Skip to main content
စင်ကာပူအခြေစိုက် ShweDanhan Motors ကုမ္ပဏီတစ်ခုကမြန်မာတွင် မော်တော်ယဉ်နှင့်မော်တော်ဆိုင်ကယ်များ ထုတ်တော့မည်
Ads Block

စင်ကာပူအခြေစိုက် ShweDanhan Motors ကုမ္ပဏီတစ်ခုကမြန်မာတွင် မော်တော်ယဉ်နှင့်မော်တော်ဆိုင်ကယ်များ ထုတ်တော့မည်

ရန်ကုန်တိုင်းဒေသကြီး၊ သာဓုကန်စက်မှုဇုန်တွင် စကာင်္ပူနိုင်ငံရှိကုမ္ပဏီတစ်ခုမှ မော်တော်ယဉ်နှင့် မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရောင်းချသည့် စက်ရုံတစ်ရုံတည်ထောင်သွားမည်ဖြစ်ကြောင်း DICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန) မှ သိရသည်။

အဆိုပါ စကာင်္ပူနိုင်ငံရှိ ShweDaehan Motors ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုငွေပမာဏကန်ဒေါ်လာ ၁၀ သန်း နီးပါး ရင်းနှီးမြှုပ်နှံကာ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များထုတ်လုပ်ရောင်းချခြင်းနှင့် ရောင်းချပြီးနောက် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။“စက်ရုံတည်ထောင်ဖို့တော့ MIC ကနေခွင့်ပြုလိုက်ပြီ။ လုပ်ငန်းဘယ်တော့စမလဲတော့ မသိဘူး။ မြန်မာနိုင်ငံမှာ မော်တော်ကားနဲ့ ဆိုင်ကယ်တွေ ထုတ်သွားမယ်ပေါ့။ အရင်ဆုံး ပြည်တွင်းဈေးကွက်ကိုပဲ ဖြန့်သွားမယ်လို့ ထင်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းထွန်းက ပြောသည်။
 
အဆိုပါ စက်ရုံတည်ထောင်ရန် လုပ်ငန်းလိုင်စင်ခွင့်ပြုမိန့်လျှောက်ထားခြင်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ အစည်းအဝေးအမှတ်စဉ် (၆/၂၀၁၈) တွင် ခွင့်ပြုပေးခဲ့ကြောင်းDICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန) မှ သိရသည်။

  •  သင်းသင်းလှိုင်(အကုန်သိသတင်းဌာန) 
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။