Skip to main content
ေတးေရးေတးဆိုကမၻာေသဆုံးမႈ မွာအမႈ မွန္မေပၚပဲေသဆံုးခဲ့ရေၾကာင္းအစ္ကိုျဖစ္သူGLattရင္ဖြင့္ေျပာၾကား
Ads Block

ေတးေရးေတးဆိုကမၻာေသဆုံးမႈ မွာအမႈ မွန္မေပၚပဲေသဆံုးခဲ့ရေၾကာင္းအစ္ကိုျဖစ္သူGLattရင္ဖြင့္ေျပာၾကား

လြန္ခ့ဲသည့္ လပိုင္းေလာက္ကခႏၱာကိုယ္အတြင္းထိုးသြင္းဒဏ္ရာတစ္ခုနဲ႕ ျပင္းထန္စြာဒဏ္ရာရေသဆုံးခ့ဲရသည့္ေတးသံရွင္ GLatt ၏ ညီျဖစ္သူေတးေရးေတးဆိုကမၻာေသဆံုးမႈေပၚ ႏွင့္ ပတ္သက္ၿပီးအမႈ က မေပၚေပါက္ဘဲအဆံုးသတ္သြားၿပီ ျဖစ္ေၾကာင္းရင္ဖြင္ ့ေျပာၾကားခဲ့သည္။ ယာဥ္တိုက္မႈဟုဆိုေသာ္လည္းေခါင္းကြဲလက္က်ဳိးအျပင္ဒဏ္ရာတစ္ခုမွ မရွိဘဲ ခႏၶာကိုယ္ အတြင္းမွာပဲေသးငယ္ေသာ အရာ၀တၳဳ တစ္ခုျဖင့္ ထိုးသြင္းခံခဲ့ရေသာအေျခအေနကိုသာေတြ႕ျမင္ခဲ့ရေၾကာင္းညီျဖစ္သူကမၻာေသဆံုးမႈႏွင့္ ပတ္သက္ၿပီးအဆိုေတာ္GLattေျပာသည္။ “အေစာႀကီးထဲကယာဥ္တိုက္မႈတည္ခ်င္တာဆိုေတာ့ေလ၊သို႕ေပမယ့္လည္းယာဥ္တိုက္မႈဆိုတာက ဘယ္လိုပုံသ႑ာန္လဲေပါ့။အတိုက္ခံရတာလားဆိုၿပီးစဥ္းစားစရာရွိတယ။္ေခါင္းေတြမကြဲဘူး။ ယာဥ္တိုက္ရင္ေခါင္းေတြကြဲရမယ္။လက္ေတြက်ိဳးရမယ္။ဒါမ်ိဳးဒဏ္ရာကပါမလာဘူး။ေနာက္ဆုံးသူ႕ရဲ႕ Dead Certificate သြားယူတ့ဲအခ်ိန္မွာဆရာ၀န္ကေမးတယ္ ဘာထူးလဲေပါ့ ။ဒီဆရာ၀န္ကလည္းမေန နိုင္လို႕တအားသိခ်င္လို႕သူမႈခင္းယာဥ္အမႈစစ္ကိုေမးၾကည့္ေသးတယ္။ယာဥ္မႈစစ္ကလည္းသူ႕ အေနနဲ႕ယာဥ္တိုက္တ့ဲလကၡဏာမ်ိဳးရွာလို႕မေတြ႕ဘူးျဖစ္ေနတယ္။ေဘးပတ္၀န္းက်င္မွာယာဥ္တိုက္ ထားတ့ဲပုံသ႑ာန္မ်ိဳးဒီအမႈမွာမေတြ႕ရဘူးျဖစ္ေနတယ္။ဒီေတာ့နည္းနည္းစဥ္းစားစရာေကာင္းပါတယ္။ ဒါကိုလုပ္တ့ဲသူနဲ႕သူနဲ႕ပဲသိမွာေပါ့။အေျခအေနကရွင္းရွင္းေလးပါပဲ။ထိုးသြင္းဒဏ္ရာကအထဲကိုေတာ္ ေတာ္ေလးေရာက္တယ္။ေတာ္ေတာ္ေသးတ့ဲအရာနဲ႕အထဲကိုထိုးသြင္းခံရတာလို႕ေျပာတယ္။ ဆရာ၀န္ေတြကိုယ္တိုင္ကလည္းဒါကေတာ္ေတာ္ေလးစဥ္းစားရၾကပ္တယ္။”လို႕GLattကရင္ဖြင့္ေျပာျပခဲ့သည္။ ေတးေရးေတးဆိုကမၻာေသဆုံးမႈႏွင့္ပတ္သက္ၿပီးခႏၶာကိုယ္အတြင္းကိုျပင္းထန္တ့ဲအားတစ္ခုနဲ႕ထိမွန္ခ့ဲသည့္ဒဏ္ ၊အျပင္ယာဥ္တိုက္မႈျဖစ္သည့္ေနရာမွာလည္းတစ္စုံတစ္ခုမွေတြ႕ရွိခ်င္းမရွိသည့္အတြက္ေၾကာင့္အမႈစစ္ေဆးသူမ်ား အေန ျဖင့္ ခန္႕မွန္းရခက္သည့္အေျခအေနတစ္ခုလည္းျဖစ္သြားေၾကာင္းGLatt က ဆက္လက္ေျပာၾကားခဲ့သည္။ ေတးေရး၊ေတးဆိုကမၻာကလြန္ခ့ဲသည့္ လပိုင္းေလာက္ကေသဆုံးသြားခ့ဲတာျဖစ္ျပီးေသဆုံးမႈမွာသက္ေသမရွိသည့္ေသမႈေသခင္းျဖစ္သည့္အတြက္ေၾကာင့္ထပ္မံၿပီးအမႈစစ္ေဆးျခင္းမရွိဘဲအမႈပိတ္ခ့ဲျခင္းျဖစ္ေၾကာင္းသိရသည္။

