Skip to main content
အာဆီယံပါရာဂိမ္းတြင္ ၾကက္ေတာင္အားကစားျဖင့္ေရႊတံဆိပ္အရယူမည္ဟု ဆုတံဆိပ္ ၁၈ ခုပုိင္ရွင္ ကုိ၀င္းစန္းေအာင္ ေျပာ
Ads Block

အာဆီယံပါရာဂိမ္းတြင္ ၾကက္ေတာင္အားကစားျဖင့္ေရႊတံဆိပ္အရယူမည္ဟု ဆုတံဆိပ္ ၁၈ ခုပုိင္ရွင္ ကုိ၀င္းစန္းေအာင္ ေျပာ

အာဆီယံပါရာဂိမ္းတြင္ ၾကက္ေတာင္အားကစားျဖင့္ ေရႊတံဆိပ္ဆုရေအာင္ယူမည္ဟု မသန္စြမ္းကစားသမား ကုိ၀င္းစန္းေအာင္က ေျပာၾကားလုိက္သည္။

အာဆီယံပါရာဂိမ္းတြင္ ၾကက္ေတာင္အားကစားျဖင့္ေရႊတံဆိပ္အရယူမည္ဟု ဆုတံဆိပ္ ၁၈ ခုပုိင္ရွင္ ကုိ၀င္းစန္းေအာင္ ေျပာ


ဇူလုိင္ ၄ ရက္၌ အကုန္သိသတင္းဌာနႏွင့္သီးသန္႔ေတြ႔ဆုံေမးျမန္းရာတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္း ျဖစ္သည္။
“ တစ္ဖက္ကကစားသမားေတြနဲ႔ေတာ့ သူတင္ကုိယ္တင္မရုိက္ဖူးေသးဘူး။ ဒါေပမဲ့အင္တာနက္ကေနၾကည့္ၿပီး သူတုိ႔ဘယ္လုိကစားတယ္ဆုိတာေတာ့ ေလ့လာေနတယ္။ ၿပိဳင္ပြဲမွာေတာ့ ႏုိင္ေအာင္ကစားသြားမွာပါ။ ကြ်န္ေတာ္ကေတာ့မမွန္းလုိက္နဲ႔။ မွန္းလုိက္တာနဲ႔ေရႊပဲ။ ေရႊတံဆိပ္ဆုရေအာင္ႀကဳိးစားသြားမွာပါ’’ဟု ကုိ၀င္းစန္းေအာင္က ေျပာသည္။
၂၀၂၀ ျပည့္နွစ္ အာဆီယံပါရာဂိမ္းကို ဖိလစ္ပုိင္ႏုိင္ငံတြင္ လာမည့္ ဇန္န၀ါရီလအတြင္း က်င္းပသြားမည္ ျဖစ္ေၾကာင္း သိရသည္။
ကုိ၀င္းစန္းေအာင္သည္ လက္ရွိတြင္ ေျမာက္ဒဂုံၿမိဳ႕နယ္ရွိမသန္စြမ္းအားကစားရုံတြင္ စခန္းသြင္း ေလ့က်င့္ေနၿပီး ယခင္အားကစားၿပိဳင္ပြဲမ်ားတြင္ ေရကူး၊ ၾကက္ေတာင္ရုိက္၊အေလးမ စသည့္အားကစားနည္းမ်ားကစားခဲ့ကာ ဆုတံဆိပ္ေပါင္း ၁၈ ခုကုိ ႏုိင္ငံကုိယ္စားရယူေပးခဲ့သူလည္းျဖစ္သည္။
၂၀၁၈ ခုႏွစ္အာဆီယံပါရာဂိမ္းအား အင္ဒုိနီးရွားႏုိင္ငံ၊ ဂ်ာကာတာၿမိဳ႕တြင္က်င္းပခဲ့ၿပီး တရုတ္ႏုိင္ငံမွ ကစားသမားမ်ားသည္ ေရႊတံဆိပ္ ၁၇၂ ခုရရွိခဲ့သည္။

- မင္းသီဟန္ ( အကုန္သိသတင္းဌာန )

Unicode Version

 

အာဆီယံပါရာဂိမ်းတွင် ကြက်တောင်အားကစားဖြင့် ရွှေတံဆိပ်ဆုရအောင်ယူမည်ဟု မသန်စွမ်းကစားသမား ကိုဝင်းစန်းအောင်က ပြောကြားလိုက်သည်။
ဇူလိုင် ၄ ရက်၌ အကုန်သိသတင်းဌာနနှင့်သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ပြောခဲ့ခြင်း ဖြစ်သည်။
“ တစ်ဖက်ကကစားသမားတွေနဲ့တော့ သူတင်ကိုယ်တင်မရိုက်ဖူးသေးဘူး။ ဒါပေမဲ့အင်တာနက်ကနေကြည့်ပြီး သူတို့ဘယ်လိုကစားတယ်ဆိုတာတော့ လေ့လာနေတယ်။ ပြိုင်ပွဲမှာတော့ နိုင်အောင်ကစားသွားမှာပါ။ ကျွန်တော်ကတော့မမှန်းလိုက်နဲ့။ မှန်းလိုက်တာနဲ့ရွှေပဲ။ ရွှေတံဆိပ်ဆုရအောင်ကြိုးစားသွားမှာပါ’’ဟု ကိုဝင်းစန်းအောင်က ပြောသည်။
၂၀၂၀ ပြည့်နှစ် အာဆီယံပါရာဂိမ်းကို ဖိလစ်ပိုင်နိုင်ငံတွင် လာမည့် ဇန်နဝါရီလအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုဝင်းစန်းအောင်သည် လက်ရှိတွင် မြောက်ဒဂုံမြို့နယ်ရှိမသန်စွမ်းအားကစားရုံတွင် စခန်းသွင်း လေ့ကျင့်နေပြီး ယခင်အားကစားပြိုင်ပွဲများတွင် ရေကူး၊ ကြက်တောင်ရိုက်၊အလေးမ စသည့်အားကစားနည်းများကစားခဲ့ကာ ဆုတံဆိပ်ပေါင်း ၁၈ ခုကို နိုင်ငံကိုယ်စားရယူပေးခဲ့သူလည်းဖြစ်သည်။
၂၀၁၈ ခုနှစ်အာဆီယံပါရာဂိမ်းအား အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင်ကျင်းပခဲ့ပြီး တရုတ်နိုင်ငံမှ ကစားသမားများသည် ရွှေတံဆိပ် ၁၇၂ ခုရရှိခဲ့သည်။

- မင်းသီဟန် ( အကုန်သိသတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။