Skip to main content
hwg2w
Ads Block




wqegq


swh

၁၉၆၉ ခုနှစ်၊ မေလထုတ် မိုးသောက်မဂ္ဂဇင်းပါ “စေတနာမှန်သော်လည်း” ၀တ္တုတိုဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး မချမ်းသောမှ မချမ်းဘော ၊ ကျိန်စာသင့်ဝိဥာဉ် ၊ စိုင်းတို့မောသို့ အလွမ်းပြေစသည့် ၀တ္တုတို့မှာဆရာမကြီး၏ ထင်ရှားသောဝတ္တုများဖြစ်ခဲ့ကြောင်းသိရသည်။

vwe2



Unicode Version

စာရေးဆရာမ ကလျာ(ဝိဇ္ဇာ/သိပ္ပံ) ကွယ်လွန်

စာရေးဆရာမ ကလျာ(ဝိဇ္ဇာ/သိပ္ပံ)သည် ယနေ့(ဇူလိုင် ၁ ရက်)မနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

စာရေးဆရာမ ကလျာ(ဝိဇ္ဇာ/သိပ္ပံ) သည် ကွယ်လွန်ချိန်၌ အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး ရသစာပေများ အဓိကရေးသားခဲ့သူတစ်ဦးလည်း ဖြစ်သည်။

စာရေးဆရာမ ကလျာ(ဝိဇ္ဇာ/သိပ္ပံ) ကို ၁၉၃၈ ခုနှစ်၊ မေလ ၁၄ရက်တွင် အဖဦးမောင်တင် ၊အမိဒေါ်ရွှေတို့မှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး အမည်ရင်းမှာ ဒေါ်ခင်ခင်ဝင်းဖြစ်သည်။

၁၉၆၉ ခုနှစ်၊ မေလထုတ် မိုးသောက်မဂ္ဂဇင်းပါ “စေတနာမှန်သော်လည်း” ဝတ္တုတိုဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး မချမ်းသောမှ မချမ်းဘော ၊ ကျိန်စာသင့်ဝိဉာဉ် ၊ စိုင်းတို့မောသို့ အလွမ်းပြေစသည့် ဝတ္တုတို့မှာဆရာမကြီး၏ ထင်ရှားသောဝတ္တုများဖြစ်ခဲ့ကြောင်းသိရသည်။

ဆရာမကြီးသည် ကာတွန်းစိန်ကြီးနှင့်လက်ထပ်ခဲ့ပြီး သက်တမ်းတစ်လျှောက် လုံးချင်းဝတ္တုပေါင်း ၁၀၀ ကျော်၊ ဝတ္တုရှည် ၂၀ ကျော်၊ ဝတ္တုတို ၈၀ ကျော်ရေးသားခဲ့ကြောင်းသိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။