Unicode Version

 

လွန်ခဲ့သည့် လပိုင်းလောက်ကခန္တာကိုယ်အတွင်းထိုးသွင်းဒဏ်ရာတစ်ခုနဲ့ ပြင်းထန်စွာဒဏ်ရာရသေဆုံးခဲ့ရသည့်တေးသံရှင် GLatt ၏ ညီဖြစ်သူတေးရေးတေးဆိုကမ္ဘာသေဆုံးမှုပေါ် နှင့် ပတ်သက်ပြီးအမှု က မပေါ်ပေါက်ဘဲအဆုံးသတ်သွားပြီ ဖြစ်ကြောင်းရင်ဖွင့်ပြောကြားခဲ့သည်။
ယာဉ်တိုက်မှုဟုဆိုသော်လည်းခေါင်းကွဲလက်ကျိုးအပြင်ဒဏ်ရာတစ်ခုမှ မရှိဘဲ ခန္ဓာကိုယ် အတွင်းမှာပဲသေးငယ်သော အရာဝတ္ထု တစ်ခုဖြင့် ထိုးသွင်းခံခဲ့ရသောအခြေအနေကိုသာတွေ့မြင်ခဲ့ရကြောင်းညီဖြစ်သူကမ္ဘာသေဆုံးမှုနှင့် ပတ်သက်ပြီးအဆိုတော်GLattပြောသည်။
“အစောကြီးထဲကယာဉ်တိုက်မှုတည်ချင်တာဆိုတော့လေ၊သို့ပေမယ့်လည်းယာဉ်တိုက်မှုဆိုတာက  ဘယ်လိုပုံသဏ္ဍာန်လဲပေါ့။အတိုက်ခံရတာလားဆိုပြီးစဉ်းစားစရာရှိတယ။်ခေါင်းတွေမကွဲဘူး။ ယာဉ်တိုက်ရင်ခေါင်းတွေကွဲရမယ်။လက်တွေကျိုးရမယ်။ဒါမျိုးဒဏ်ရာကပါမလာဘူး။နောက်ဆုံးသူ့ရဲ့ Dead Certificate သွားယူတဲ့အချိန်မှာဆရာဝန်ကမေးတယ် ဘာထူးလဲပေါ့ ။ဒီဆရာဝန်ကလည်းမနေ နိုင်လို့တအားသိချင်လို့သူမှုခင်းယာဉ်အမှုစစ်ကိုမေးကြည့်သေးတယ်။ယာဉ်မှုစစ်ကလည်းသူ့ အနေနဲ့ယာဉ်တိုက်တဲ့လက္ခဏာမျိုးရှာလို့မတွေ့ဘူးဖြစ်နေတယ်။ဘေးပတ်ဝန်းကျင်မှာယာဉ်တိုက် ထားတဲ့ပုံသဏ္ဍာန်မျိုးဒီအမှုမှာမတွေ့ရဘူးဖြစ်နေတယ်။ဒီတော့နည်းနည်းစဉ်းစားစရာကောင်းပါတယ်။ ဒါကိုလုပ်တဲ့သူနဲ့သူနဲ့ပဲသိမှာပေါ့။အခြေအနေကရှင်းရှင်းလေးပါပဲ။ထိုးသွင်းဒဏ်ရာကအထဲကိုတော် တော်လေးရောက်တယ်။တော်တော်သေးတဲ့အရာနဲ့အထဲကိုထိုးသွင်းခံရတာလို့ပြောတယ်။ ဆရာဝန်တွေကိုယ်တိုင်ကလည်းဒါကတော်တော်လေးစဉ်းစားရကြပ်တယ်။”လို့GLattကရင်ဖွင့်ပြောပြခဲ့သည်။
တေးရေးတေးဆိုကမ္ဘာသေဆုံးမှုနှင့်ပတ်သက်ပြီးခန္ဓာကိုယ်အတွင်းကိုပြင်းထန်တဲ့အားတစ်ခုနဲ့ထိမှန်ခဲ့သည့်ဒဏ် ၊အပြင်ယာဉ်တိုက်မှုဖြစ်သည့်နေရာမှာလည်းတစ်စုံတစ်ခုမှတွေ့ရှိချင်းမရှိသည့်အတွက်ကြောင့်အမှုစစ်ဆေးသူများ အနေ ဖြင့် ခန့်မှန်းရခက်သည့်အခြေအနေတစ်ခုလည်းဖြစ်သွားကြောင်းGLatt က ဆက်လက်ပြောကြားခဲ့သည်။
တေးရေး၊တေးဆိုကမ္ဘာကလွန်ခဲ့သည့် လပိုင်းလောက်ကသေဆုံးသွားခဲ့တာဖြစ်ပြီးသေဆုံးမှုမှာသက်သေမရှိသည့်သေမှုသေခင်းဖြစ်သည့်အတွက်ကြောင့်ထပ်မံပြီးအမှုစစ်ဆေးခြင်းမရှိဘဲအမှုပိတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

- ကေကေခင် ( အကုန်သိ သတင်းဌာန )

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။