Skip to main content
၂၀၁၉ ခုႏွစ္အတြင္း ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံက်င္းပႏုိင္ေရး ထည့္သြင္းစဥ္းစားၾကရန္ ဗုိလ္မွဴးႀကီးစုိင္းငင္း ေျပာ
Ads Block

၂၀၁၉ ခုႏွစ္အတြင္း ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံက်င္းပႏုိင္ေရး ထည့္သြင္းစဥ္းစားၾကရန္ ဗုိလ္မွဴးႀကီးစုိင္းငင္း ေျပာ

ေရွ႔လုပ္ငန္းစဥ္မ်ားခ်မွတ္ရာ၌ ၂၀၁၉ ခုနွစ္အတြင္း ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ တစ္ႀကိမ္က်င္းပႏုိင္ေရး ထည့္သြင္းစဥ္းၾကရန္ EAO အဖြဲ႔ေခါင္းေဆာင္ ဗုိလ္မွဴးႀကီးစုိင္းငင္းကေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ Green Hill ဟုိတယ္တြင္ ဇူလုိင္ ၃ ရက္ကက်င္းပေသာ NCA လက္မွတ္ေရးထုိးထားသည့္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မ်ားအစည္းအေ၀းတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ ကြ်န္ေတာ္တုိ႔ EAO ၊ UPDJC လုပ္ငန္းေဆာင္တာေတြမလည္ပတ္ႏုိင္တာဟာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္ ေကာင္းတဲ့လကၡဏာေတာ့ မဟုတ္ပါဘူး။ EAO ၊ UPDJC လုပ္ငန္းေတြ ေဆာင္ရြက္သြားႏိုင္ဖုိ႔ ကြ်န္ေတာ္တုိ႔အားလုံး၀ုိင္း၀န္းလုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ေဆာင္ရြက္ဖုိ႔အတြက္ ကြ်န္ေတာ္တုိ႔အားလုံးမွာတာ၀န္ရွိပါတယ္။ ေရွ႕လုပ္ငန္းစဥ္မ်ားခ်မွတ္ရာမွာ အစုိးရရဲ႕ ၂၀၁၉ ခုနွစ္အတြင္း ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လုံတစ္ႀကိမ္က်င္းပႏုိင္ေရးနဲ႔တပ္မေတာ္ရဲ႕ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လကုန္အထိ တစ္ဖက္သတ္အပစ္ရပ္ကာလ ၂ လတာတပ္မံတုိးျမင့္ျခင္းကုိ ထည့္သြင္းစဥ္းစားဖုိ႔ လုိအပ္ပါတယ္’’ ဟု ဗုိလ္မွဴးႀကီးစုိင္းငင္းကေျပာသည္။
လက္ရွိတြင္ အပစ္ရပ္လက္မွတ္မထုိးရေသးေသာ ေျမာက္ပုိင္းတုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မ်ားသည္ အစုိးရကုိယ္စားလွယ္မ်ားႏွင့္ ဇူလုိင္လအတြင္းထပ္မံေတြ႔ဆုံေဆြးေႏြးရန္ အထူးေဒသ- ၄ မုိင္းလား အစည္းအေ၀းတြင္ သေဘာတူညီခဲ့သည္။
တပ္မေတာ္ကလည္း ဇူလုိင္လ ၁ ရက္မွ ၃၁ ရက္အထိလည္းေကာင္း၊ ၾသဂုတ္လ ၁ ရက္မွ ၃၁ ရက္အထိ လည္းေကာင္း၊ စစ္တုိင္း ၅ တုိင္းတြင္ တစ္ဖက္သတ္ အပစ္ရပ္ကာလ ၂ လထပ္မံတုိးျမင့္ထားၿပီး ၄င္းမွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားျဖစ္ေျမာက္ရန္ရည္ရြယ္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီမွ ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားထားသည္။

-  မင္းသီဟန္ ( အကုန္သိ သတင္းဌာန ) 

Unicode Version

 

ရှေ့လုပ်ငန်းစဉ်များချမှတ်ရာ၌ ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တစ်ကြိမ်ကျင်းပနိုင်ရေး ထည့်သွင်းစဉ်းကြရန် EAO အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းကပြောသည်။
ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်တွင် ဇူလိုင် ၃ ရက်ကကျင်းပသော NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအစည်းအဝေးတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ ကျွန်တော်တို့ EAO ၊ UPDJC လုပ်ငန်းဆောင်တာတွေမလည်ပတ်နိုင်တာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ EAO ၊ UPDJC လုပ်ငန်းတွေ ဆောင်ရွက်သွားနိုင်ဖို့ ကျွန်တော်တို့အားလုံးဝိုင်းဝန်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်။ ရှေ့လုပ်ငန်းစဉ်များချမှတ်ရာမှာ အစိုးရရဲ့ ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတစ်ကြိမ်ကျင်းပနိုင်ရေးနဲ့တပ်မတော်ရဲ့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လကုန်အထိ တစ်ဖက်သတ်အပစ်ရပ်ကာလ ၂ လတာတပ်မံတိုးမြင့်ခြင်းကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်’’ ဟု ဗိုလ်မှူးကြီးစိုင်းငင်းကပြောသည်။
လက်ရှိတွင် အပစ်ရပ်လက်မှတ်မထိုးရသေးသော မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အစိုးရကိုယ်စားလှယ်များနှင့် ဇူလိုင်လအတွင်းထပ်မံတွေ့ဆုံဆွေးနွေးရန် အထူးဒေသ- ၄ မိုင်းလား အစည်းအဝေးတွင် သဘောတူညီခဲ့သည်။
တပ်မတော်ကလည်း ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အထိလည်းကောင်း၊ သြဂုတ်လ ၁ ရက်မှ ၃၁ ရက်အထိ လည်းကောင်း၊ စစ်တိုင်း ၅ တိုင်းတွင် တစ်ဖက်သတ် အပစ်ရပ်ကာလ ၂ လထပ်မံတိုးမြင့်ထားပြီး ၎င်းမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုများဖြစ်မြောက်ရန်ရည်ရွယ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

-  မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။