Skip to main content
bw
Ads Block

က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ထီအေၾကြးထုိးသူ အသက္ ၈၀ အရြယ္အဘြားအုိဆြတ္ခူးရရွိ

ဇူလုိင္ ၁ ရက္တြင္ ထြက္ရွိေသာ ၅ ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ေအာင္ဘာေလသိန္းဆုဖြင့္ပြဲမွ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ဟသၤာတၿမိဳ႕ရွိ အသက္ ၈၀ အရြယ္အဘြားအုိေဒၚခင္တင့္မွ အေၾကြးျဖင့္ထီထုိး၍ ဆြတ္ခူးရရွိခဲ့ေၾကာင္း သိရသည္။

cfq

ေဒၚခင္တင့္သည္ လစဥ္ ေအာင္ဘာေလထီထုိးခဲ့ျခင္းျဖစ္ၿပီး ဇြန္လအတြင္းထီထုိးရာမွ ထီဖုိးေငြအေၾကြးအခ်ိဳ႕ပင္ က်န္ရွိေနေသးေၾကာင္း သိရသည္။

၄င္းသည္ ဧရာ၀တီတုိင္းေဒသႀကီး၊ ဟသၤာတေအးျမသာယာရပ္ကြက္တြင္ ေနထုိင္ျခင္းျဖစ္ၿပီး ခင္ပြန္းသည္ မရွိေတာ့ဘဲ သားသမီးမ်ား၏ ေထာက္ပံ့ေငြျဖင့္ရပ္တည္ေနရသူျဖစ္ေၾကာင္း သိရသည္။

vweg

၂၀၁၉ ခုႏွစ္၊ ဇူလုိင္ ၁ ရက္တြင္က်င္းပခဲ့သည္ ၅ ႀကိမ္ေျမာက္ ၁၀၀၀က်ပ္တန္ေအာင္ဘာေလ သိန္းဆု ဖြင့္ပြဲတြင္ က အကၡရာမွ ကဆ အကၡရာအထိ စုစုေပါင္းအကၡရာ ၄၀ လုံး၊ ထီစာအုပ္ ၃၂၇၂၇၂၀ အုပ္ကို ေရာင္းခ်ေပးႏုိင္ခဲ့ကာ ၅ ႀကိမ္ေျမာက္ ဆုမဲဖြင့္ပြဲတြင္ က်ပ္သိန္းတစ္ေသာင္းခြဲဆုမဲနံပါတ္မွာ င ၉၂၈၁၇၇ ျဖစ္သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

ကျပ်သိန်းတစ်သောင်းခွဲဆုကို ထီအကြွေးထိုးသူ အသက် ၈၀ အရွယ်အဘွားအိုဆွတ်ခူးရရှိ

ဇူလိုင် ၁ ရက်တွင် ထွက်ရှိသော ၅ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲမှ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဟင်္သာတမြို့ရှိ အသက် ၈၀ အရွယ်အဘွားအိုဒေါ်ခင်တင့်မှ အကြွေးဖြင့်ထီထိုး၍ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဒေါ်ခင်တင့်သည် လစဉ် အောင်ဘာလေထီထိုးခဲ့ခြင်းဖြစ်ပြီး ဇွန်လအတွင်းထီထိုးရာမှ ထီဖိုးငွေအကြွေးအချို့ပင် ကျန်ရှိနေသေးကြောင်း သိရသည်။

၎င်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတအေးမြသာယာရပ်ကွက်တွင် နေထိုင်ခြင်းဖြစ်ပြီး ခင်ပွန်းသည် မရှိတော့ဘဲ သားသမီးများ၏ ထောက်ပံ့ငွေဖြင့်ရပ်တည်နေရသူဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁ ရက်တွင်ကျင်းပခဲ့သည် ၅ ကြိမ်မြောက် ၁၀၀၀ကျပ်တန်အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် က အက္ခရာမှ ကဆ အက္ခရာအထိ စုစုပေါင်းအက္ခရာ ၄၀ လုံး၊ ထီစာအုပ် ၃၂၇၂၇၂၀ အုပ်ကို ရောင်းချပေးနိုင်ခဲ့ကာ ၅ ကြိမ်မြောက် ဆုမဲဖွင့်ပွဲတွင် ကျပ်သိန်းတစ်သောင်းခွဲဆုမဲနံပါတ်မှာ င ၉၂၈၁၇၇ ဖြစ်သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။