Skip to main content
ပုဂံေဒသ ကို ကမၻာ႕အေမြ အႏွစ္ စာရင္းသတ္မွတ္ႏုိင္ရန္  ယူနက္စကို အစည္းအေ၀း ကို တက္ေရာက္တဲ့ မေအးေသာင္း
Ads Block

ပုဂံေဒသ ကို ကမၻာ႕အေမြ အႏွစ္ စာရင္းသတ္မွတ္ႏုိင္ရန္ ယူနက္စကို အစည္းအေ၀း ကို တက္ေရာက္တဲ့ မေအးေသာင္း

အဇာဘိုင္ဂ်န္နုိင္ငံ၊ ဗားကူးၿမိဳ႕ေတာ္မွာ က်င္းပျပဳလုပ္သည့္ ၄၃ႀကိမ္ေျမာက္ ကမၻာ့အေမြအႏွစ္ေကာ္မတီညီလာခံတြင္ ပုဂံေဒသအား ကမၻာ့အေမြအႏွစ္စာရင္းသတ္မွတ္ရန္ ေဆြးေႏြးပဲြကို သရုပ္ေဆာင္ ေအး၀တ္ရည္ေသာင္းက တက္ေရာက္ရန္ ယေန ့ နံနက္ပိုင္း က ျမန္မာႏုိင္ငံ က ေန ထြက္ခြာခဲ့သည္။

ပုဂံေဒသ ကို ကမၻာ႕အေမြ အႏွစ္ စာရင္းသတ္မွတ္ႏုိင္ရန္  ယူနက္စကို အစည္းအေ၀း ကို တက္ေရာက္တဲ့ မေအးေသာင္း


