Skip to main content
Facebook မှာနေတတ်ထိုင်တတ်ဖို့ပဲလိုတယ်ဆိုတဲ့ အလင်းရောင်
Ads Block
Facebook မှာနေတတ်ထိုင်တတ်ဖို့ပဲလိုတယ်ဆိုတဲ့ အလင်းရောင်
Unicode Version
ဆိုရှယ်မီဒီယာတွေကို အသုံးပြုသူတွေများလာသလို ဆိုးကျိုး၊ကောင်းကျိုးတွေလည်းအမြဲရှိနေတဲ့အတွက် နေတတ်၊ ထိုင်တတ်ဖို့လိုတယ်လို့ အလင်းရောင်က ပြောပါတယ်။
ဆိုရှယ်မီဒီယာတွေအသုံးပြုပုံနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
“ ဆိုရှယ်မီဒီယာတွေက ဆိုးကျိုးရှိရင် ကောင်းကျိုးကလည်းရှိနေမှာပါ။ အမြဲတမ်းဒွန်တွဲနေတာပါ။ ဒီနိုင်ငံမှမဟုတ်ဘူး။ တခြားနိုင်ငံက Facebook တွေဆိုရှယ်မီဒီယာတွေမှာ တစ်ခုခုတင်လိုက်တာနဲ့ သဘောထားကွဲလွဲတာတွေ၊ ဝေဖန်တာတွေရှိမြဲပဲ။ နေတတ်ထိုင်တတ်ဖို့ပဲလိုတယ်လို့ ထင်ပါတယ်။ မြန်မာပြည်မှာတော့ ကျွန်တော်တခြားအင်တာဗျူးမှာပြောသလိုပဲ ကိုယ်နဲ့မဆိုင်ဘူး။  ကိုယ်က စိတ်မဝင်စားဘူဆိုရင် ဒီလူအကြောင်းလည်းမသိချင်ဘူးဆိုရင် ကျော်သွား။ အဲဒါကအကောင်းဆုံးပဲ” လို့ အလင်းရောင်က ပြောပါတယ်။
သရုပ်ဆောင်အလင်းရောင်ကတော့ လက်ရှိမှာ ဇာတ်ကားတွေ ၊ Mtv တွေ ရိုက်ကူးနေတာဖြစ်ပြီး “ငါတို့သည် “ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရတယ်။
-  အိန္ဒြာ ( အကုန်သိ သတင်းဌာန )
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။