Skip to main content
လူ ၂၈ ဦး ေသဆုံးခဲ့တဲ့ အေဆာက္အအုံ ၿပိဳက်ခဲ့မႈနဲ ့ပတ္သက္ကာ ကေမာၻဒီယားက တရုတ္ႏုိင္ငံသားေတြကုိ စြဲခ်က္တင္
Ads Block

လူ ၂၈ ဦး ေသဆုံးခဲ့တဲ့ အေဆာက္အအုံ ၿပိဳက်ခဲ့မႈနဲ ့ပတ္သက္ကာ ကေမာၻဒီယားက တရုတ္ႏုိင္ငံသားေတြကုိ စြဲခ်က္တင္

သီတင္းပတ္အဆုံးပုိင္းက လူ ၂၈ ဦး ေသဆုံးခဲ့တဲ့ အေဆာက္အအုံတစ္လုံး ၿပိဳက်မႈျဖစ္ခဲ့တာနဲ႔ ပတ္သက္လုိ႔ တရုတ္ႏုိင္ငံသား ၅ ဦး အပါအ၀င္ လူ ၇ ဦးကုိ ဆႏၵမပါေသာ လူသတ္မႈ၊ လူသတ္ရန္ ပူးေပါင္းႀကံစည္မႈေတြနဲ ့ ကေမာၻဒီးယား တရားရုံးတစ္ခုက စြဲခ်က္တင္လုိက္ေၾကာင္း သိရပါတယ္။
စေနေန ့က ကမ္းရုိးတန္းၿမိဳ ့ သီဟာႏုေဗးလ္မွာ အေဆာက္အအုံ ၿပိဳက်ခဲ့မႈအတြင္း အျခားလူ ၂၆ ဦးလည္း ဒဏ္ရာရခဲ့ၿပီး ယင္း ျဖစ္စဥ္နဲ ့ပတ္သက္လုိ ့ သဘာ၀ေဘးစီမံခန္ ့ခြဲမႈ ထိပ္တန္းအရာရွိတစ္ဦးကုိ ၀န္ႀကီးခ်ဳပ္ ဟြန္ဆင္က ရာထူးကေန ထုတ္ပစ္ခဲ့ပါတယ္။ သံကူကြန္ကရစ္ ၇ ထပ္ အေဆာက္အအုံဟာ သတိထားမိစရာ တစ္စုံတရာမျပဘဲ ရုတ္တရက္ၿပိဳက်သြားခဲ့ရတဲ့ အေၾကာင္းအရင္းကုိ သိရဖုိ ့ စုံစမ္းစစ္ေဆးသူေတြ ႀကိဳးပမ္းေနၾကပါတယ္။ အေဆာက္အအုံၿပိဳက်မႈေၾကာင့္ လုပ္ငန္းခြင္အတြင္း အိပ္ေနၾကတဲ့ အလုပ္သမားမ်ားစြာ ပိတ္မိသြားခဲ့တာပါ။ တနလၤာေန ့ကေတာ့ အပ်က္အဆီးပုံေတြ ေအာက္ကေန ေနာက္ဆုံး အသက္ရွင္သူႏွစ္ဦးကုိ ေတြ ့ရွိခဲ့ၾကပါတယ္။
ဆိပ္ကမ္းနဲ ့အပန္းေျဖၿမိဳ ့တစ္ခုျဖစ္တဲ့ သီဟာႏုေဗးလ္ဟာ မၾကာခင္ႏွစ္ေတြအတြင္း တရုတ္ရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ျမန္ျမန္ဆန္ဆန္ ျမင့္တက္လာခဲ့ၿပီး အထူးသျဖင့္ ကာဆီႏုိ၊ ခရီးသြားလုပ္ငန္းေတြမွာ ၀င္ေရာက္ခဲ့ကာ ေဆာက္လုပ္ေရးဆုိင္ရာ စံႏႈန္းေတြနဲ ့ပတ္သက္ၿပီး ေမးခြန္းထုတ္စရာေတြလည္း ေပၚေပါက္ခဲ့ပါတယ္။
ဇြန္ ၂၅ ရက္ေန ့မွာေတာ့ ၿပိဳက်အေဆာက္အအုံပုိင္ရွင္ တရုတ္လူမ်ဳိး ခ်န္ကြမ္းကုိ မရည္ရြယ္ဘဲ လူသတ္မႈ၊ ထိခုိက္အနာတရျဖစ္ေစမႈ၊ ပစၥည္းဥစၥာ ပ်က္စီးေစမႈေတြနဲ ့ စြဲခ်က္တင္ခဲ့ေၾကာင္း သိရပါတယ္။ ေနာက္ တရုတ္သုံးဦးျဖစ္တဲ့ ကန္ထရုိက္တာ၊ လုပ္ငန္းခြင္ မန္ေနဂ်ာနဲ ့အင္ဂ်င္နီယာျဖစ္သူေတြကုိ ပူးေပါင္းႀကံစည္မႈနဲ ့ စြဲခ်က္တင္ခဲ့ပါတယ္။ ယခုအခါ ၄င္းတုိ ့အားလုံးကုိ ေထာင္ပုိ ့ထားေၾကာင္း ပီရက္ သီဟာႏုျပည္နယ္ တရားရုံးမွ ေျပာေရးဆုိခြင့္ရွိသူက ေျပာဆုိခဲ့ပါတယ္။
ဒါေပမဲ့ လူသတ္မႈမွာ ပူးေပါင္းပါခဲ့မႈနဲ ့စြပ္စြဲထားတဲ့ ေနာက္ထပ္ တရုတ္တစ္ဦး၊ဗီယက္နမ္တစ္ဦး နဲ ့ေျမပုိင္ရွင္ ကေမာၻဒီယားလူမ်ဳိးတစ္ဦးတုိ ့ကေတာ့ လြတ္ေျမာက္ေနေၾကာင္း သိရပါတယ္။

