Skip to main content
ခ်ဲလ္ဆီးအသင္းမန္ေနဂ်ာသစ္အျဖစ္ ဘင္နီတက္ဇ္အား ခန္႔အပ္မည္ကို ခ်ဲလ္ဆီးပရိသတ္မ်ား စိုးရိမ္ေန
Ads Block

ခ်ဲလ္ဆီးအသင္းမန္ေနဂ်ာသစ္အျဖစ္ ဘင္နီတက္ဇ္အား ခန္႔အပ္မည္ကို ခ်ဲလ္ဆီးပရိသတ္မ်ား စိုးရိမ္ေန

ခ်ဲလ္ဆီးအသင္းတာ၀န္ရွိသူမ်ားသည္ လစ္လပ္ေနသည့္ ခ်ဲလ္ဆီးအသင္းမန္ေနဂ်ာ ရာထူးေနရာတြင္ ရာေဖးလ္ ဘင္နီတက္ဇ္အား ခန္႔အပ္မည္ကို အသင္းပရိသတ္မ်ား စိုးရိမ္ပူပန္လ်က္ရွိေၾကာင္း သတင္းမ်ားတြင္ ေရးသား ေဖာ္ျပထားသည္။ ခ်ဲလ္ဆီးအသင္းအေနျဖင့္ လစ္လပ္ေနသည့္ မန္ေနဂ်ာရာထူးေနရာ၌ အသင္း၏ ကစားသမားေဟာင္းတစ္ဦးျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ ဒါဘီေကာင္တီအသင္းမန္ေနဂ်ာအျဖစ္ တာ၀န္ယူေနသူ ဖရန္႔လမ္းပတ္အား ခန္႔အပ္ျဖစ္ လိမ့္မည္ဟု ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက သတင္းမ်ား ထြက္ေပၚခဲ့သည္။

ခ်ဲလ္ဆီးအသင္းမန္ေနဂ်ာသစ္အျဖစ္ ဘင္နီတက္ဇ္အား ခန္႔အပ္မည္ကို ခ်ဲလ္ဆီးပရိသတ္မ်ား စိုးရိမ္ေန

