Skip to main content
H1N1 ျဖင့္ေသဆံုးသူ ၃၀ ဦးအထိရွိလာဟု က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန ထုတ္ျပန္
Ads Block

H1N1 ျဖင့္ေသဆံုးသူ ၃၀ ဦးအထိရွိလာဟု က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန ထုတ္ျပန္

၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလမွ ဇူလုိင္လ ၅ ရက္အထိ ရာသီတုပ္ေကြး H1N1 ေရာဂါပိုးျဖင့္ေသဆံုးသူ ၃၀ ဦးရွိၿပီ ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရ သိရသည္။
ထုတ္ျပန္ခ်က္အရ ဓာတ္ခြဲစစ္ေဆးသူစုစုေပါင္း ၄၂၄ ဦး၊ ေရာဂါပုိးျဖစ္ပြားသူ ၁၅၀ ဦးႏွင့္ အဆုိပါပိုး ေတြ႔ရွိသူ အနက္ ေသဆံုးသူ ၃၀ ဦးအထိရွိလာျခင္းျဖစ္သည္။
ေသဆံုးသူမ်ားသည္ အသက္ႀကီးရင့္သူမ်ား၊ အသက္ငယ္ရြယ္လြန္းသူမ်ားႏွင့္ ဆီးခ်ိဳေရာဂါ၊ ေသြးတုိးေရာဂါ၊ ႏွလံုးေရာဂါ၊ အသက္ရႈလမ္းေၾကာင္းေရာဂါ၊ ေမြးရာပါေရာဂါမ်ားႏွင့္ နာတာရွည္ေရာဂါရွိသူမ်ားျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
“ ရာသီတုပ္ေကြးဆုိတာစုိးရိမ္စရာမရွိဘူး။ ရာသီဥတုအေျပာင္းအလဲကာလမ်ားတြင္ ျဖစ္ပြားတတ္ၿပီး ေဆးရုံမ်ားတြင္ စက္ပစၥည္း၊ေဆးဝါးမ်ားအဆင္သင့္ေဆာင္ရြက္ထားတယ္” ဟု ရန္ကုန္တုိင္းေဒသႀကီး၊ က်န္းမာေရးဦးစီးဌာနမွဴးက ရာသီတုပ္ေကြးႏွင့္ ပတ္သက္သည့္သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆုိထားသည္။
အဆုိပါေသဆံုးသူမ်ားမွာ ရန္ကုန္တုိင္းေဒသႀကီးမွ ၂၄ ဦး၊ ဧရာဝတီတုိုင္းေဒသႀကီးမွ ၃ ဦး၊ စစ္ကိုင္းတုိင္းေဒသႀကီးမွ ၂ ဦးႏွင့္ မြန္ျပည္နယ္မွ ၁ ဦး၊ စုစုေပါင္း ၃၀ ဦးျဖစ္ေၾကာင္း သိရသည္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနအေနျဖင့္ လတ္တေလာရာသီတုပ္ေကြးေရာဂါ seasonal influenza A(H1N1) pdm09 ျဖစ္စဥ္ႏွင့္ပတ္သက္၍ ရာသီတုပ္ေကြးေရာဂါအပါအဝင္ ကူးစက္ေရာဂါမ်ားကာကြယ္ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ႏုိင္ရန္ လူနာေဆာင္မ်ားႀကိဳတင္ျပင္ဆင္ထားရွိျခင္း၊ လိုအပ္ေသာေဆးႏွင့္ ေဆးပစၥည္းမ်ား ႀကိဳတင္ျပင္ဆင္ထားရွိျခင္းေရာဂါျဖစ္ပြားလာပါက ထိေရာက္စြာကုသျခင္းလုပ္ငန္းမ်ား၊ ဗဟိုႏွင့္ တုိင္းေဒသႀကီးျပည္နယ္မ်ားအၾကား ခ်ိတ္ဆက္ေဆာင္ရြက္ျခင္းလုပ္ငန္းမ်ားစီစဥ္ေဆာင္ရြက္ထားသည္ဟု ထုတ္ျပန္ထားသည္။

- ခ်မ္းၿငိမ္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ၅ ရက်အထိ ရာသီတုပ်ကွေး H1N1 ရောဂါပိုးဖြင့်သေဆုံးသူ ၃၀ ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးသူစုစုပေါင်း ၄၂၄ ဦး၊ ရောဂါပိုးဖြစ်ပွားသူ ၁၅၀ ဦးနှင့် အဆိုပါပိုး တွေ့ရှိသူ အနက် သေဆုံးသူ ၃၀ ဦးအထိရှိလာခြင်းဖြစ်သည်။
သေဆုံးသူများသည် အသက်ကြီးရင့်သူများ၊ အသက်ငယ်ရွယ်လွန်းသူများနှင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ၊ မွေးရာပါရောဂါများနှင့် နာတာရှည်ရောဂါရှိသူများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ ရာသီတုပ်ကွေးဆိုတာစိုးရိမ်စရာမရှိဘူး။ ရာသီဥတုအပြောင်းအလဲကာလများတွင် ဖြစ်ပွားတတ်ပြီး ဆေးရုံများတွင် စက်ပစ္စည်း၊ဆေးဝါးများအဆင်သင့်ဆောင်ရွက်ထားတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှူးက ရာသီတုပ်ကွေးနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
အဆိုပါသေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၂၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၂ ဦးနှင့် မွန်ပြည်နယ်မှ ၁ ဦး၊ စုစုပေါင်း ၃၀ ဦးဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် လတ်တလောရာသီတုပ်ကွေးရောဂါ seasonal influenza A(H1N1) pdm09 ဖြစ်စဉ်နှင့်ပတ်သက်၍ ရာသီတုပ်ကွေးရောဂါအပါအဝင် ကူးစက်ရောဂါများကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် လူနာဆောင်များကြိုတင်ပြင်ဆင်ထားရှိခြင်း၊ လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိခြင်းရောဂါဖြစ်ပွားလာပါက ထိရောက်စွာကုသခြင်းလုပ်ငန်းများ၊ ဗဟိုနှင့် တိုင်းဒေသကြီးပြည်နယ်များအကြား ချိတ်ဆက်ဆောင်ရွက်ခြင်းလုပ်ငန်းများစီစဉ်ဆောင်ရွက်ထားသည်ဟု ထုတ်ပြန်ထားသည်။

- ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။