Skip to main content
awgwgw
Ads Block

Control Center မွမီတာဖတ္ႏုိင္ေသာအဆင့္ေရာက္လာပါက လွ်ပ္စစ္ခိုးယူသံုးစြဲမႈမ်ားပေပ်ာက္သြားမည္ဟု ဆို

ရန္ကုန္တိုင္းေဒသႀကီးးအတြင္ Control Center မွမီတာဖတ္ႏုိင္ေသာအဆင့္သို႔ ေရာက္ရွိလာပါက လွ်ပ္စစ္ခိုးယူသံုးစြဲမႈမ်ား ပေပ်ာက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လွ်ပ္စစ္၊ စက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီးေဒၚနီလာေက်ာ္ကေျပာသည္။

 

ဇူလိုင္လ (၁)ရက္က က်င္းပသည့္ ရန္ကုန္တိ္ုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေ၀းတြင္ မဂၤလာေတာင္ညႊန္႔ ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)မွ ကိုယ္စားလွယ္ ဦးရန္ေအာင္၏ ဆုံးရႈံးလွ်ပ္စစ္ယူနစ္မ်ားအတြက္ မည္ကဲ့သို႕ စီမံေဆာင္ရြက္ထားသည္ႏွင့္ပတ္သက္ၿပီးေမးျမန္းမႈကို ေျဖၾကားရာ၌ ထည့္သြင္းေျပာၾကားျခင္း ျဖစ္သည္။

bweg

“Non- Technical losses က်ဆင္းေရးအတြက္ အျခားၿမိဳ႕နယ္ေတြမွာလည္းေဆာင္ရြက္ေပးေနပါတယ္။ Non- Technical losses ကလူေၾကာင့္ျဖစ္ရတဲ့ကိစၥေတြပါ။ အဓိကေတာ့ လွ်ပ္စစ္ကိုခိုးယူသံုးစြဲတာေတြ တရားမ၀င္ သံုးစြဲတာေတြကပဲျဖစ္ပါတယ္။ ဒီကိစၥေတြကိ္ုကိုင္တြယ္ႏုိင္ေအာင္ AMI စနစ္ကိုက်င့္သံုးေတာ့မွာပါ။ ဒီစနစ္က်င့္သံုးၿပီဆိုရင္ လွ်ပ္စစ္မီတာေတြကိုလူနဲ႔ေျပာင္းလဲၿပီးေတာ့ ခိုးယူသံုးစြဲတဲ့ကိစၥေတြ ေပ်ာက္သြားမွာပါ။ ဒါ့အျပင္ မီတာဖတ္ျခင္းကို ကၽြန္မတို႔ Control Centerကေနဖတ္ႏုိင္တဲ့အဆင့္အထိ သြားႏု္ိင္မယ္ဆိုရင္ လွ်ပ္စစ္ကိုခိုးယူသံုးစြဲတာေတြ၊ တရားမ၀င္သံုးစြဲတာေတြ ပေပ်ာက္သြားမွာပါ” ဟု ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ လွ်ပ္စစ္၊ စက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ေဒၚနီလာေက်ာ္က ေျပာသည္။

 

လက္ရွိ ရန္ကုန္တိုင္းေဒသႀကီး၌ ေပ်ာက္ဆံုးလွ်ပ္စစ္ယူနစ္မ်ားမရွိေစေရးအတြက္ သက္ဆိုင္ရာ 33KV ၊ 66KV အစရွိသည့္ ဓာတ္အားခြဲရုံႀကီးမ်ားတြင္ ေကာင္းကင္ဓာတ္အားလုိင္းမ်ား၊ ေျမေအာက္ဓာတ္အားလိုင္းမ်ား တိ္ုးခ်ဲ႕တည္ေဆာက္ျခင္းမ်ား၊ OverLoadမျဖစ္ေပၚေစေရးအတြက္ အပတ္စဥ္ သစ္ပင္ခုတ္ျခင္း၊ ဓာတ္အားခြဲရုံ အဆင့္ျမင့္တင္ျခင္းမ်ား အပတ္စဥ္ျပဳလုပ္ေနေၾကာင္း သိရသည္။

 

အဆိ္ုပါျဖစ္စဥ္မ်ားအတြက္ လိုအပ္ေသာေၾကညာခ်က္မ်ားကိုလည္း ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

- ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version

Control Center မှမီတာဖတ်နိုင်သောအဆင့်ရောက်လာပါက လျှပ်စစ်ခိုးယူသုံးစွဲမှုများပပျောက်သွားမည်ဟု ဆို

ရန်ကုန်တိုင်းဒေသကြီးးအတွင် Control Center မှမီတာဖတ်နိုင်သောအဆင့်သို့ ရောက်ရှိလာပါက လျှပ်စစ်ခိုးယူသုံးစွဲမှုများ ပပျောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်ကပြောသည်။

ဇူလိုင်လ (၁)ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မင်္ဂလာတောင်ညွှန့် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ကိုယ်စားလှယ် ဦးရန်အောင်၏ ဆုံးရှုံးလျှပ်စစ်ယူနစ်များအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်နှင့်ပတ်သက်ပြီးမေးမြန်းမှုကို ဖြေကြားရာ၌ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“Non- Technical losses ကျဆင်းရေးအတွက် အခြားမြို့နယ်တွေမှာလည်းဆောင်ရွက်ပေးနေပါတယ်။ Non- Technical losses ကလူကြောင့်ဖြစ်ရတဲ့ကိစ္စတွေပါ။ အဓိကတော့ လျှပ်စစ်ကိုခိုးယူသုံးစွဲတာတွေ တရားမဝင် သုံးစွဲတာတွေကပဲဖြစ်ပါတယ်။ ဒီကိစ္စတွေကိုကိုင်တွယ်နိုင်အောင် AMI စနစ်ကိုကျင့်သုံးတော့မှာပါ။ ဒီစနစ်ကျင့်သုံးပြီဆိုရင် လျှပ်စစ်မီတာတွေကိုလူနဲ့ပြောင်းလဲပြီးတော့ ခိုးယူသုံးစွဲတဲ့ကိစ္စတွေ ပျောက်သွားမှာပါ။ ဒါ့အပြင် မီတာဖတ်ခြင်းကို ကျွန်မတို့ Control Centerကနေဖတ်နိုင်တဲ့အဆင့်အထိ သွားနိုင်မယ်ဆိုရင် လျှပ်စစ်ကိုခိုးယူသုံးစွဲတာတွေ၊ တရားမဝင်သုံးစွဲတာတွေ ပပျောက်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၌ ပျောက်ဆုံးလျှပ်စစ်ယူနစ်များမရှိစေရေးအတွက် သက်ဆိုင်ရာ 33KV ၊ 66KV အစရှိသည့် ဓာတ်အားခွဲရုံကြီးများတွင် ကောင်းကင်ဓာတ်အားလိုင်းများ၊ မြေအောက်ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်းများ၊ OverLoadမဖြစ်ပေါ်စေရေးအတွက် အပတ်စဉ် သစ်ပင်ခုတ်ခြင်း၊ ဓာတ်အားခွဲရုံ အဆင့်မြင့်တင်ခြင်းများ အပတ်စဉ်ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များအတွက် လိုအပ်သောကြေညာချက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။