သို႔ေသာ္လည္း ၿပီးခဲ့သည့္ ဇြန္လ ၂၄ ရက္တြင္ နယူးကာဆယ္အသင္းမန္ေနဂ်ာ ဘင္နီတက္ဇ္က လာမည့္ ဇြန္လ ၃၀ ရက္တြင္ နယူးကာဆယ္အသင္းႏွင့္ စာခ်ဳပ္သက္တမ္းကုန္ဆံုးခ်ိန္၌ နယူးကာဆယ္အသင္းမွ ထြက္ခြာ မည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ဘင္နီတက္ဇ္အား ေခၚယူခန္႔အပ္မည္ကို ခ်ဲလ္ဆီးပရိသတ္မ်ား စိုးရိမ္ပူပန္ေနျခင္းျဖစ္သည္။ စပိန္လူမ်ိဳး မန္ေနဂ်ာ ဘင္နီ တက္ဇ္ (၅၉ ႏွစ္) အေနျဖင့္ နယူးကာဆယ္အသင္းမန္ေနဂ်ာရာထူးမွ ထြက္ခြာရန္ ဆံုးျဖတ္ခဲ့ျခင္းသည္ ခ်ဲလ္ဆီး အသင္းမန္ေနဂ်ာအျဖစ္ တာ၀န္ယူေရးအတြက္ျဖစ္သည္ဟု ခ်ဲလ္ဆီးပရိသတ္အမ်ားအျပားက ယူဆထားၾကၿပီး ခန္႔မွန္းကုပၼဏီ မ်ားကလည္း ဘင္နီတက္ဇ္သည္ ခ်ဲလ္ဆီးအသင္းမန္ေနဂ်ာသစ္ျဖစ္လာလိမ့္မည္ဟု ၄ ေလး ၁ ေလးျဖင့္ ခန္႔မွန္းေၾကးဖြင့္လွစ္ထားကာ အဆုိပါ ခန္႔မွန္းေၾကးသည္ ခ်ဲလ္ဆီးအသင္းမန္ေနဂ်ာသစ္ျဖစ္လာႏိုင္သူမ်ားအျဖစ္ ခန္႔မွန္းေၾကးဖြင့္လွစ္ထားမႈအနက္ ဒုတိယအျမင့္မားဆံုး ခန္႔မွန္းေၾကးျဖစ္သည္။ ခ်ဲလ္ဆီးအသင္းအေနျဖင့္ အသင္းမန္ေနဂ်ာသစ္အျဖစ္ ဖရန္႔လမ္းပတ္အား ေခၚယူခန္႔အပ္မည္ဆုိပါက ဒါဘီေကာင္တီအသင္းထံသုိ႔ ေလ်ာ္ေၾကးေငြအျဖစ္ ေပါင္ ၄ သန္း ေပးေခ်ရမည္ျဖစ္ေသာ္လည္း ဇြန္လအကုန္တြင္ ကလပ္လက္မဲ့ျဖစ္ေနမည့္ ဘင္နီတက္ဇ္အား ခန္႔အပ္မည္ဆုိပါက ေငြေၾကးကုန္က်မႈ ရွိလာမည္မဟုတ္ေပ။ လီဗာပူး၊ အင္တာမီလန္၊ ဗလန္စီယာ၊ နာပိုလီ၊ ရီးရဲမက္ဒရစ္စသည့္ ဥေရာပထိပ္တန္းအသင္းမ်ားကို တာ၀န္ယူခဲ့ဖူးသူ ဘင္နီတက္ဇ္သည္ ၂၀၁၂-၁၃ ခုႏွစ္ေဘာလံုးရာသီအတြင္းတြင္ ခ်ဲလ္ဆီးအသင္း၏ ယာယီမန္ ေနဂ်ာအျဖစ္ တာ၀န္ယူခဲ့ဖူးသူျဖစ္ၿပီး အဆုိပါရာသီတြင္ ခ်ဲလ္ဆီးအသင္းအား ယူ႐ိုပါလိဂ္ခ်န္ပီယံဆုဖလား ရရွိေစရန္ ဦးေဆာင္ေပးႏုိင္ခဲ့သူျဖစ္သည္။ သို႔ေသာ္လည္း ခ်ဲလ္ဆီးပရိသတ္အမ်ားစုကမူ ခ်ဲလ္္ဆီးအသင္းအေန ျဖင့္ ဘင္နီတက္ဇ္အား တစ္ေက်ာ့ျပန္ ခန္႔အပ္မည္ကို စိုးရိမ္ပူပန္ေနရေၾကာင္း လူမႈစာမ်က္ႏွာမ်ားတြင္ ေရးသားေဖာ္ျပခဲ့ၾကသည္။ ခ်ဲလ္ဆီးအသင္းပရိသတ္တစ္ဦးက “ဘင္နီတက္ဇ္ကို ခ်ဲလ္ဆီးအသင္းမန္ေနဂ်ာအျဖစ္ ျပန္လည္ျမင္ေတြ႕ရဖုိ႔ ကၽြန္ေတာ္ လံုး၀ဆႏၵမရွိ္ပါဘူး။ ဒါကို ေနာက္တစ္ႀကိမ္ထပ္မလုပ္ပါနဲ႔ေတာ့။ လမ္းပတ္ကိုသာ မန္ေနဂ်ာသစ္ အျဖစ္ ခန္႔အပ္ပါ”ဟု Twitter စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။

Unicode Version

 

