Skip to main content
egqe
Ads Block

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ ဟံသာ၀တီေလဆိပ္တို႔ကို ခ်ိတ္ဆက္အသံုးျပဳသြားမည္ဟု ဆို

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ဟံသာဝတီေလဆိပ္ႏွင့္ခ်ိတ္ဆက္အသံုးျပဳသြားမည္ျဖစ္ေၾကာင္း ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးရဲထြဋ္ေအာင္က ေျပာသည္။

ဟံသာဝတီအျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္းသည္ ႏိုင္ငံေတာ္အဆင့္စီမံကိ္န္းျဖစ္သည့္အတြက္ ဦးစားေပးေဆာင္ရြက္သြားမည္ျဖစ္ၿပီး လက္ရွိတြင္ ဂ်ပန္ႏိုင္ငံမွ သက္ဆိုင္ရာဝန္ႀကီးဌာနႏွင့္ ျပည္တြင္းရွိ ေလေၾကာင္းဦးစီးဌာနတို႔မွ ေဆြးေႏြးေနေၾကာင္း သိရသည္။

bw

ထို႔ေၾကာင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကိုတာဝန္ယူအဆင့္ျမွင့္တင္ေနသည့္ Yangon Aerodrome Co.,Ltd (YACL) ကုမၸဏီကို ေဆြးေႏြးမႈတြင္ ထည့္သြင္းထားေၾကာင္း သိရသည္။

“ ၃ ႀကိမ္ေျမာက္ေဆြးေႏြးတဲ့အခါမွာ သူ႔ကိုထည့္ၿပီးေဆြးေႏြးတယ္။ သူတို႔နဲ႔ပါ ညွိႏိႈင္းရမယ့္ကိစၥေလးေတြ ရွိလာေတာ့ သူတို႔ကိုပါထည့္ၿပီးေဆြးေႏြးတာပါ။ ေနာက္ပိုင္းက်ရင္ေတာ့ သူတို႔ႏွစ္ခုကို ခ်ိတ္ဆက္သြားမွာပါ။ ဘယ္လိုပံုစံနဲ႔ ခ်ိတ္ဆက္သြားမလဲဆိုတာကိုေတာ့ ေျပာလို႔မရေသးဘူး” ဟု ေလေၾကာင္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးရဲထြဋ္ေအာင္က ေျပာသည္။

vegfqwe

ဟံသာဝတီအျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္းအတြက္ ျမန္မာႏွင့္ ဂ်ပန္ႏွစ္ႏိုင္ငံညွိႏိႈင္းေနၿပီး ၂၀၂၀ ခုႏွစ္တြင္ ညွိႏိႈင္းသေဘာတူညီခ်က္ရရွိမည္ဟု ခန္႔မွန္းထားေၾကာင္း သိရသည္။

အဆိုပါ စီမံကိန္းၿပီးစီးပါက ဟံသာဝတီေလဆိပ္တြင္ ျပည္ပေလေၾကာင္းလိုင္းတစ္မ်ိဳးတည္းသာ ဆင္းသက္မည္ ျဖစ္ၿပီး ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ျပည္တြင္းေလေၾကာင္းလိုင္း၊ စင္းလံုးငွားေလယာဥ္၊ Medical Flight အပါအဝင္ အေထြေထြပို႔ေဆာင္ေပးသည့္ေလယာဥ္မ်ား ဆင္းသက္မည္ျဖစ္ေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဟံသာဝတီလေဆိပ်တို့ကို ချိတ်ဆက်အသုံးပြုသွားမည်ဟု ဆို

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဟံသာဝတီလေဆိပ်နှင့်ချိတ်ဆက်အသုံးပြုသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းသည် နိုင်ငံတော်အဆင့်စီမံကိန်းဖြစ်သည့်အတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ဂျပန်နိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်တွင်းရှိ လေကြောင်းဦးစီးဌာနတို့မှ ဆွေးနွေးနေကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုတာဝန်ယူအဆင့်မြှင့်တင်နေသည့် Yangon Aerodrome Co.,Ltd (YACL) ကုမ္ပဏီကို ဆွေးနွေးမှုတွင် ထည့်သွင်းထားကြောင်း သိရသည်။

“ ၃ ကြိမ်မြောက်ဆွေးနွေးတဲ့အခါမှာ သူ့ကိုထည့်ပြီးဆွေးနွေးတယ်။ သူတို့နဲ့ပါ ညှိနှိုင်းရမယ့်ကိစ္စလေးတွေ ရှိလာတော့ သူတို့ကိုပါထည့်ပြီးဆွေးနွေးတာပါ။ နောက်ပိုင်းကျရင်တော့ သူတို့နှစ်ခုကို ချိတ်ဆက်သွားမှာပါ။ ဘယ်လိုပုံစံနဲ့ ချိတ်ဆက်သွားမလဲဆိုတာကိုတော့ ပြောလို့မရသေးဘူး” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းအတွက် မြန်မာနှင့် ဂျပန်နှစ်နိုင်ငံညှိနှိုင်းနေပြီး ၂၀၂၀ ခုနှစ်တွင် ညှိနှိုင်းသဘောတူညီချက်ရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အဆိုပါ စီမံကိန်းပြီးစီးပါက ဟံသာဝတီလေဆိပ်တွင် ပြည်ပလေကြောင်းလိုင်းတစ်မျိုးတည်းသာ ဆင်းသက်မည် ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းလေကြောင်းလိုင်း၊ စင်းလုံးငှားလေယာဉ်၊ Medical Flight အပါအဝင် အထွေထွေပို့ဆောင်ပေးသည့်လေယာဉ်များ ဆင်းသက်မည်ဖြစ်ကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။