Skip to main content
မီတာခတိုးျမွင့္ေကာက္ခံျခင္းအတြက္ ဆႏၵထုတ္ေဖာ္
Ads Block

မီတာခတိုးျမွင့္ေကာက္ခံျခင္းအတြက္ ဆႏၵထုတ္ေဖာ္

လွ်ပ္စစ္မီတာခမ်ားတိုးျမွင့္ေကာက္ခံမည့္အစီအစဥ္ကို အစိုးရအေနျဖင့္ ျပန္လည္စဥ္းစားသံုးသပ္ေပးရန္ ရန္ကုန္ၿမိဳ႕တြင္ ယေန႔(ဇူလိုင္လ ၁ ရက္) မနက္ပိုင္းက ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။ ရန္ကုန္ၿမိဳ႕၊ ပုဇြန္ေတာင္ၿမိဳ႕နယ္တြင္ေနထိုင္သူ ၃၀ ဦးနီးပါးသည္ ပုဇြန္ေတာင္ဥယ်ာဥ္အိမ္ရာေရွ႕မွ စတင္ကာ လမ္းေလွ်ာက္ဆႏၵေဖာ္ထုတ္ခဲ့ၾကျခင္းျဖစ္သည္။ “ ဒီလိုမီတာခကိုျပည္သူေတြရဲ႕သေဘာဆႏၵမပါဘဲနဲ႔ အစိုးရအေနနဲ႔တိုးျမွင့္ေကာက္ခံတာကို လက္မခံႏုိင္တဲ့အတြက္ ကၽြန္ေတာ္တို႔ၿမိဳ႕နယ္ေနျပည္သူတခ်ိဳ႕က အခုလိုဆႏၵေဖာ္ထုတ္ရတာပါ။ ဘယ္အဖြဲ႕အစည္းရဲ႕ ဦးေဆာင္မႈမွမပါဘူး။ ဒီလိုမီတာခေတြကိုႏွစ္ဆေက်ာ္တိုးေကာက္တာက ျပည္သူေတြရဲ႕ သေဘာဆႏၵလည္းမပါတဲ့အတြက္ ျပန္ၿပီးစဥ္းစားေပးဖို႔ အစိုးရကိုေတာင္းဆိုခ်င္ပါတယ္”ဟု ဆႏၵျပပြဲဦးေဆာင္သူ ကိုစိုးမင္းသန္းက ေျပာသည္။ ဆႏၵထုတ္ေဖာ္သူမ်ားသည္ ပုဇြန္ေတာင္ဥယ်ာဥ္အိမ္ရာေရွ႕မွ ေအာက္ပုဇြန္ေတာင္လမ္းအတိုင္း လမ္းေလွ်ာက္ ဆႏၵေဖာ္ထုတ္ၾကၿပီးေရေက်ာ္ေစ်းတြင္ ရပ္နားခဲ့ၾကသည္။ လွ်ပ္စစ္မီတာခမ်ား တိုးျမွင့္ေကာက္ခံရန္ လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္းႀကီးဌာနမွ ၿပီးခဲ့သည့္ ဇြန္လ(၂၄) ရက္က ေၾကညာခဲ့ျခင္းျဖစ္ၿပီးအဆိုပါမီတာခကိုလြယ္ကူစြာတြက္ခ်က္ႏုိင္ရန္ Automatic Calculation System ကိုလည္း မိတ္ဆက္ထားသည္။ မီတာခတိုးျမွင့္သည့္အေပၚ ၿပီးခဲ့ေသာ ဇြန္လ(၃၀)ရက္ကလည္း အလံုၿမိဳ႕နယ္အတြင္း လွည့္လည္ ဆႏၵေဖာ္ထုတ္မႈရွိခဲ့သည္။

- ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode version

မီတာခတိုးမြှင့်ကောက်ခံခြင်းအတွက် ဆန္ဒထုတ်ဖော်

လျှပ်စစ်မီတာခများတိုးမြှင့်ကောက်ခံမည့်အစီအစဉ်ကို အစိုးရအနေဖြင့် ပြန်လည်စဉ်းစားသုံးသပ်ပေးရန် ရန်ကုန်မြို့တွင် ယနေ့(ဇူလိုင်လ ၁ ရက်) မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်တွင်နေထိုင်သူ ၃၀ ဦးနီးပါးသည် ပုဇွန်တောင်ဥယျာဉ်အိမ်ရာရှေ့မှ စတင်ကာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
“ ဒီလိုမီတာခကိုပြည်သူတွေရဲ့သဘောဆန္ဒမပါဘဲနဲ့ အစိုးရအနေနဲ့တိုးမြှင့်ကောက်ခံတာကို လက်မခံနိုင်တဲ့အတွက် ကျွန်တော်တို့မြို့နယ်နေပြည်သူတချို့က အခုလိုဆန္ဒဖော်ထုတ်ရတာပါ။ ဘယ်အဖွဲ့အစည်းရဲ့ ဦးဆောင်မှုမှမပါဘူး။ ဒီလိုမီတာခတွေကိုနှစ်ဆကျော်တိုးကောက်တာက ပြည်သူတွေရဲ့ သဘောဆန္ဒလည်းမပါတဲ့အတွက် ပြန်ပြီးစဉ်းစားပေးဖို့ အစိုးရကိုတောင်းဆိုချင်ပါတယ်”ဟု ဆန္ဒပြပွဲဦးဆောင်သူ ကိုစိုးမင်းသန်းက ပြောသည်။
ဆန္ဒထုတ်ဖော်သူများသည် ပုဇွန်တောင်ဥယျာဉ်အိမ်ရာရှေ့မှ အောက်ပုဇွန်တောင်လမ်းအတိုင်း လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြပြီးရေကျော်ဈေးတွင် ရပ်နားခဲ့ကြသည်။
လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်းကြီးဌာနမှ ပြီးခဲ့သည့် ဇွန်လ(၂၄) ရက်က ကြေညာခဲ့ခြင်းဖြစ်ပြီးအဆိုပါမီတာခကိုလွယ်ကူစွာတွက်ချက်နိုင်ရန် Automatic Calculation System ကိုလည်း မိတ်ဆက်ထားသည်။
မီတာခတိုးမြှင့်သည့်အပေါ် ပြီးခဲ့သော ဇွန်လ(၃၀)ရက်ကလည်း အလုံမြို့နယ်အတွင်း လှည့်လည် ဆန္ဒဖော်ထုတ်မှုရှိခဲ့သည်။ 

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။