Ref : CNA

Unicode Version

 

သီတင်းပတ်အဆုံးပိုင်းက လူ ၂၈ ဦး သေဆုံးခဲ့တဲ့ အဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံသား ၅ ဦး အပါအဝင် လူ ၇ ဦးကို ဆန္ဒမပါသော လူသတ်မှု၊ လူသတ်ရန် ပူးပေါင်းကြံစည်မှုတွေနဲ့ ကမ္ဘောဒီးယား တရားရုံးတစ်ခုက စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။
စနေနေ့က ကမ်းရိုးတန်းမြို့ သီဟာနုဗေးလ်မှာ အဆောက်အအုံ ပြိုကျခဲ့မှုအတွင်း အခြားလူ ၂၆ ဦးလည်း ဒဏ်ရာရခဲ့ပြီး ယင်း ဖြစ်စဉ်နဲ့ပတ်သက်လို့ သဘာဝဘေးစီမံခန့်ခွဲမှု ထိပ်တန်းအရာရှိတစ်ဦးကို ဝန်ကြီးချုပ် ဟွန်ဆင်က ရာထူးကနေ ထုတ်ပစ်ခဲ့ပါတယ်။ သံကူကွန်ကရစ် ၇ ထပ် အဆောက်အအုံဟာ သတိထားမိစရာ တစ်စုံတရာမပြဘဲ ရုတ်တရက်ပြိုကျသွားခဲ့ရတဲ့ အကြောင်းအရင်းကို သိရဖို့ စုံစမ်းစစ်ဆေးသူတွေ ကြိုးပမ်းနေကြပါတယ်။ အဆောက်အအုံပြိုကျမှုကြောင့် လုပ်ငန်းခွင်အတွင်း အိပ်နေကြတဲ့ အလုပ်သမားများစွာ ပိတ်မိသွားခဲ့တာပါ။ တနင်္လာနေ့ကတော့ အပျက်အဆီးပုံတွေ အောက်ကနေ နောက်ဆုံး အသက်ရှင်သူနှစ်ဦးကို တွေ့ရှိခဲ့ကြပါတယ်။
ဆိပ်ကမ်းနဲ့အပန်းဖြေမြို့တစ်ခုဖြစ်တဲ့ သီဟာနုဗေးလ်ဟာ မကြာခင်နှစ်တွေအတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်ဆန်ဆန် မြင့်တက်လာခဲ့ပြီး အထူးသဖြင့် ကာဆီနို၊ ခရီးသွားလုပ်ငန်းတွေမှာ ဝင်ရောက်ခဲ့ကာ ဆောက်လုပ်ရေးဆိုင်ရာ စံနှုန်းတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။
ဇွန် ၂၅ ရက်နေ့မှာတော့ ပြိုကျအဆောက်အအုံပိုင်ရှင် တရုတ်လူမျိုး ချန်ကွမ်းကို မရည်ရွယ်ဘဲ လူသတ်မှု၊ ထိခိုက်အနာတရဖြစ်စေမှု၊ ပစ္စည်းဥစ္စာ ပျက်စီးစေမှုတွေနဲ့ စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။ နောက် တရုတ်သုံးဦးဖြစ်တဲ့ ကန်ထရိုက်တာ၊ လုပ်ငန်းခွင် မန်နေဂျာနဲ့အင်ဂျင်နီယာဖြစ်သူတွေကို ပူးပေါင်းကြံစည်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ ယခုအခါ ၎င်းတို့အားလုံးကို ထောင်ပို့ထားကြောင်း ပီရက် သီဟာနုပြည်နယ် တရားရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ လူသတ်မှုမှာ ပူးပေါင်းပါခဲ့မှုနဲ့စွပ်စွဲထားတဲ့ နောက်ထပ် တရုတ်တစ်ဦး၊ဗီယက်နမ်တစ်ဦး နဲ့မြေပိုင်ရှင် ကမ္ဘောဒီယားလူမျိုးတစ်ဦးတို့ကတော့ လွတ်မြောက်နေကြောင်း သိရပါတယ်။

Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။