Skip to main content
ရီးရဲကစားသမား ဆီဘာေလာ့စ္အား ေခၚယူေရးအတြက္ အာဆင္နယ္ႏွင့္ စပါးစ္တို႔ အၿပိဳင္ႀကိဳးစားလာဖြယ္ရွိ
Ads Block

ရီးရဲကစားသမား ဆီဘာေလာ့စ္အား ေခၚယူေရးအတြက္ အာဆင္နယ္ႏွင့္ စပါးစ္တို႔ အၿပိဳင္ႀကိဳးစားလာဖြယ္ရွိ

 ပရီးမီးယားလိဂ္ကလပ္အသင္းမ်ားျဖစ္သည့္ အာဆင္နယ္ႏွင့္ စပါးစ္အသင္းတုိ႔သည္ ရီးရဲမက္ဒရစ္ အသင္းဗဟို ကြင္းလယ္ကစားသမား ဒါနီဆီဘာေလာ့စ္အား ေခၚယူမည္ဆုိပါက ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၅ သန္း အသံုးျပဳရလိမ့္မည္ျဖစ္ေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။

ရီးရဲကစားသမား ဆီဘာေလာ့စ္အား ေခၚယူေရးအတြက္ အာဆင္နယ္ႏွင့္ စပါးစ္တို႔ အၿပိဳင္ႀကိဳးစားလာဖြယ္ရွိ

လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္မ်ားျဖစ္သည့္ အာဆင္နယ္ႏွင့္ စပါးစ္အသင္းတို႔သည္ ယခုေႏြရာသီ ေစ်းကြက္ကာလတြင္ အသက္ ၂၂ ႏွစ္အရြယ္ရွိ စပိန္ဗဟိုကြင္းလယ္ကစားသမားဆီဘာေလာ့စ္ အား ေခၚယူရန္ စိတ္၀င္စားေနသည့္ အသင္းမ်ားျဖစ္သည္။ ရီးရဲမက္ဒရစ္အသင္းသည္ စပါးစ္အသင္းမွ ဒိန္းမတ္ေတာင္ပံတုိက္စစ္ကစားသမား အဲရစ္ဆင္အား ေခၚယူရန္ စိတ္၀င္စားေနကာ  ေခၚယူေရးအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၅ သန္းအျပင္ ဆီဘာေလာ့စ္အား အလိုက္ေပးကမ္းလွမ္းရန္ စီစဥ္ထားျခင္းေၾကာင့္ ဆီဘာေလာ့စ္အား ေခၚယူေရးတြင္ စပါးစ္အသင္းက အသာစီးရသည့္အေျခအေနတြင္ ရွိေနသည္ဟုဆုိသည္။ ကြင္းလယ္ဗဟိုကစားသမား ဆီဘာေလာ့စ္သည္ ရီးရဲမက္ဒရစ္အသင္းတြင္ ပံုမွန္ပြဲ ကစားခြင့္ ရရွိျခင္းမရွိသူျဖစ္ေသာ္လည္း ရီးရဲအသင္းတာ၀န္ရွိသူမ်ားသည္ ဆီဘာေလာ့စ္အား နည္းပါးသည့္ ေျပာင္းေရႊ႕ေၾကးပမာဏျဖင့္ ေရာင္းခ်သြားရန္ မရွိေၾကာင္း AS သတင္းစာက ေရးသား ေဖာ္ျပခဲ့သည္။ ဆီဘာေလာ့စ္သည္ ရီးရဲအသင္း၏ အနာဂတ္တြင္ အေရးပါသည့္ ကစားသမား တစ္ဦး ျဖစ္လာလိမ့္မည္ဟု ရီးရဲအသင္းတာ၀န္ရွိသူအခ်ိဳ႕က ယူဆထားၿပီး စာခ်ဳပ္သက္တမ္းမွာ လာမည့္ ၂၀၂၃ ခုႏွစ္တြင္မွ ကုန္ဆံုးမည္ျဖစ္သည္။ ဆီဘာေလာ့စ္သည္ ရီးရဲမက္ဒရစ္အသင္းတြင္ ပံုမွန္ပါ၀င္ခြင့္ ဆံုး႐ံႈးေနရျခင္းေၾကာင့္ ရီးရဲအသင္းမွ ထြက္ခြာလိုေၾကာင္း နည္းျပ ဇီဒန္းအား အသိေပးေျပာဆုိထားသူ ျဖစ္သည္။ ဆီဘာေလာ့စ္သည္ ၿပီးခဲ့သည့္ ေဘာလံုးရာသီတြင္ ရီးရဲအတြက္  ၃၄ ပြဲ ပါ၀င္ကစားခဲ့သူျဖစ္ၿပီး ၃ ဂိုးသြင္းယူႏုိင္ခဲ့သည္။ စပါးစ္အသင္းသည္ ၄င္းအား ေခၚယူရန္ ၿပီးခဲ့သည့္လအနည္းငယ္ကတည္းက ဆက္သြယ္မႈမ်ား ျပဳလုပ္ေနခဲ့ၿပီး ေခၚယူရာတြင္ ေျပာင္းေရႊ႕ေၾကးေပးေခ်ေခၚယူမႈသာ ျပဳလုပ္ရန္ လိုလားေနသည္ဟု ဆိုသည္။ ရီးရဲအသင္းမွ ေခၚယူရန္ စိတ္၀င္စားေနသည့္ အဲရစ္ဆင္သည္ စပါးစ္ႏွင့္ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာက်န္ရွိ ေတာ့သူျဖစ္ကာ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖြယ္မရွိသူျဖစ္သည္။

