Skip to main content
အဓမၼျပဳက်င့္ခဲ့ေၾကာင္း စြပ္စြဲလာတဲ့ အမ်ဳိးသမီးကုိ သူႀကဳိက္တဲ့ ပုံစံထဲက မဟုတ္ဟုဆုိကာ ထရန္ ့က ျငင္းဆုိ
Ads Block

အဓမၼျပဳက်င့္ခဲ့ေၾကာင္း စြပ္စြဲလာတဲ့ အမ်ဳိးသမီးကုိ သူႀကဳိက္တဲ့ ပုံစံထဲက မဟုတ္ဟုဆုိကာ ထရန္ ့က ျငင္းဆုိ

၁၉၉၀ ခုႏွစ္က နယူးေယာက္ၿမိဳ႕ စတုိးဆုိင္တစ္ခုက အ၀တ္လဲခန္းထဲမွာ ထရန္ ့က သူမကုိ အဓမၼျပဳက်င့္ခဲ့တယ္ဆုိတဲ့ မဂၢဇင္းပင္တုိင္ေဆာင္းပါးရွင္ အမ်ဳိးသမီးရဲ႕ စြပ္စြဲမႈကုိ အေမရိကန္ သမၼတထရန္ ့က တနလၤာေန ့မွာ အခုိင္အမာနဲ ့ ျငင္းဆုိသြားခဲ့ၿပီး သူမဟာ သူႀကိဳက္တဲ့ ပုံစံထဲက မဟုတ္ပါဘူးလုိ ့ ေျပာဆုိသြားခဲ့ပါတယ္။

အဓမၼျပဳက်င့္ခဲ့ေၾကာင္း စြပ္စြဲလာတဲ့ အမ်ဳိးသမီးကုိ သူႀကဳိက္တဲ့ ပုံစံထဲက မဟုတ္ဟုဆုိကာ ထရန္ ့က ျငင္းဆုိ


၁၉၉၀ ခုႏွစ္ ႏွစ္လယ္ပုိင္းေလာက္က အဓမၼျပဳက်င့္ခံခဲ့ရတာျဖစ္ေၾကာင္း အီ ဂ်န္ကာရုိးလ္က သူမ အသစ္ထုတ္လုိက္တဲ့ စာအုပ္မွာ ေရးသားစြပ္စြဲခဲ့တာနဲ ့ပတ္သက္ၿပီး ႏုိင္ငံေရးသတင္းဌာနတစ္ခုျဖစ္တဲ့ The Hill နဲ ့ အင္တာဗ်ဴးရာမွာ ထရန္ ့က ျငင္းခ်က္ထုတ္သြားခဲ့တာျဖစ္ပါတယ္။
“ က်ဳပ္ ေလးစားသမႈနဲ ့ေျပာရမယ္ဆုိရင္ တစ္အခ်က္အေနနဲ ့ သူမက ကၽြန္ေတာ္ႀကိဳက္တဲ့ ပုံစံမ်ဳိး မဟုတ္ပါဘူး၊ ႏွစ္အခ်က္ ဒီကိစၥ လုံး၀ မျဖစ္ခဲ့ပါဘူး၊ လုံး၀ မျဖစ္ခဲ့တာပါ၊ အုိေက။” လုိ ့ ဘဲဥပုံရုံးခန္းမွာ ျပဳလုပ္တဲ့ အင္တာဗ်ဴးအတြင္း ထရန္ ့က ေျပာဆုိခဲ့ပါတယ္။ ဒါ့အျပင္ ကာရုိးလ္ဟာ လုံးလုံးလိမ္ညာေနျဖစ္တယ္လုိ ့ ထရန္ ့က ဆက္လက္ ေျပာဆုိခဲ့ပါတယ္။ မိမိ ဒီအမ်ဳိးသမီးအေၾကာင္း ဘာမွမသိသလုိ သူမကုိလည္း လုံး၀မသိပါဘူးလုိ ့ ၄င္းက ေျပာဆုိပါတယ္။
ၿပီးခဲ့တဲ့ သတင္းပတ္က နယူးေယာက္တုိင္းမ္ မဂၢဇင္းက ထုတ္ေ၀တဲ့ သူမရဲ႕ စာအုပ္သစ္မွာ ကာရုိးလ္က အခုကိစၥကို ဖြင့္ဟထားခဲ့တာျဖစ္ၿပီး သမၼတမျဖစ္ခင္က ထရန္ရဲ႕ လိင္ပုိင္းဆုိင္ရာ ေဖာက္ျပန္က်ဴးလြန္မႈေတြနဲ ့ပတ္သက္ကာ ဖြင့္ဟ စြပ္စြဲလာတဲ့ ၁၆ ဦးေျမာက္ အမ်ဳိးသမီးျဖစ္ခဲ့ပါတယ္။
မန္ ့ဟက္တန္ၿမိဳ ့က Bergdorf Goodman စတုိးဆုိင္မွာ ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ကုိ သူမက ျပန္ေျပာင္းေျပာခဲ့ရာမွာ ယင္း အခ်ိန္က အိမ္ၿခံေျမလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ ထရန္ ့က အမည္မသိ အမ်ဳိးသမီးတစ္ဦးအတြက္ အတြင္းခံ၀ယ္ဖုိ ့ သူ ့ကုိ အႀကံေပးပါဦးလုိ ့ ေျပာခဲ့ေၾကာင္း ဆုိပါတယ္။
ယင္းေနာက္ ဒါေတြကုိ ၀တ္ၾကည့္သင့္ေၾကာင္း ရယ္ေမာေျပာဆုိကာ အ၀တ္အစားလဲခန္းကုိ ေရာက္သြားခဲ့ၿပီး အခန္းကုိ ပိတ္ပစ္ခဲ့ကာ မိမိကုိ နံရံဆီတြန္းပစ္ခဲ့တာေၾကာင့္ ေခါင္းနဲ ့နံရံ ခပ္ျပင္းျပင္း ေစာင့္မိခဲ့ေၾကာင္း၊ ယင္းေနာက္ သူ ့ပါးစပ္နဲ ့မိမိႏႈတ္ခမ္းေတြကုိ နမ္းခဲ့ေၾကာင္း ကာရုိးလ္က သူ ့ စာအုပ္မွာ ေရးသားထားခဲ့ပါတယ္။
သူမကုိ နံရံမွာ ဖိကပ္ထားခဲ့ရင္း ထရန္ ့က တဆင့္တုိးလာကာ အသားကပ္အ၀တ္ေတြကုိ ဆြဲခၽြတ္ခဲ့ၿပီး သူ ေဘာင္းဘီဇစ္ကုိ ျဖဳတ္လုိ ့ မိမိကုိ ဆက္ဆံခဲ့ေၾကာင္း ကာရုိးလ္က ေျပာဆုိပါတယ္။ သူ ့အ၀တ္အစားေတြ အားလုံး ျပန္၀တ္ၿပီးသြားမွသာ ေနာက္ဆုံးမွာ သူ ့ကုိ တြန္းလႊတ္ႏုိင္ခဲ့ကာ အ၀တ္လဲခန္းထဲက ေျပးထြက္ခဲ့ရေၾကာင္း သူမက ဆက္လက္ေျပာဆုိခဲ့ပါတယ္။
သူမအေပၚ လက္တုန္ ့ျပန္လာမွာ ေၾကာက္တာေၾကာင့္ ဒီအျဖစ္အပ်က္ကုိ ဘယ္တုန္းကမွ ရဲတုိင္ခဲ့ျခင္းမရွိဘူးလုိ ့ ကာရုိးလ္က ေျပာဆုိခဲ့ပါတယ္။

