Skip to main content
“ ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ခ်င္” သီခ်င္းကို ျမန္မာျပည္သိန္းတန္မွသီဆိုျခင္းအတြက္ ခြင့္ျပဳခ်က္ ေတာင္းခံခဲ့ျခင္းမရွိဟု ခ်ယ္ရီသင္း ဆို
Ads Block

“ ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ခ်င္” သီခ်င္းကို ျမန္မာျပည္သိန္းတန္မွသီဆိုျခင္းအတြက္ ခြင့္ျပဳခ်က္ ေတာင္းခံခဲ့ျခင္းမရွိဟု ခ်ယ္ရီသင္း ဆို

“ ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ခ်င္” သီခ်င္းကို ျမန္မာျပည္သိန္းတန္မွသီဆိုခဲ့ျခင္းအတြက္ သက္ဆုိင္ရာမွ လာေရာက္ၿပီး ခြင့္ျပဳခ်က္ေတာင္းခံခဲ့ျခင္းမရွိေၾကာင္း ခ်ယ္ရီသင္းက ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ သု၀ဏၰမိုးလံုေလလံုအားကစားကြင္းတြင္ ၿပီးခဲ့ေသာ ဇြန္လ ၂၉ ရက္က က်င္းပခဲ့သည့္  “ရႈတိုင္းယဥ္ ဆင္တိုင္းလွ ၀တ္စားဆင္ယင္ထံုးဖြဲ႕မႈၿပပြဲ” တြင္ ျမန္မာျပည္သိန္းတန္သည္ ခ်ယ္ရီသင္း သီဆိုထားေသာ “ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ခ်င္” သီခ်င္းကို သီဆိုခဲ့ျခင္း ျဖစ္သည္။
“ ခြင့္ျပဳခ်က္ကေတာ့မေတာင္းခဲ့ပါဘူး။ ခြင့္ျပဳခ်က္ေတာင္းဖို႔ တာဝန္႐ွိတာကေတာ့ ျမန္မာအမ်ိဳးသမီးေရးရာ ဘက္က တာဝန္႐ွိတယ္လို႔ ထင္တယ္။ ခြင့္ျပဳခ်က္မေတာင္းတာကိုေတာ့ ဘာမွမျဖစ္ပါဘူး။ ကိုယ္က အခုမွ စတက္ကာစအဆိုေတာ္ေလ။ ကိုယ့္သီခ်င္းကိုအခုလိုဆိုေပးတာ တစ္ဖက္တစ္လမ္းကေတာ့ ပိုၿပီး ေပါက္သြားတာေပါ့။ ဦးသိန္းတန္ကလည္း အရင္ကတည္းက ခ်ယ္ရီသေဘာက်တဲ့သူထဲမွာပါတယ္။ ဒါကလည္း ဦးသိန္းတန္နဲ႔မဆိုင္ပါဘူး။ အခုပြဲက်ေတာ့ ႐ိုး႐ိုးမဟုတ္ဘူးေလ။ TV Channel ႀကီးမွာျပတဲ့ပြဲမ်ိဳးဆိုတာ့ နည္းနည္းပါးပါးေတာ့ ေလးစားမႈ႐ွိၿပီးဆိုမယ္ဆိုတဲ့အေၾကာင္းေလးေျပာခဲ့ရင္ေတာ့ ပိုေကာင္းတာေပါ့။ မေျပာေတာ့လည္း ဘာမွမျဖစ္ပါဘူး။ ခြင့္ျပဳခ်က္ေတာင္းခဲ့ရင္ေတာ့ ပိုေပ်ာ္တာေပါ့” ဟု ခ်ယ္ရီသင္းက ေျပာသည္။
ထို႔အျပင္ ခြင့္ျပဳခ်က္ေတာင္းခံေစျခင္းမွာ ပိုက္ဆံရယူလိုျခင္းမဟုတ္ေၾကာင္းလည္း ၄င္းက ဆက္လက္ ေျပာၾကားသည္။
“ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ခ်င္”သီခ်င္းကို ေတးေရး- ေစာအယ္ကေရးစပ္ေပးခဲ့ျခင္းျဖစ္ၿပီး ခ်ယ္ရီသင္းမွ သီဆိုထားျခင္း ျဖစ္သည္။

-  အိျဖဴသိမ့္( အကုန္သိ သတင္းဌာန )

Unicode Version

 

“ ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်” သီချင်းကို မြန်မာပြည်သိန်းတန်မှသီဆိုခဲ့ခြင်းအတွက် သက်ဆိုင်ရာမှ လာရောက်ပြီး ခွင့်ပြုချက်တောင်းခံခဲ့ခြင်းမရှိကြောင်း ချယ်ရီသင်းက ပြောသည်။
ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းတွင် ပြီးခဲ့သော ဇွန်လ ၂၉ ရက်က ကျင်းပခဲ့သည့်  “ရှုတိုင်းယဉ် ဆင်တိုင်းလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ” တွင် မြန်မာပြည်သိန်းတန်သည် ချယ်ရီသင်း သီဆိုထားသော “ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်” သီချင်းကို သီဆိုခဲ့ခြင်း ဖြစ်သည်။
“ ခွင့်ပြုချက်ကတော့မတောင်းခဲ့ပါဘူး။ ခွင့်ပြုချက်တောင်းဖို့ တာဝန်ရှိတာကတော့ မြန်မာအမျိုးသမီးရေးရာ ဘက်က တာဝန်ရှိတယ်လို့ ထင်တယ်။ ခွင့်ပြုချက်မတောင်းတာကိုတော့ ဘာမှမဖြစ်ပါဘူး။ ကိုယ်က အခုမှ စတက်ကာစအဆိုတော်လေ။ ကိုယ့်သီချင်းကိုအခုလိုဆိုပေးတာ တစ်ဖက်တစ်လမ်းကတော့ ပိုပြီး ပေါက်သွားတာပေါ့။ ဦးသိန်းတန်ကလည်း အရင်ကတည်းက ချယ်ရီသဘောကျတဲ့သူထဲမှာပါတယ်။ ဒါကလည်း ဦးသိန်းတန်နဲ့မဆိုင်ပါဘူး။ အခုပွဲကျတော့ ရိုးရိုးမဟုတ်ဘူးလေ။ TV Channel ကြီးမှာပြတဲ့ပွဲမျိုးဆိုတာ့ နည်းနည်းပါးပါးတော့ လေးစားမှုရှိပြီးဆိုမယ်ဆိုတဲ့အကြောင်းလေးပြောခဲ့ရင်တော့ ပိုကောင်းတာပေါ့။ မပြောတော့လည်း ဘာမှမဖြစ်ပါဘူး။ ခွင့်ပြုချက်တောင်းခဲ့ရင်တော့ ပိုပျော်တာပေါ့” ဟု ချယ်ရီသင်းက ပြောသည်။
ထို့အပြင် ခွင့်ပြုချက်တောင်းခံစေခြင်းမှာ ပိုက်ဆံရယူလိုခြင်းမဟုတ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
“ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်”သီချင်းကို တေးရေး- စောအယ်ကရေးစပ်ပေးခဲ့ခြင်းဖြစ်ပြီး ချယ်ရီသင်းမှ သီဆိုထားခြင်း ဖြစ်သည်။

-  အိဖြူသိမ့်( အကုန်သိ သတင်းဌာန )

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။