Skip to main content
ရန္ကုန္စည္ပင္အေနျဖင့္ ဂုဏ္အယူရဆံုးလုပ္ငန္းမရွိေသးဟု ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စိုး ေျပာ 
Ads Block

ရန္ကုန္စည္ပင္အေနျဖင့္ ဂုဏ္အယူရဆံုးလုပ္ငန္းမရွိေသးဟု ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စိုး ေျပာ 

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္အေနျဖင့္ ဂုဏ္အယူရဆံုးလုပ္ငန္းမရွိေသးေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးကေျပာသည္။
ရန္ကုန္ၿမိဳ႕ေတာ္ခန္းမတြင္ ဇူလုိင္လ ၁ ရက္၊ ေန႔လယ္ပိုင္းကက်င္းပသည့္ သတင္းစာရွင္းလင္းပြဲတြင္ “ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ လက္ရွိသက္တမ္းအတြင္းဂုဏ္အယူရဆံုးလုပ္ငန္းကို ျပပါဆုိရင္ မည္သည့္လုပ္ငန္းကိုေျပာခ်င္ပါသလဲ” ဆုိသည့္ သတင္းေထာက္တစ္ဦး၏ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“ ကၽြန္ေတာ္တုိ႔ဂုဏ္အယူရဆံုးလုိ႔ ဘာမွမရွိေသးဘူး။ ဒါေျဗာင္ေျပာတာ။ ဘာမွမရွိေသးဘူး။ ကၽြန္ေတာ္တုိ႔က လုပ္ခ်င္တာေတြ အမ်ားႀကီး။ ရွင္းတယ္ေနာ္။ လုပ္စရာေတြအမ်ားႀကီးရွိတယ္ဆုိေတာ့ ဒီဟာလည္းၿပီးေအာင္ လုပ္ရတယ္။ ဟုိဟာလည္း ၿပီးေအာင္လုပ္ရတယ္။ ၿပီးရင္ ဒီထက္ေကာင္းေအာင္လုပ္ဖုိ႔လည္းရွိတယ္။ အဲဒါေတြကိုဂုဏ္ယူပါတယ္ဆုိၿပီး ၾကြားတာျဖစ္မယ္။ ကၽြန္ေတာ့္ကိုအၿမဲေျပာသလုိ အဲလိုလူတန္းစားထဲမွာ မပါဘူး။ ကၽြန္ေတာ္အလုပ္လုပ္တဲ့လူတန္းစားပါ” ဟု ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးကေျပာသည္။
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေကာ္မတီအေနျဖင့္ လုပ္ခဲ့ၿပီးသည္မ်ားရွိသလုိလုပ္ေနဆဲအလုပ္မ်ားရွိေၾကာင္း စည္ပင္ေကာ္မတီတစ္ဦးျဖစ္သည့္ ေဒၚသန္းျမင့္ေအာင္က ေျပာသည္။
“ အင္းစိန္ GTI ကိုရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာကလက္ေအာက္ကို ျပန္ယူၿပီးေတာ့ ပညာေရးဌာနကို ျပန္လႊဲေပးခဲ့ပါတယ္။ ဒါေျပာင္းလဲတဲ့အေျပာင္းအလဲပါ” ဟုေဒၚသန္းျမင့္ေအာင္က ေျပာသည္။
ထို႔အျပင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ ပညာေရးဝန္ႀကီးဌာနႏွင့္ပူးေပါင္းၿပီး အမိႈက္ျပႆနာပညာေပးလုပ္ငန္းမ်ားေပးျခင္း၊ သင္္ၾကားျခင္း၊ ၿမိဳ႕ေတာ္ဝန္ျပည္သူ႔နီတိၿပိဳင္ပြဲမ်ား က်င္းပခဲ့ေၾကာင္း သိရသည္။ 

- ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန) 

Unicode version

ရန်ကုန်စည်ပင်အနေဖြင့် ဂုဏ်အယူရဆုံးလုပ်ငန်းမရှိသေးဟု မြို့တော်ဝန် ဦးမောင်မောင်စိုး ပြော 

ရန်ကုန်မြို့တော်စည်ပင်အနေဖြင့် ဂုဏ်အယူရဆုံးလုပ်ငန်းမရှိသေးကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။
ရန်ကုန်မြို့တော်ခန်းမတွင် ဇူလိုင်လ ၁ ရက်၊ နေ့လယ်ပိုင်းကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် “ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လက်ရှိသက်တမ်းအတွင်းဂုဏ်အယူရဆုံးလုပ်ငန်းကို ပြပါဆိုရင် မည်သည့်လုပ်ငန်းကိုပြောချင်ပါသလဲ” ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ဂုဏ်အယူရဆုံးလို့ ဘာမှမရှိသေးဘူး။ ဒါဗြောင်ပြောတာ။ ဘာမှမရှိသေးဘူး။ ကျွန်တော်တို့က လုပ်ချင်တာတွေ အများကြီး။ ရှင်းတယ်နော်။ လုပ်စရာတွေအများကြီးရှိတယ်ဆိုတော့ ဒီဟာလည်းပြီးအောင် လုပ်ရတယ်။ ဟိုဟာလည်း ပြီးအောင်လုပ်ရတယ်။ ပြီးရင် ဒီထက်ကောင်းအောင်လုပ်ဖို့လည်းရှိတယ်။ အဲဒါတွေကိုဂုဏ်ယူပါတယ်ဆိုပြီး ကြွားတာဖြစ်မယ်။ ကျွန်တော့်ကိုအမြဲပြောသလို အဲလိုလူတန်းစားထဲမှာ မပါဘူး။ ကျွန်တော်အလုပ်လုပ်တဲ့လူတန်းစားပါ” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီအနေဖြင့် လုပ်ခဲ့ပြီးသည်များရှိသလိုလုပ်နေဆဲအလုပ်များရှိကြောင်း စည်ပင်ကော်မတီတစ်ဦးဖြစ်သည့် ဒေါ်သန်းမြင့်အောင်က ပြောသည်။
“ အင်းစိန် GTI ကိုရန်ကုန်မြို့တော်စည်ပင်သာယာကလက်အောက်ကို ပြန်ယူပြီးတော့ ပညာရေးဌာနကို ပြန်လွှဲပေးခဲ့ပါတယ်။ ဒါပြောင်းလဲတဲ့အပြောင်းအလဲပါ” ဟုဒေါ်သန်းမြင့်အောင်က ပြောသည်။
ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး အမှိုက်ပြဿနာပညာပေးလုပ်ငန်းများပေးခြင်း၊ သင်ကြားခြင်း၊ မြို့တော်ဝန်ပြည်သူ့နီတိပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။ 

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။