Skip to main content
ရဲတုိက္ရဲ႕သရုပ္ေဆာင္မႈက အတုယူစရာေကာင္းသည္ဟု သရုပ္ေဆာင္ ေဒါင္းေျပာ
Ads Block

ရဲတုိက္ရဲ႕သရုပ္ေဆာင္မႈက အတုယူစရာေကာင္းသည္ဟု သရုပ္ေဆာင္ ေဒါင္းေျပာ

ဆာတိုရီရုပ္ရွင္ထုတ္လုပ္ေရး ရဲ႕ မင္းသားေတြျဖစ္တဲ့ သရုပ္ေဆာင္ႏွစ္ဦး ကေတာ့ ပရိသတ္ေတြ ျမင္ေတြ႕ေစခ်င္ခဲ့သလို ႏွစ္ေယာက္တြဲဇာတ္ကားတစ္ကား က မၾကာမီ ရုံတင္ေတာ့မွာ ျဖစ္ၿပီး သရုပ္ေဆာင္ေဒါင္း က သူ ့ရဲ႕ စီနီယာျဖစ္သူ ရဲတိုက္ရဲ႕ သရုပ္ေဆာင္မႈေတြကို အတုယူစရာေကာင္းေၾကာင္းေျပာျပခဲ့သည္။
သရုပ္ေဆာင္ရဲတုိက္ႏွင့္ ဒ႑ာရီမိုးရုပ္ရွင္ဇာတ္ကားမွာ ပထမဆံုးအႀကိမ္ အတူတူ တြဲဖက္ သရုပ္ေဆာင္ဖူးတာျဖစ္ၿပီး ရဲတုိက္၏ သရုပ္ေဆာင္ခ်က္အပိုင္းတုိင္းကို သေဘာက် အတူယူစရာေကာင္းသည္ဟု ေဒါင္းက ဒ႑ာရီမိုးရုပ္ရွင္ဇာတ္ကား Red Carpet Show မွာ ယခုကဲ့သို႔ေျပာလိုက္ျခင္းျဖစ္သည္။
“ဒီဇာတ္ကားမွာ အားမရတဲ့ အပိုင္းေတြ မရိွဘူး။ ဇာတ္ဝင္ခန္းတုိင္းကို အတိအက် စိတ္ကူးထားၿပီးသား၊ ျပင္ဆင္ထားၿပီးသားအတိုင္း ရုိ္က္တာျဖစ္တဲ့အတြက္ လံုးဝအျပည့္အဝယံုၾကည္တယ္။ ကၽြန္ေတာ္တို႔ ကိုရဲတိုက္ ကို အတုယူသင့္ပါတယ္။ သူက သူရဲ႕ခံစားခ်က္ေတြ သူရဲ႕စိတ္ေတြနဲ႔ ပတ္သက္ရင္ အျပင္မွာ တကယ္ျဖစ္ေနတဲ့အတိုင္းပဲ သရုပ္ေဆာင္တာ အရမ္းေကာင္းပါတယ္။ ဒီဇာတ္ကားထဲက သူရဲ႕သရုပ္ေဆာင္ထားတဲ့အပိုင္းတုိင္းကို ႀကိဳက္တယ္။ ဘာလို႔လဲဆိုေတာ့ သူရဲ႕ ဇာတ္ေကာင္န႔ဲ ကြတ္တိသရုပ္ေဆာင္ႏုိင္တယ္။ ဒီထက္ပိုၿပီး နက္နက္နဲနဲၾကည့္ႏုိင္မယ္ဆိုရင္ ကၽြန္ေတာ္တို႔ တစ္ေယာက္ခ်င္းစီရဲ႕ခံစားခ်က္တုိင္းကို ၾကည့္ၾကည့္ပါ။ ဒီဇာတ္ကားက အဲဒီလိုၾကည့္မွ ပိုၿပီးေတာ့ ခံစားမႈရလာမွာပါ။” ဟု  သရုပ္ေဆာင္ ေဒါင္း က ေျပာသည္။
ဒ႑ာရီမုိး ရုပ္ရွင္ဇာတ္ကားႀကီးကို ဒါရိုက္တာ ဝင္းလြင္ထက္ ပံုေဖာ္ရုိက္ကူးထားတာျဖစ္ၿပီး ဇူလိုင္လ ၁၁ ရက္ေန ့မွ စတင္ျပသမွာ ျဖစ္သလို သရုပ္ေဆာင္ ရဲတိုက္၊ ေဒါင္း၊ ေရႊထူးႏွင့္ အကယ္ဒမီ ဝတ္မႈန္ေရႊရည္တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားေၾကာင္းသိရသည္။
ယခုလက္ရွိေတာ့ သရုပ္ေဆာင္ ေဒါင္း က နာေရးကူညီမႈ အသင္း ဥကၠဌ ဦးေက်ာ္သူႏွင့္ရုိက္ကူးခဲ့သည္ ့ပုဂံၿမိဳ႕သူ ဇာတ္ကားမွာ ပရိသတ္အားေပးမႈ ပိုမိုရရွိခဲ့သလို ယခုရုံတင္ျပသမည့္ ဇာတ္ကား က သူႏွင့္ သူ ့ပရိသတ္ အတြက္ အမွတ္တရ ျဖစ္ေစမည့္ ဇာတ္ကားတစ္ကားျဖစ္ေၾကာင္းသိရသည္။

