Skip to main content
ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚေလွ်ာက္လွမ္းခ်ိန္၌ လက္နက္ကုိင္ ေတာင္းဆုိ၍မရဟု ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ေျပာ
Ads Block

ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚေလွ်ာက္လွမ္းခ်ိန္၌ လက္နက္ကုိင္ ေတာင္းဆုိ၍မရဟု ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ေျပာ

ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚေလွ်ာက္လွမ္းခ်ိန္တြင္ လက္နက္ကုိင္ေတာင္းဆုိ၍မရေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
သံေတာင္ႀကီးတပ္နယ္ရွိတပ္မေတာ္ၾကည္းတုိက္ခုိက္ေရးေက်ာင္း (ဘုရင့္ေနာင္) တြင္ ဇူလုိင္ ၂ ရက္က တပ္မေတာ္သားႏွင့္အရာရွိစစ္သည္မ်ားတုိ႔ကုိေတြ႔ဆုံစဥ္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ မိမိတုိ႔ႏုိင္ငံအေနျဖင့္  ႏုိင္ငံေရးအရတည္ၿငိမ္ေအးခ်မ္းမႈ ၊ လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းမႈမ်ား မရွိေသးေၾကာင္း၊  တုိင္းရင္းသားလက္နက္ကုိင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းမႈမရွိေသးေၾကာင္း၊ ျပည္သူမ်ားမွ ေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းအေပၚေလွ်ာက္လွမ္းခ်ိန္တြင္ လက္နက္ကုိင္ ေတာင္းဆုိ၍ မရေၾကာင္း ’’ ဟု ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကေျပာသည္။
ၿပီးခဲ့ေသာ ၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္၌ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ၈ ဖြဲ႔မွ တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာသေဘာတူစာခ်ဳပ္ကုိလက္မွတ္ေရးထုိးခဲ့ၾကၿပီး ၂၀၁၇ ခုနွစ္တြင္ မြန္ျပည္သစ္ပါတီ၊လားဟူဒီမုိကရက္တစ္ပါတီတုိ႔ ထပ္မံလက္မွတ္ေရးထုိးခဲ့သည္။
လက္ရွိတြင္ ေကအုိင္ေအ၊ ေအေအ ၊ တီအမ္အယ္လ္ေအ၊ ေကအမ္ပီပီ၊ အက္စ္အက္စ္ပီပီစသည့္ ေျမာက္ပုိင္း တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ မ်ားမွာ NCA အပစ္ရပ္လက္မွတ္ထုိးရန္ က်န္ရွိေနေသးေၾကာင္း သိရသည္။

- မင္းသီဟန္( အကုန္သိ သတင္းဌာန )

Unicode Version

 

ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းချိန်တွင် လက်နက်ကိုင်တောင်းဆို၍မရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
သံတောင်ကြီးတပ်နယ်ရှိတပ်မတော်ကြည်းတိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် ဇူလိုင် ၂ ရက်က တပ်မတော်သားနှင့်အရာရှိစစ်သည်များတို့ကိုတွေ့ဆုံစဉ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ မိမိတို့နိုင်ငံအနေဖြင့်  နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှု ၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုများ မရှိသေးကြောင်း၊  တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှုမရှိသေးကြောင်း၊ ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ်လျှောက်လှမ်းချိန်တွင် လက်နက်ကိုင် တောင်းဆို၍ မရကြောင်း ’’ ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၊လားဟူဒီမိုကရက်တစ်ပါတီတို့ ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိတွင် ကေအိုင်အေ၊ အေအေ ၊ တီအမ်အယ်လ်အေ၊ ကေအမ်ပီပီ၊ အက်စ်အက်စ်ပီပီစသည့် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များမှာ NCA အပစ်ရပ်လက်မှတ်ထိုးရန် ကျန်ရှိနေသေးကြောင်း သိရသည်။

- မင်းသီဟန်( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။