ျမန္မာႏုိင္ငံ မွ ပုဂံေဒသ ကို ကမၻာ႕ အေမြအႏွစ္ အျဖစ္ေလွ်ာက္ထားခဲ့ၿပီး ယခု အဇာဘိုင္ဂ်န္ႏုိင္ငံ၊ ဗားကူးၿမိဳ႕ေတာ္မွာ ၄၃ႀကိမ္ေျမာက္ ယူနက္စကို အစည္းအေ၀းကို ဇြန္လ ၃၀ ရက္မွ ဇူလုိင္လ ၁၀ ရက္အထိ ႏွလံုးသားထဲက ပုဂံဓါတ္ပံုအဖဲြ႕၊ အႏုပညာရွင္မ်ား၊ ဓါတ္ပံုပညာရွင္မ်ားႏွင့္ Technical Support Team အဖဲြ႕မ်ားက ဇူလုိင္လ ၄ ရက္ မနက္ပိုင္း က ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္မွ ထြက္ခြာခဲ့ၾကၿပီး အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္မွ ပါေမာကၡခ်ဳပ္ ဦးေအာင္ႏုိင္ျမင့္၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီဌာနမွ တာဝန္ရိွသူမ်ားက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို လုိက္ပါ ပို႕ေဆာင္ခဲ့ၾကသည္။
ထုိပဲြကို တက္ေရာက္ခြင့္ရတဲ့အဖဲြ႕ဝင္္တစ္ေယာက္ ျဖစ္ေသာ သရုပ္ေဆာင္ ေအးဝတ္ရည္ေသာင္းက ယခုကဲ့သို႔ေျပာၾကားျခင္းျဖစ္သည္။
“အဖဲြ႕ဝင္ေတြကလည္း အေယာက္ ၂၀ ေက်ာ္ပါတယ္။ ရင္ခုန္ေနပါတယ္။ ဒီႏွစ္မွာ စာရင္းဝင္ခြင့္ ရ မရေတာ့ မသိေသးပါဘူး။ ၁၉၉၆ ခုႏွစ္မွာတုန္းက တစ္ေခါက္ေလွ်ာက္ဖူးတယ္။ အဲဒီတုန္းကေတာ့ မရခဲ့ဘူး။ အခုကေတာ့ အခ်က္အလက္ေတြ ျပည့္ျပည့္စံုစံုနဲ႔ ေလွ်ာက္ထားတဲ့အတြက္ေၾကာင့္မို႔ အေကာင္းဆံုး ရလဒ္ရမယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။ ပုဂံကုိ ကမၻာ့အေမြအႏွစ္စာရင္းဝင္ခြင့္ရလဒ္က ေတာ့ ဇူလုိင္လ ၅ ရက္၊ ၆ ရက္၊ ၇ ရက္မွာ ေရြးမယ္လို႔ ေျပာတယ္။ အဲ့ရက္ေတာ့ အေကာင္းဆံုုး သတင္းကို ၾကားရမွာပါ။ ဒါက ကမၻာ့အသိအမွတ္ျပဳမယ့္ေနရာလည္း ျဖစ္မယ္။ အဲဒီလုိအသိအမွတ္ျပဳခံရမယ္ဆိုရင္ ျမန္မာႏုိင္ငံအတြက္ ေကာင္းတဲ့အခ်က္ေတြ ျဖစ္လာမယ္။ ေနာက္ဆံုး ဒီေနရာမွာ စစ္ျဖစ္လုိ႔မရဘူးဆိုတဲ့အခ်က္မ်ိဳးေတြ၊ အေမြအႏွစ္ေတြက ကမၻာၾကီးတည္ေနသ၍ ရိွေနမယ့္ေနရာလည္း ျဖစ္တယ္။ ကိုယ္ႏုိင္ငံက တစ္ေနရာရာမွာ ပါရတယ္ဆိုတဲ့ ခံစားခ်က္ေလးက တကယ္ကို စိတ္လႈပ္ရွားစရာေကာင္းပါတယ္။ ဒီအဖဲြ႕အတြက္ တတ္ႏုိင္တဲ့ဘက္ကေန လိုအပ္တာလုပ္သြားေပးဖုိ႔ပဲ စဥ္းစားထားပါတယ္။” ဟု သရုပ္ေဆာင္ ေအးဝတ္ရည္ေသာင္း ေျပာသည္။
ယခု ခရီးစဥ္တြင္  ျမန္မာႏုိင္ငံမွ လူဦးေရ ၂၀ ေက်ာ္ပါဝင္ၿပီး ဦးေဆာင္သူအေနနဲ႕ ကိုမ်ိဳးေဆြသန္း၊ ႏွလံုးသားထဲက ပုဂံအဖြဲ႔အပါအဝင္ အဆိုေတာ္ႀကီး ေလးျဖဴႏွင့္ ပထမႏုိင္ငံေတာ္ေတးသီခ်င္းလွဴဒါန္းသူမ်ားအဖဲြ႕၊ အဆိုေတာ္ စိုင္းစိုင္းခမ္းလိႈင္၊ သရုပ္ေဆာင္ ေအးဝတ္ရည္ေသာင္းတို႔ လုိက္ပါသြားခဲ့ၾကပါသည္။
ျမန္မာႏုိင္ငံအေနျဖင့္ ပုဂံယဥ္ေက်းမႈေဒသအား ကမၻာ့အေမြအႏွစ္စာရင္းဝင္ေရာက္ႏုိင္ေရးအတြက္ အဆိုျပဳစာတဲြအျပည့္အစံုကို ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလတြင္ ကမၻာ့အေမြအႏွစ္ေကာ္မတီသုိ႕ တင္းသြင္းခဲ့ၿပီး ယခုက်င္းပျပဳလုပ္မည့္ ၄၃ ႀကိမ္ေျမာက္ ကမၻာ့အေမြအႏွစ္ေကာ္မတီ ညီလာခံအစည္းအေဝးတြင္ ပုဂံယဥ္ေက်းမႈအား ကမၻာ့အေမြအႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္ျခင္းျပဳ၊ မျပဳကို အတည္ျပဳဆံုးျဖတ္မည္ျဖစ္ေၾကာင္းလည္း သိရသည္။