-မ်ိဳးေကခိုင္ ( အကုန္သိသတင္းဌာန )

Unicode Version

 

ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေး ရဲ့ မင်းသားတွေဖြစ်တဲ့ သရုပ်ဆောင်နှစ်ဦး ကတော့ ပရိသတ်တွေ မြင်တွေ့စေချင်ခဲ့သလို နှစ်ယောက်တွဲဇာတ်ကားတစ်ကား က မကြာမီ ရုံတင်တော့မှာ ဖြစ်ပြီး သရုပ်ဆောင်ဒေါင်း က သူ့ရဲ့ စီနီယာဖြစ်သူ ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေကို အတုယူစရာကောင်းကြောင်းပြောပြခဲ့သည်။
သရုပ်ဆောင်ရဲတိုက်နှင့် ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားမှာ ပထမဆုံးအကြိမ် အတူတူ တွဲဖက် သရုပ်ဆောင်ဖူးတာဖြစ်ပြီး ရဲတိုက်၏ သရုပ်ဆောင်ချက်အပိုင်းတိုင်းကို သဘောကျ အတူယူစရာကောင်းသည်ဟု ဒေါင်းက ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကား Red Carpet Show မှာ ယခုကဲ့သို့ပြောလိုက်ခြင်းဖြစ်သည်။
“ဒီဇာတ်ကားမှာ အားမရတဲ့ အပိုင်းတွေ မရှိဘူး။ ဇာတ်ဝင်ခန်းတိုင်းကို အတိအကျ စိတ်ကူးထားပြီးသား၊ ပြင်ဆင်ထားပြီးသားအတိုင်း ရိုက်တာဖြစ်တဲ့အတွက် လုံးဝအပြည့်အဝယုံကြည်တယ်။ ကျွန်တော်တို့ ကိုရဲတိုက် ကို အတုယူသင့်ပါတယ်။ သူက သူရဲ့ခံစားချက်တွေ သူရဲ့စိတ်တွေနဲ့ ပတ်သက်ရင် အပြင်မှာ တကယ်ဖြစ်နေတဲ့အတိုင်းပဲ သရုပ်ဆောင်တာ အရမ်းကောင်းပါတယ်။ ဒီဇာတ်ကားထဲက သူရဲ့သရုပ်ဆောင်ထားတဲ့အပိုင်းတိုင်းကို ကြိုက်တယ်။ ဘာလို့လဲဆိုတော့ သူရဲ့ ဇာတ်ကောင်နဲ့ ကွတ်တိသရုပ်ဆောင်နိုင်တယ်။ ဒီထက်ပိုပြီး နက်နက်နဲနဲကြည့်နိုင်မယ်ဆိုရင် ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့ခံစားချက်တိုင်းကို ကြည့်ကြည့်ပါ။ ဒီဇာတ်ကားက အဲဒီလိုကြည့်မှ ပိုပြီးတော့ ခံစားမှုရလာမှာပါ။” ဟု  သရုပ်ဆောင် ဒေါင်း က ပြောသည်။
ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက် ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်ပြသမှာ ဖြစ်သလို သရုပ်ဆောင် ရဲတိုက်၊ ဒေါင်း၊ ရွှေထူးနှင့် အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြောင်းသိရသည်။
ယခုလက်ရှိတော့ သရုပ်ဆောင် ဒေါင်း က နာရေးကူညီမှု အသင်း ဥက္ကဌ ဦးကျော်သူနှင့်ရိုက်ကူးခဲ့သည့်ပုဂံမြို့သူ ဇာတ်ကားမှာ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့သလို ယခုရုံတင်ပြသမည့် ဇာတ်ကား က သူနှင့် သူ့ပရိသတ် အတွက် အမှတ်တရ ဖြစ်စေမည့် ဇာတ်ကားတစ်ကားဖြစ်ကြောင်းသိရသည်။

-မျိုးကေခိုင် ( အကုန်သိသတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။