ချဲလ်ဆီးအသင်းတာဝန်ရှိသူများသည် လစ်လပ်နေသည့် ချဲလ်ဆီးအသင်းမန်နေဂျာ ရာထူးနေရာတွင် ရာဖေးလ် ဘင်နီတက်ဇ်အား ခန့်အပ်မည်ကို အသင်းပရိသတ်များ စိုးရိမ်ပူပန်လျက်ရှိကြောင်း သတင်းများတွင် ရေးသား ဖော်ပြထားသည်။ ချဲလ်ဆီးအသင်းအနေဖြင့် လစ်လပ်နေသည့် မန်နေဂျာရာထူးနေရာ၌ အသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ဒါဘီကောင်တီအသင်းမန်နေဂျာအဖြစ် တာဝန်ယူနေသူ ဖရန့်လမ်းပတ်အား ခန့်အပ်ဖြစ် လိမ့်မည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်တွင် နယူးကာဆယ်အသင်းမန်နေဂျာ ဘင်နီတက်ဇ်က လာမည့် ဇွန်လ ၃၀ ရက်တွင် နယူးကာဆယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်၌ နယူးကာဆယ်အသင်းမှ ထွက်ခွာ မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဘင်နီတက်ဇ်အား ခေါ်ယူခန့်အပ်မည်ကို ချဲလ်ဆီးပရိသတ်များ စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။ စပိန်လူမျိုး မန်နေဂျာ ဘင်နီ တက်ဇ် (၅၉ နှစ်) အနေဖြင့် နယူးကာဆယ်အသင်းမန်နေဂျာရာထူးမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းသည် ချဲလ်ဆီး အသင်းမန်နေဂျာအဖြစ် တာဝန်ယူရေးအတွက်ဖြစ်သည်ဟု ချဲလ်ဆီးပရိသတ်အများအပြားက ယူဆထားကြပြီး ခန့်မှန်းကုပ္မဏီ များကလည်း ဘင်နီတက်ဇ်သည် ချဲလ်ဆီးအသင်းမန်နေဂျာသစ်ဖြစ်လာလိမ့်မည်ဟု ၄ လေး ၁ လေးဖြင့် ခန့်မှန်းကြေးဖွင့်လှစ်ထားကာ အဆိုပါ ခန့်မှန်းကြေးသည် ချဲလ်ဆီးအသင်းမန်နေဂျာသစ်ဖြစ်လာနိုင်သူများအဖြစ် ခန့်မှန်းကြေးဖွင့်လှစ်ထားမှုအနက် ဒုတိယအမြင့်မားဆုံး ခန့်မှန်းကြေးဖြစ်သည်။ ချဲလ်ဆီးအသင်းအနေဖြင့် အသင်းမန်နေဂျာသစ်အဖြစ် ဖရန့်လမ်းပတ်အား ခေါ်ယူခန့်အပ်မည်ဆိုပါက ဒါဘီကောင်တီအသင်းထံသို့ လျော်ကြေးငွေအဖြစ် ပေါင် ၄ သန်း ပေးချေရမည်ဖြစ်သော်လည်း ဇွန်လအကုန်တွင် ကလပ်လက်မဲ့ဖြစ်နေမည့် ဘင်နီတက်ဇ်အား ခန့်အပ်မည်ဆိုပါက ငွေကြေးကုန်ကျမှု ရှိလာမည်မဟုတ်ပေ။ လီဗာပူး၊ အင်တာမီလန်၊ ဗလန်စီယာ၊ နာပိုလီ၊ ရီးရဲမက်ဒရစ်စသည့် ဥရောပထိပ်တန်းအသင်းများကို တာဝန်ယူခဲ့ဖူးသူ ဘင်နီတက်ဇ်သည် ၂၀၁၂-၁၃ ခုနှစ်ဘောလုံးရာသီအတွင်းတွင် ချဲလ်ဆီးအသင်း၏ ယာယီမန် နေဂျာအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး အဆိုပါရာသီတွင် ချဲလ်ဆီးအသင်းအား ယူရိုပါလိဂ်ချန်ပီယံဆုဖလား ရရှိစေရန် ဦးဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ သို့သော်လည်း ချဲလ်ဆီးပရိသတ်အများစုကမူ ချဲလ်ဆီးအသင်းအနေ ဖြင့် ဘင်နီတက်ဇ်အား တစ်ကျော့ပြန် ခန့်အပ်မည်ကို စိုးရိမ်ပူပန်နေရကြောင်း လူမှုစာမျက်နှာများတွင် ရေးသားဖော်ပြခဲ့ကြသည်။ ချဲလ်ဆီးအသင်းပရိသတ်တစ်ဦးက “ဘင်နီတက်ဇ်ကို ချဲလ်ဆီးအသင်းမန်နေဂျာအဖြစ် ပြန်လည်မြင်တွေ့ရဖို့ ကျွန်တော် လုံးဝဆန္ဒမရှိပါဘူး။ ဒါကို နောက်တစ်ကြိမ်ထပ်မလုပ်ပါနဲ့တော့။ လမ်းပတ်ကိုသာ မန်နေဂျာသစ် အဖြစ် ခန့်အပ်ပါ”ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။