Skip to main content
စီးပြားေရးအဆင္မေျပဟုဆိုကာ အမ်ိဳးသားတစ္ဦး ပိုးသတ္ေဆးေသာက္ေသဆံုးမႈျဖစ္ပြား
Ads Block

စီးပြားေရးအဆင္မေျပဟုဆိုကာ အမ်ိဳးသားတစ္ဦး ပိုးသတ္ေဆးေသာက္ေသဆံုးမႈျဖစ္ပြား

အုတ္တြင္းၿမိဳ႕နယ္တြင္ေနထိုင္သူအမ်ိဳးသားတစ္ဦး စီးပြားေရးမေျပလည္၍ ပိုးသတ္ေဆးေသာက္ကာ ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ပိုးသတ္ေဆးေသာက္၍ေသဆံုးေနသည့္လူနာႏွင့္ပတ္သက္၍ စစ္ေဆးေပးပါရန္ ေတာင္ငူၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ဇြန္လ ၂၄ ရက္၊ ေန႔လယ္ ၂ နာရီတြင္ ရဲစခန္းသို႔အေၾကာင္းၾကားလာသျဖင့္ တာ၀န္ရွိသူမ်ားမွ သြားေရာက္စစ္ေဆးခဲ့ၾကသည္။
စစ္ေဆးခ်က္အရ ေသဆံုးသူမွာ အုတ္တြင္းၿမိဳ႕နယ္၊ ေတာပုေက်းရြာအုပ္စု၊ ၾကက္ရိုးပင္အေရွ႕ေက်းရြာတြင္ ေနထိုင္ေသာ ဦးမ်ိဳးညႊန္႔၊ (၄၃)ႏွစ္ဆိုသူျဖစ္ၿပီး ဇြန္လ ၂၃ ရက္၊ ညေနပိုင္းတြင္ ရြက္ဖ်န္းပိုးသတ္ေဆးေသာက္၍ မူးေ၀ေအာ့အန္ၿပီး ေဆးရံုသို႔တက္ေရာက္ကုသမႈခံယူေနသူျဖစ္ေၾကာင္း ေဆးရံုမွတ္တမ္းမ်ားအရ သိရသည္။
“ကြ်န္ေတာ္တို႔ရဲမွတ္တမ္းမွာလည္း စီးပြားေရးအဆင္မေျပတဲ့အတြက္ ပိုးသတ္ေဆးေသာက္ ေသဆံုးသြားတယ္လို႔ မွတ္တမ္းတင္ထားပါတယ္။ ဇြန္လ ၂၃ ရက္၊ ညေနပိုင္းေလာက္ကျဖစ္ၿပီးေတာ့ ေတာင္ငူေဆးရံုေရာက္ၿပီး ေနာက္တစ္ေန႔ေန႔လယ္ပိုင္းမွာ ေသဆံုးသြားတာပါ” ဟု အုတ္တြင္းၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္ ဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္/မဟုတ္သိရွိႏိုင္ရန္ အုတ္တြင္းၿမိဳ႕မရဲစခန္း၌ ေသမႈေသခင္း အမွတ္စဥ္ ဖြင့္လွစ္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

-  ဒါးဇ ( အကုန္သိ သတင္းဌာန )

Unicode Version

 

အုတ်တွင်းမြို့နယ်တွင်နေထိုင်သူအမျိုးသားတစ်ဦး စီးပွားရေးမပြေလည်၍ ပိုးသတ်ဆေးသောက်ကာ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပိုးသတ်ဆေးသောက်၍သေဆုံးနေသည့်လူနာနှင့်ပတ်သက်၍ စစ်ဆေးပေးပါရန် တောင်ငူမြို့ ပြည်သူ့ဆေးရုံမှ ဇွန်လ ၂၄ ရက်၊ နေ့လယ် ၂ နာရီတွင် ရဲစခန်းသို့အကြောင်းကြားလာသဖြင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ သေဆုံးသူမှာ အုတ်တွင်းမြို့နယ်၊ တောပုကျေးရွာအုပ်စု၊ ကြက်ရိုးပင်အရှေ့ကျေးရွာတွင် နေထိုင်သော ဦးမျိုးညွှန့်၊ (၄၃)နှစ်ဆိုသူဖြစ်ပြီး ဇွန်လ ၂၃ ရက်၊ ညနေပိုင်းတွင် ရွက်ဖျန်းပိုးသတ်ဆေးသောက်၍ မူးဝေအော့အန်ပြီး ဆေးရုံသို့တက်ရောက်ကုသမှုခံယူနေသူဖြစ်ကြောင်း ဆေးရုံမှတ်တမ်းများအရ သိရသည်။
“ကျွန်တော်တို့ရဲမှတ်တမ်းမှာလည်း စီးပွားရေးအဆင်မပြေတဲ့အတွက် ပိုးသတ်ဆေးသောက် သေဆုံးသွားတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ဇွန်လ ၂၃ ရက်၊ ညနေပိုင်းလောက်ကဖြစ်ပြီးတော့ တောင်ငူဆေးရုံရောက်ပြီး နောက်တစ်နေ့နေ့လယ်ပိုင်းမှာ သေဆုံးသွားတာပါ” ဟု အုတ်တွင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ကြောင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်သိရှိနိုင်ရန် အုတ်တွင်းမြို့မရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် ဖွင့်လှစ်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

-  ဒါးဇ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။