သံလြင္လမ္းရွိ ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီရုံးတြင္ ဇူလုိင္လ ၅ ရက္ကက်င္းပသည့္ သတင္းစာရွင္းလင္းပြဲတြင္ ယခုကဲ့သို႔ထုတ္ျပန္လုိက္ျခင္းျဖစ္သည္။
“ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားရင္းဝန္ႀကီးဌာနဖြဲ႔စည္းတယ္ဆုိတာ  ဖြဲ႔စည္းပံုအေျခခံဥပေဒကို ေက်ာ္လြန္ၿပီးလုပ္တာ။ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒကုိေက်ာ္လုပ္တယ္။” ဟု မတူကြဲျပားျခင္းႏွင့္ ၿငိမ္းခ်မ္းေရးပါတီဥကၠ႒ ေဒၚစႏၵာဦးကေျပာသည္။
ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီအပါအဝင္ ႏုိင္ငံေရးပါတီ ၂၃ ခုတို႔မွ လက္မွတ္ေရးထုိးထားသည့္ အခ်က္ ၉ ခ်က္ကို ပူးတြဲသေဘာထားထုတ္ျပန္ခ်က္ေၾကညာခဲ့ျခင္းျဖစ္သည္။
အဆုိပါအခ်က္ ၉ ခ်က္တြင္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ဆုိင္ရာဥပေဒပါ တာဝန္ႏွင့္လုပ္ပုိင္ခြင့္မ်ားအရ ဖြဲ႔စည္းပံုအေျခခံဥပေဒ(၂၀၀၈ခုႏွစ္)ပုဒ္မ၁၁ပုဒ္မခြဲ(က)ပါ ႏုိင္ငံေတာ္အခ်ဳပ္အျခာအာဏာ၏ ခက္မသံုးျဖာ ျဖစ္သည့္ ဥပေဒျပဳေရးအာဏာ၊ အုပ္ခ်ဳပ္ေရးအာဏာႏွင့္ တရားစီရင္ေရးအာဏာတုိ႔ကို တက္ႏုိင္သမွ် ပိုင္းျခားသံုးစြဲျခင္းႏွင့္ အခ်င္းခ်င္းအျပန္အလွန္ထိန္းေက်ာင္းျခင္းတုိ႔သည္ဟူေသာ ျပ႒ာန္းခ်က္မ်ားႏွင့္ ဆန္႔က်င္ေၾကာင္းလည္း အဆုိပါသေဘာထားေၾကညာခ်က္တြင္ ပါရွိသည္။
ထုိ႔အျပင္ တုိင္းႏွင့္ ျပည္နယ္အသီးသီး၌ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနကို ဖြဲ႔စည္းျခင္းသည္ ဖြဲ႔စည္းပံုအေျခခံဥပေဒ(၂၀၀၈) ခုႏွစ္ ပုဒ္မ ၉၆ တြင္ ျပည္ေထာင္စုလႊတ္ေတာ္သည္ ဇယား(၁)တြင္ေဖာ္ျပထားေသာ ျပည္ေထာင္စုဥပေဒျပဳစာရင္းပါကိစၥမ်ားႏွင့္ စပ္လ်ဥ္း၍ ျပည္ေထာင္စု တစ္ဝန္းလံုးအတြက္ေသာ္လည္းေကာင္း၊ ျပည္ေထာင္စု၏ တစ္စိတ္တစ္ေဒသအတြက္ေသာ္လည္းေကာင္း အာဏာတက္ေရာက္ေစရန္ ဥပေဒျပဳခြင့္ရွိသည္ ဟူေသာ ျပ႒ာန္းခ်က္ႏွင့္ ျပည္ေထာင္စုဥပေဒျပဳစာရင္းဇယား ၁၏ အပုိဒ္ ၁၀ အပိုဒ္ခြဲ(ည)ပါ ျပ႒ာန္းခ်က္၌ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားတြင္လုပ္ပိုင္ခြင့္ေပးထားျခင္း မရွိသည့္ လူဝင္မႈႀကီးၾကပ္ေရးဆုိင္ရာကိစၥမ်ားကိုေက်ာ္လြန္ေဆာင္ရြက္ျခင္းျဖစ္သည္ဟုလည္း အဆုိပါေၾကညာခ်က္တြင္ ပါရွိသည္။

- ခ်မ္းၿငိမ္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

လက်ရှိအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ကွဲလွဲစွာဆောင်ရွက်နေကြောင်း နိုင်ငံရေးပါတီ ၂၃ ပါတီမှ ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။
ရန်ကုန်မြို့၊ သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ဇူလိုင်လ ၅ ရက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားရင်းဝန်ကြီးဌာနဖွဲ့စည်းတယ်ဆိုတာ  ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီးလုပ်တာ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လုပ်တယ်။” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဒေါ်စန္ဒာဦးကပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၃ ခုတို့မှ လက်မှတ်ရေးထိုးထားသည့် အချက် ၉ ချက်ကို ပူးတွဲသဘောထားထုတ်ပြန်ချက်ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါအချက် ၉ ချက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေပါ တာဝန်နှင့်လုပ်ပိုင်ခွင့်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ပုဒ်မ၁၁ပုဒ်မခွဲ(က)ပါ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တက်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းခြင်းတို့သည်ဟူသော ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ကြောင်းလည်း အဆိုပါသဘောထားကြေညာချက်တွင် ပါရှိသည်။
ထို့အပြင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနကို ဖွဲ့စည်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ် ပုဒ်မ ၉၆ တွင် ပြည်ထောင်စုလွှတ်တော်သည် ဇယား(၁)တွင်ဖော်ပြထားသော ပြည်ထောင်စုဥပဒေပြုစာရင်းပါကိစ္စများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသအတွက်သော်လည်းကောင်း အာဏာတက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည် ဟူသော ပြဋ္ဌာန်းချက်နှင့် ပြည်ထောင်စုဥပဒေပြုစာရင်းဇယား ၁၏ အပိုဒ် ၁၀ အပိုဒ်ခွဲ(ည)ပါ ပြဋ္ဌာန်းချက်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လုပ်ပိုင်ခွင့်ပေးထားခြင်း မရှိသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စများကိုကျော်လွန်ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း အဆိုပါကြေညာချက်တွင် ပါရှိသည်။

- ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။