- မ်ိဳးေကခိုင္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

အဇာဘိုင်ဂျန်နိုင်ငံ၊ ဗားကူးမြို့တော်မှာ ကျင်းပပြုလုပ်သည့် ၄၃ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံတွင် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းသတ်မှတ်ရန် ဆွေးနွေးပွဲကို သရုပ်ဆောင် အေးဝတ်ရည်သောင်းက တက်ရောက်ရန် ယနေ့ နံနက်ပိုင်း က မြန်မာနိုင်ငံ က နေ ထွက်ခွာခဲ့သည်။
မြန်မာနိုင်ငံ မှ ပုဂံဒေသ ကို ကမ္ဘာ့ အမွေအနှစ် အဖြစ်လျှောက်ထားခဲ့ပြီး ယခု အဇာဘိုင်ဂျန်နိုင်ငံ၊ ဗားကူးမြို့တော်မှာ ၄၃ကြိမ်မြောက် ယူနက်စကို အစည်းအဝေးကို ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၁၀ ရက်အထိ နှလုံးသားထဲက ပုဂံဓါတ်ပုံအဖွဲ့၊ အနုပညာရှင်များ၊ ဓါတ်ပုံပညာရှင်များနှင့် Technical Support Team အဖွဲ့များက ဇူလိုင်လ ၄ ရက် မနက်ပိုင်း က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ကြပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။
ထိုပွဲကို တက်ရောက်ခွင့်ရတဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်သော သရုပ်ဆောင် အေးဝတ်ရည်သောင်းက ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။
“အဖွဲ့ဝင်တွေကလည်း အယောက် ၂၀ ကျော်ပါတယ်။ ရင်ခုန်နေပါတယ်။ ဒီနှစ်မှာ စာရင်းဝင်ခွင့် ရ မရတော့ မသိသေးပါဘူး။ ၁၉၉၆ ခုနှစ်မှာတုန်းက တစ်ခေါက်လျှောက်ဖူးတယ်။ အဲဒီတုန်းကတော့ မရခဲ့ဘူး။ အခုကတော့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံနဲ့ လျှောက်ထားတဲ့အတွက်ကြောင့်မို့ အကောင်းဆုံး ရလဒ်ရမယ်လို့လည်း မျှော်လင့်ပါတယ်။ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခွင့်ရလဒ်က တော့ ဇူလိုင်လ ၅ ရက်၊ ၆ ရက်၊ ၇ ရက်မှာ ရွေးမယ်လို့ ပြောတယ်။ အဲ့ရက်တော့ အကောင်းဆုံး သတင်းကို ကြားရမှာပါ။ ဒါက ကမ္ဘာ့အသိအမှတ်ပြုမယ့်နေရာလည်း ဖြစ်မယ်။ အဲဒီလိုအသိအမှတ်ပြုခံရမယ်ဆိုရင် မြန်မာနိုင်ငံအတွက် ကောင်းတဲ့အချက်တွေ ဖြစ်လာမယ်။ နောက်ဆုံး ဒီနေရာမှာ စစ်ဖြစ်လို့မရဘူးဆိုတဲ့အချက်မျိုးတွေ၊ အမွေအနှစ်တွေက ကမ္ဘာကြီးတည်နေသ၍ ရှိနေမယ့်နေရာလည်း ဖြစ်တယ်။ ကိုယ်နိုင်ငံက တစ်နေရာရာမှာ ပါရတယ်ဆိုတဲ့ ခံစားချက်လေးက တကယ်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီအဖွဲ့အတွက် တတ်နိုင်တဲ့ဘက်ကနေ လိုအပ်တာလုပ်သွားပေးဖို့ပဲ စဉ်းစားထားပါတယ်။” ဟု သရုပ်ဆောင် အေးဝတ်ရည်သောင်း ပြောသည်။
ယခု ခရီးစဉ်တွင်  မြန်မာနိုင်ငံမှ လူဦးရေ ၂၀ ကျော်ပါဝင်ပြီး ဦးဆောင်သူအနေနဲ့ ကိုမျိုးဆွေသန်း၊ နှလုံးသားထဲက ပုဂံအဖွဲ့အပါအဝင် အဆိုတော်ကြီး လေးဖြူနှင့် ပထမနိုင်ငံတော်တေးသီချင်းလှူဒါန်းသူများအဖွဲ့၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ သရုပ်ဆောင် အေးဝတ်ရည်သောင်းတို့ လိုက်ပါသွားခဲ့ကြပါသည်။
မြန်မာနိုင်ငံအနေဖြင့် ပုဂံယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်နိုင်ရေးအတွက် အဆိုပြုစာတွဲအပြည့်အစုံကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်းသွင်းခဲ့ပြီး ယခုကျင်းပပြုလုပ်မည့် ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးတွင် ပုဂံယဉ်ကျေးမှုအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းပြု၊ မပြုကို အတည်ပြုဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရသည်။

- မျိုးကေခိုင် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။