Unicode Version

 

 ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်သည့် အာဆင်နယ်နှင့် စပါးစ်အသင်းတို့သည် ရီးရဲမက်ဒရစ် အသင်းဗဟို ကွင်းလယ်ကစားသမား ဒါနီဆီဘာလော့စ်အား ခေါ်ယူမည်ဆိုပါက ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း အသုံးပြုရလိမ့်မည်ဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ လန်ဒန်မြို့ခံပြိုင်ဘက်များဖြစ်သည့် အာဆင်နယ်နှင့် စပါးစ်အသင်းတို့သည် ယခုနွေရာသီ ဈေးကွက်ကာလတွင် အသက် ၂၂ နှစ်အရွယ်ရှိ စပိန်ဗဟိုကွင်းလယ်ကစားသမားဆီဘာလော့စ် အား ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများဖြစ်သည်။ ရီးရဲမက်ဒရစ်အသင်းသည် စပါးစ်အသင်းမှ ဒိန်းမတ်တောင်ပံတိုက်စစ်ကစားသမား အဲရစ်ဆင်အား ခေါ်ယူရန် စိတ်ဝင်စားနေကာ  ခေါ်ယူရေးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းအပြင် ဆီဘာလော့စ်အား အလိုက်ပေးကမ်းလှမ်းရန် စီစဉ်ထားခြင်းကြောင့် ဆီဘာလော့စ်အား ခေါ်ယူရေးတွင် စပါးစ်အသင်းက အသာစီးရသည့်အခြေအနေတွင် ရှိနေသည်ဟုဆိုသည်။ ကွင်းလယ်ဗဟိုကစားသမား ဆီဘာလော့စ်သည် ရီးရဲမက်ဒရစ်အသင်းတွင် ပုံမှန်ပွဲ ကစားခွင့် ရရှိခြင်းမရှိသူဖြစ်သော်လည်း ရီးရဲအသင်းတာဝန်ရှိသူများသည် ဆီဘာလော့စ်အား နည်းပါးသည့် ပြောင်းရွှေ့ကြေးပမာဏဖြင့် ရောင်းချသွားရန် မရှိကြောင်း AS သတင်းစာက ရေးသား ဖော်ပြခဲ့သည်။ ဆီဘာလော့စ်သည် ရီးရဲအသင်း၏ အနာဂတ်တွင် အရေးပါသည့် ကစားသမား တစ်ဦး ဖြစ်လာလိမ့်မည်ဟု ရီးရဲအသင်းတာဝန်ရှိသူအချို့က ယူဆထားပြီး စာချုပ်သက်တမ်းမှာ လာမည့် ၂၀၂၃ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။ ဆီဘာလော့စ်သည် ရီးရဲမက်ဒရစ်အသင်းတွင် ပုံမှန်ပါဝင်ခွင့် ဆုံးရှုံးနေရခြင်းကြောင့် ရီးရဲအသင်းမှ ထွက်ခွာလိုကြောင်း နည်းပြ ဇီဒန်းအား အသိပေးပြောဆိုထားသူ ဖြစ်သည်။ ဆီဘာလော့စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ရီးရဲအတွက်  ၃၄ ပွဲ ပါဝင်ကစားခဲ့သူဖြစ်ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့သည်။ စပါးစ်အသင်းသည် ၎င်းအား ခေါ်ယူရန် ပြီးခဲ့သည့်လအနည်းငယ်ကတည်းက ဆက်သွယ်မှုများ ပြုလုပ်နေခဲ့ပြီး ခေါ်ယူရာတွင် ပြောင်းရွှေ့ကြေးပေးချေခေါ်ယူမှုသာ ပြုလုပ်ရန် လိုလားနေသည်ဟု ဆိုသည်။ ရီးရဲအသင်းမှ ခေါ်ယူရန် စိတ်ဝင်စားနေသည့် အဲရစ်ဆင်သည် စပါးစ်နှင့် စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိ တော့သူဖြစ်ကာ စာချုပ်သစ်ချုပ်ဆိုဖွယ်မရှိသူဖြစ်သည်။

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။