Skip to main content
လက္ကခြဲစိတ္ထားရတ့ဲအတြက္ေၾကာင့္ရုပ္ရွင္ကားေတြကို ၾကမ္းၾကမ္းတမ္းတမ္းရိုက္လို႕မရဘူးလို႕ေျပာလာတ့ဲ ထပ္ဆင့္အကယ္ဒမီေဖြးေဖြး
Ads Block

လက္ကခြဲစိတ္ထားရတ့ဲအတြက္ေၾကာင့္ရုပ္ရွင္ကားေတြကို ၾကမ္းၾကမ္းတမ္းတမ္းရိုက္လို႕မရဘူးလို႕ေျပာလာတ့ဲ ထပ္ဆင့္အကယ္ဒမီေဖြးေဖြး

ကားအက္ဆီးဒင့္ ျဖစ္ၿပီး လက္ကို ထိခိုက္ ဒဏ္ရာ ရရွိခဲ့တဲ့ ထပ္ဆင့္အကယ္ဒမီေဖြးေဖြး က လက္ကို ခြဲစိတ္ထားရတဲ့အတြက္ ၾကမ္းၾကမ္းတမ္းတမ္း ဇာတ္ကားေတြရုိက္လို႕ မရေသးဘူးလို႕ ေျပာပါတယ္။
လက္ကိုခြဲစိတ္ထားရလို႕ ဒါရိုက္တာ၀ိုင္း ရုိက္ကူးဖို႕ေျပာထားတဲ့ ၾကမ္းၾကမ္းတမ္းတမ္း ဇာတ္ကားေတြကို ရုိက္လို႔ မရေသးေၾကာင္း ထပ္ဆင့္အကယ္ဒမီေဖြးေဖြးကHeathy Heart ပြဲအခမ္းအနားေလးမွာ ေျပာျပခဲ့ပါတယ္။
 “လက္ကခြဲစိတ္ထားတာမၾကာေသးဘူး။ေလးလနဲ႕တစ္ပတ္ေက်ာ္ပဲရွိေသးတယ္။ေနာက္ ၂လ ဆိုရင္ဒါရိုက္တာေအာင္ျမင့္ျမတ္နဲ႕ ရိုက္ဖို႕ရွိတယ္။ဒီကားအတြက္ကမ္းလွမ္းထားတာကတစ္ပတ္ေတာင္မျပည့္ ေသးဘူး။ဒီကားကေဖြးကိုယ္တိုင္လည္းအရမ္းႀကိဳက္တယ္နားေထာင္လိုက္တ့ဲအခ်ိန္မွာေဖြးဒီကားရိုက္ဖို႕ အတြက္ျပင္ပါမယ္။ အလွဴႀကီးေတြ ဆိုရင္လည္းအႀကီးအက်ယ္ႀကီးေတြေတာ့မဟုတ္ပါဘူးအေပ်ာ္ပဲေဖြးတို႕က အစားေသာက္ေတြ ခ်က္ရတာ၀ါသနာပါေတာ့လွဴတယ္၊ တန္းတယ္၊ ေပါ့ေပါ့ပါးပါးပါပဲ။ “လို႕ေဖြးေဖြးက ေျပာပါတယ္။
လက္ရွိမွာေတာ့ ေဖြးေဖြး က ဇာတ္ကားရုိက္ကူးမႈနားထားၿပီး ေႀကာ္ျငာရုိက္ကူးမႈတခ်ဳိ႕ နဲ႔ ပြဲတတ္တစ္ခ်ဳိ ့သာ လုပ္ေဆာင္ေနသလို သူမ မိသားစုနဲ႕အတူ ပရဟိတ အလွဴ အေနနဲ႕ကိုယ္တိုင္ခ်က္ျပဳတ္ၿပီး အလွဴအတန္းေတြျပဳလုပ္ျဖစ္ေနတယ္လို႕ လည္း ေျပာျပခဲ့ပါတယ္။
အကယ္ဒမီ ေဖြးေဖြး က အကယ္ဒမီသံုးဆုကို ပိုင္ဆိုင္ထားတဲ့ အနုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ဒါရုိက္တာ ၀ိုင္း နဲ႕ရုိက္ကူးတဲ့ ဇာတ္ကားေတြနဲ႕ သာ အကယ္ဒမီဆုကို သိမ္းပိုက္ထားသူ တစ္ဦး လည္း ျဖစ္ပါတယ္။

- ေကေကခင္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ကားအက်ဆီးဒင့် ဖြစ်ပြီး လက်ကို ထိခိုက် ဒဏ်ရာ ရရှိခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီဖွေးဖွေး က လက်ကို ခွဲစိတ်ထားရတဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း ဇာတ်ကားတွေရိုက်လို့ မရသေးဘူးလို့ ပြောပါတယ်။
လက်ကိုခွဲစိတ်ထားရလို့ ဒါရိုက်တာဝိုင်း ရိုက်ကူးဖို့ပြောထားတဲ့ ကြမ်းကြမ်းတမ်းတမ်း ဇာတ်ကားတွေကို ရိုက်လို့ မရသေးကြောင်း ထပ်ဆင့်အကယ်ဒမီဖွေးဖွေးကHeathy Heart ပွဲအခမ်းအနားလေးမှာ ပြောပြခဲ့ပါတယ်။
 “လက်ကခွဲစိတ်ထားတာမကြာသေးဘူး။လေးလနဲ့တစ်ပတ်ကျော်ပဲရှိသေးတယ်။နောက် ၂လ ဆိုရင်ဒါရိုက်တာအောင်မြင့်မြတ်နဲ့ ရိုက်ဖို့ရှိတယ်။ဒီကားအတွက်ကမ်းလှမ်းထားတာကတစ်ပတ်တောင်မပြည့် သေးဘူး။ဒီကားကဖွေးကိုယ်တိုင်လည်းအရမ်းကြိုက်တယ်နားထောင်လိုက်တဲ့အချိန်မှာဖွေးဒီကားရိုက်ဖို့ အတွက်ပြင်ပါမယ်။ အလှူကြီးတွေ ဆိုရင်လည်းအကြီးအကျယ်ကြီးတွေတော့မဟုတ်ပါဘူးအပျော်ပဲဖွေးတို့က အစားသောက်တွေ ချက်ရတာဝါသနာပါတော့လှူတယ်၊ တန်းတယ်၊ ပေါ့ပေါ့ပါးပါးပါပဲ။ “လို့ဖွေးဖွေးက ပြောပါတယ်။
လက်ရှိမှာတော့ ဖွေးဖွေး က ဇာတ်ကားရိုက်ကူးမှုနားထားပြီး ကြော်ငြာရိုက်ကူးမှုတချို့ နဲ့ ပွဲတတ်တစ်ချို့သာ လုပ်ဆောင်နေသလို သူမ မိသားစုနဲ့အတူ ပရဟိတ အလှူ အနေနဲ့ကိုယ်တိုင်ချက်ပြုတ်ပြီး အလှူအတန်းတွေပြုလုပ်ဖြစ်နေတယ်လို့ လည်း ပြောပြခဲ့ပါတယ်။
အကယ်ဒမီ ဖွေးဖွေး က အကယ်ဒမီသုံးဆုကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ဒါရိုက်တာ ဝိုင်း နဲ့ရိုက်ကူးတဲ့ ဇာတ်ကားတွေနဲ့ သာ အကယ်ဒမီဆုကို သိမ်းပိုက်ထားသူ တစ်ဦး လည်း ဖြစ်ပါတယ်။

- ကေကေခင် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။