Skip to main content
အငယ္တန္းစာေရးရာထူးႏွင့္ အင္ဂ်င္နီယာဘြဲ႔ မည္သို႔မွ်မအပ္စပ္ဟု ေမွာ္ဘီနည္းပညာတကၠသုိလ္ပါေမာကၡခ်ဳပ္ ေျပာ
Ads Block

အငယ္တန္းစာေရးရာထူးႏွင့္ အင္ဂ်င္နီယာဘြဲ႔ မည္သို႔မွ်မအပ္စပ္ဟု ေမွာ္ဘီနည္းပညာတကၠသုိလ္ပါေမာကၡခ်ဳပ္ ေျပာ

လူမႈဖူလုံေရးအဖြဲ႔မွ အငယ္တမ္းစာေရးရာထူးေခၚယူရာတြင္ အင္ဂ်င္နီယာဘြဲ႕သတ္မွတ္ခ်က္မ်ား ပါ၀င္ျခင္းေၾကာင့္ အင္ဂ်င္နီယာဘာသာရပ္အေပၚသိမ္ငယ္မိေၾကာင္း ေမွာ္ဘီနည္းပညာတကၠသုိလ္မွ ပါေမာကၡခ်ဳပ္ေဒါက္တာေကသီလြင္က ေျပာလုိက္သည္။
ဇြန္လ ၂၁ ရက္ကျမန္မာ့အလင္းသတင္းစာတြင္ လူမႈဖူလုံေရးအဖြဲ႔မွ အငယ္တမ္းစာေရးရာထူး ၈၄ ေနရာ ေခၚယူခဲ့ေၾကာင္း၊ ၄င္းအတြက္ ပညာအရည္အခ်င္းသက္မွတ္ခ်က္တြင္ BE (EC)၊ BE (EP)  ၊BE (IT)ဘြဲ႔တုိ႔ပါ၀င္သည့္အေပၚ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ အင္ဂ်င္နီယာပညာရပ္နဲ႔ မူလေက်ာင္းကသင္ေပးလုိက္တဲ့အရာနဲ႔ ဒီစာေရးစာထူးကလြဲေနတယ္ဆုိတာ မွန္ပါတယ္။ အင္ဂ်င္နီယာပညာရပ္အတြက္ သိမ္ငယ္သလုိ၊ အငယ္တမ္းစာေရးနဲ႔လည္း ဘယ္လုိမွ မအပ္စပ္ပါဘူး။ ဆရာမႀကီးလည္း ဒီလုိေခၚတာကုိ၀မ္းနည္းပါတယ္’’ဟု ဇြန္လ၂၅ရက္ အကုန္သိသတင္းဌာနသုိ႔ ေမွာ္ဘီနည္းပညာတကၠသုိလ္မွ ပါေမာကၡခ်ဳပ္ ေဒါက္တာေကသီလြင္ကေျပာသည္။
လူမႈဖူလုံေရးအဖြဲ႔မွ အငယ္တမ္းစာေရးရာထူးေခၚယူမႈႏွင့္ပတ္သက္ၿပီး အင္ဂ်င္နီယာပညာရပ္အတြက္ ၀မ္းနည္းေၾကာင္း ျမန္မာႏုိင္ငံ အင္ဂ်င္နီယာအသင္းခ်ဳပ္မွ ဇြန္လ၂၅ ရက္ ရက္စြဲျဖင့္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။
အဆုိပါကိစၥႏွင့္စပ္လ်ဥ္း၍ အလုပ္သမား၊လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္သုိ႔ အကုန္သိသတင္းဌာနမွ ဆက္သြယ္ခဲ့ေသာ္လည္း ျပည္ပသုိ႔ အလုပ္သေဘာအရ ေရာက္ရွိေနေၾကာင္း သိရွိရသည္။

-  မင္းသီဟန္( အကုန္သိသတင္းဌာန )

Unicode Version

 

လူမှုဖူလုံရေးအဖွဲ့မှ အငယ်တမ်းစာရေးရာထူးခေါ်ယူရာတွင် အင်ဂျင်နီယာဘွဲ့သတ်မှတ်ချက်များ ပါဝင်ခြင်းကြောင့် အင်ဂျင်နီယာဘာသာရပ်အပေါ်သိမ်ငယ်မိကြောင်း မှော်ဘီနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာကေသီလွင်က ပြောလိုက်သည်။
ဇွန်လ ၂၁ ရက်ကမြန်မာ့အလင်းသတင်းစာတွင် လူမှုဖူလုံရေးအဖွဲ့မှ အငယ်တမ်းစာရေးရာထူး ၈၄ နေရာ ခေါ်ယူခဲ့ကြောင်း၊ ၎င်းအတွက် ပညာအရည်အချင်းသက်မှတ်ချက်တွင် BE (EC)၊ BE (EP)  ၊BE (IT)ဘွဲ့တို့ပါဝင်သည့်အပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ အင်ဂျင်နီယာပညာရပ်နဲ့ မူလကျောင်းကသင်ပေးလိုက်တဲ့အရာနဲ့ ဒီစာရေးစာထူးကလွဲနေတယ်ဆိုတာ မှန်ပါတယ်။ အင်ဂျင်နီယာပညာရပ်အတွက် သိမ်ငယ်သလို၊ အငယ်တမ်းစာရေးနဲ့လည်း ဘယ်လိုမှ မအပ်စပ်ပါဘူး။ ဆရာမကြီးလည်း ဒီလိုခေါ်တာကိုဝမ်းနည်းပါတယ်’’ဟု ဇွန်လ၂၅ရက် အကုန်သိသတင်းဌာနသို့ မှော်ဘီနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကေသီလွင်ကပြောသည်။
လူမှုဖူလုံရေးအဖွဲ့မှ အငယ်တမ်းစာရေးရာထူးခေါ်ယူမှုနှင့်ပတ်သက်ပြီး အင်ဂျင်နီယာပညာရပ်အတွက် ဝမ်းနည်းကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ ဇွန်လ၂၅ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်သို့ အကုန်သိသတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ပြည်ပသို့ အလုပ်သဘောအရ ရောက်ရှိနေကြောင်း သိရှိရသည်။

-  မင်းသီဟန်( အကုန်သိသတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။