Skip to main content
ျပည္သူမ်ား၏ ယုံၾကည္မႈကုိအလြဲသုံးစားမႈမျဖစ္ေစရန္ ေဆာင္ရြက္မည္ဟု သူရဦးေရႊမန္း ကတိေပးေျပာၾကား
Ads Block

ျပည္သူမ်ား၏ ယုံၾကည္မႈကုိအလြဲသုံးစားမႈမျဖစ္ေစရန္ ေဆာင္ရြက္မည္ဟု သူရဦးေရႊမန္း ကတိေပးေျပာၾကား

ျပည္သူမ်ား၏ယုံၾကည္မႈကုိအလြဲသုံးစားမႈမျဖစ္ေစရန္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္ သူရဦးေရႊမန္းကေျပာလုိက္သည္။
ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕တြင္ ဇူလုိင္လ ၁ ရက္ကက်င္းပေသာ ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ ပါတီ၏ လူထုေတြ႔ဆုံပြဲအခမ္းအနားတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 
“ ပါတီမွတ္ပံုတင္ခြင့္ရ႐ွိၿပီးကာလတိုအတြင္းပါတီဝင္အျဖစ္ အဆိုျပဳပါဝင္သူမ်ားအေျမာက္အမ်ား တိုးတက္လာျခင္းသည္ မိမိတို႔အေပၚယံုၾကည္ျခင္းေၾကာင့္ျဖစ္ရာတန္ဖိုးထားပါေၾကာင္း၊ျပည္သူမ်ား၏ ယံုၾကည္မႈကိုအလြဲသံုးစားမႈမျဖစ္ေစဘဲအေလးအနက္ထားၿပီးသတိျပဳ၍ ထိထိေရာက္ေရာက္ေဆာင္ရြက္မွာ ျဖစ္ပါတယ္” ဟု သူရဦးေရႊမန္းက ေျပာသည္။
ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီသည္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ထံမွ ႏုိင္ငံေရးပါတီထူေထာင္ခြင့္ ခြင့္ျပဳခ်က္ရရွိခဲ့ျခင္းျဖစ္သည္။
စီးပြားေရးသည္ ႏုိင္ငံေရးပင္ျဖစ္ပါေၾကာင္း၊ စီးပြားေရးမေကာင္းပါက ႏုိင္ငံေရးလည္းမေကာင္းႏုိင္ေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ MCC ခန္းမတြင္ဇြန္လ ၃၀ ရက္ကက်င္းပေသာ ပါတီ၀င္မ်ားေတြ႔ဆုံပြဲတြင္လည္း ပါတီေခါင္းေဆာင္ သူရဦးေရႊမန္းက ေျပာၾကားထားေသးသည္။ 

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

ပြည်သူများ၏ ယုံကြည်မှုကိုအလွဲသုံးစားမှုမဖြစ်စေရန် ဆောင်ရွက်မည်ဟု သူရဦးရွှေမန်း ကတိပေးပြောကြား

ပြည်သူများ၏ယုံကြည်မှုကိုအလွဲသုံးစားမှုမဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းကပြောလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့တွင် ဇူလိုင်လ ၁ ရက်ကကျင်းပသော ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ၏ လူထုတွေ့ဆုံပွဲအခမ်းအနားတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ ပါတီမှတ်ပုံတင်ခွင့်ရရှိပြီးကာလတိုအတွင်းပါတီဝင်အဖြစ် အဆိုပြုပါဝင်သူများအမြောက်အများ တိုးတက်လာခြင်းသည် မိမိတို့အပေါ်ယုံကြည်ခြင်းကြောင့်ဖြစ်ရာတန်ဖိုးထားပါကြောင်း၊ပြည်သူများ၏ ယုံကြည်မှုကိုအလွဲသုံးစားမှုမဖြစ်စေဘဲအလေးအနက်ထားပြီးသတိပြု၍ ထိထိရောက်ရောက်ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ နိုင်ငံရေးပါတီထူထောင်ခွင့် ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်သည်။
စီးပွားရေးသည် နိုင်ငံရေးပင်ဖြစ်ပါကြောင်း၊ စီးပွားရေးမကောင်းပါက နိုင်ငံရေးလည်းမကောင်းနိုင်ကြောင်း ရန်ကုန်မြို့ရှိ MCC ခန်းမတွင်ဇွန်လ ၃၀ ရက်ကကျင်းပသော ပါတီဝင်များတွေ့ဆုံပွဲတွင်လည်း ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားထားသေးသည်။ 

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။