Skip to main content
ner
Ads Block

စာရင္းစစ္မ်ား လုပ္ငန္းတာ၀န္ေက်ပြန္ၾကရန္ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ဦးေမာ္သန္းေျပာ

စာရင္းစစ္မ်ားသည္ ႏုိင္ငံပုိင္က႑စာရင္းစစ္မ်ားျဖစ္ၾကသျဖင့္ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ဥပေဒအရ အပ္ႏွင္းထားေသာစာရင္းစစ္ေဆးျခင္းလုပ္ငန္းမ်ားကုိတာ၀န္ေက်ပြန္ၾကရန္ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ဦးေမာ္သန္းက ေျပာလုိက္သည္။

ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ရုံးေနျပည္ေတာ္တြင္ ဇူလုိင္ ၁ ရက္ကက်င္းပေသာစာရင္းစစ္ - ၃မ်ား လုပ္ငန္းခြင္ကြ်မ္းက်င္မႈသင္တန္းအမွတ္စဉ္- ၄၉ သင္တန္းဖြင့္ပြဲအခမ္းအနားတြင္ ယခုကဲ့သို႔ေျပာျခင္း ျဖစ္သည္။

ve

“စာရင္းစစ္ - ၃ မ်ားသည္ အေျခခံစာရင္းပညာသင္ယူတတ္ေျမာက္ၿပီးသူမ်ားျဖစ္ၾကေသာ္လည္း လုပ္ငန္းခြင္တြင္ လက္ေတြ႔က်က်ထိထိေရာက္ေရာက္တာဝန္ထမ္းေဆာင္ႏိုင္ရန္ ကြ်မ္းက်င္မႈမ်ား လိုအပ္ေနေသးသည့္အတြက္ ကြ်မ္းက်င္သင္တန္းမ်ားဖြင့္လွစ္ရျခင္းျဖစ္ေၾကာင္း၊ စာရင္းစစ္ - ၃မ်ားသည္ ႏိုင္ငံပိုင္က႑စာရင္းစစ္မ်ား (Public Sector Auditors) ျဖစ္ၾကသျဖင့္ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ဥပေဒအရ အပ္ႏွင္းထားေသာ စာရင္းစစ္ေဆးျခင္းလုပ္ငန္းတာဝန္မ်ားကိုေက်ပြန္စြာထမ္းေဆာင္ ၾကရမည္ျဖစ္ပါတယ္” ဟု ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ဦးေမာ္သန္းက ေျပာသည္။

အဆိုပါအခမ္းအနားသို႔ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ရံုးမွ အၿမဲတမ္းအတြင္းဝန္၊ ညႊန္ၾကားေရးမႉးခ်ဳပ္ႏွင့္ တာဝန္ရွိပုဂၢိဳလ္မ်ား၊ သင္တန္းကထိကမ်ားႏွင့္သင္တန္းသူ / သင္တန္းသား (၁၀၁) ဦးတက္ေရာက္ခဲ့သည္။

 

သင္တန္းတြင္ စာရင္းစစ္ေဆးျခင္းဆိုင္ရာအေျခခံသေဘာတရားမ်ား၊ အေျခခံစာရင္းပညာမ်ား၊ စာရင္းစစ္ေဆးရာတြင္ က်င့္သံုးရမည့္စည္းမ်ဉ္းစည္းကမ္းမ်ား၊ ဘ႑ာေရးစည္းမ်ဉ္းမ်ား၊ ဝန္ထမ္း စည္းမ်ဥ္းမ်ားႏွင့္ေစာင့္ထိန္းရမည့္က်င့္ဝတ္မ်ား စသည္တို႔ပို႔ခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

စာရင်းစစ်များ လုပ်ငန်းတာဝန်ကျေပွန်ကြရန် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းပြော

စာရင်းစစ်များသည် နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်များဖြစ်ကြသဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ အပ်နှင်းထားသောစာရင်းစစ်ဆေးခြင်းလုပ်ငန်းများကိုတာဝန်ကျေပွန်ကြရန် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောလိုက်သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနေပြည်တော်တွင် ဇူလိုင် ၁ ရက်ကကျင်းပသောစာရင်းစစ် - ၃များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်- ၄၉ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။

“စာရင်းစစ် - ၃ များသည် အခြေခံစာရင်းပညာသင်ယူတတ်မြောက်ပြီးသူများဖြစ်ကြသော်လည်း လုပ်ငန်းခွင်တွင် လက်တွေ့ကျကျထိထိရောက်ရောက်တာဝန်ထမ်းဆောင်နိုင်ရန် ကျွမ်းကျင်မှုများ လိုအပ်နေသေးသည့်အတွက် ကျွမ်းကျင်သင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ စာရင်းစစ် - ၃များသည် နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်များ (Public Sector Auditors) ဖြစ်ကြသဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ အပ်နှင်းထားသော စာရင်းစစ်ဆေးခြင်းလုပ်ငန်းတာဝန်များကိုကျေပွန်စွာထမ်းဆောင် ကြရမည်ဖြစ်ပါတယ်” ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့်သင်တန်းသူ / သင်တန်းသား (၁၀၁) ဦးတက်ရောက်ခဲ့သည်။

သင်တန်းတွင် စာရင်းစစ်ဆေးခြင်းဆိုင်ရာအခြေခံသဘောတရားများ၊ အခြေခံစာရင်းပညာများ၊ စာရင်းစစ်ဆေးရာတွင် ကျင့်သုံးရမည့်စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်း စည်းမျဉ်းများနှင့်စောင့်ထိန်းရမည့်ကျင့်ဝတ်များ စသည်တို့ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။