Unicode Version

၁၉၉၀ ခုနှစ်က နယူးယောက်မြို့ စတိုးဆိုင်တစ်ခုက အဝတ်လဲခန်းထဲမှာ ထရန့်က သူမကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် အမျိုးသမီးရဲ့ စွပ်စွဲမှုကို အမေရိကန် သမ္မတထရန့်က တနင်္လာနေ့မှာ အခိုင်အမာနဲ့ ငြင်းဆိုသွားခဲ့ပြီး သူမဟာ သူကြိုက်တဲ့ ပုံစံထဲက မဟုတ်ပါဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။
၁၉၉၀ ခုနှစ် နှစ်လယ်ပိုင်းလောက်က အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ကြောင်း အီ ဂျန်ကာရိုးလ်က သူမ အသစ်ထုတ်လိုက်တဲ့ စာအုပ်မှာ ရေးသားစွပ်စွဲခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံရေးသတင်းဌာနတစ်ခုဖြစ်တဲ့ The Hill နဲ့ အင်တာဗျူးရာမှာ ထရန့်က ငြင်းချက်ထုတ်သွားခဲ့တာဖြစ်ပါတယ်။
“ ကျုပ် လေးစားသမှုနဲ့ပြောရမယ်ဆိုရင် တစ်အချက်အနေနဲ့ သူမက ကျွန်တော်ကြိုက်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး၊ နှစ်အချက် ဒီကိစ္စ လုံး၀ မဖြစ်ခဲ့ပါဘူး၊ လုံး၀ မဖြစ်ခဲ့တာပါ၊ အိုကေ။” လို့ ဘဲဥပုံရုံးခန်းမှာ ပြုလုပ်တဲ့ အင်တာဗျူးအတွင်း ထရန့်က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကာရိုးလ်ဟာ လုံးလုံးလိမ်ညာနေဖြစ်တယ်လို့ ထရန့်က ဆက်လက် ပြောဆိုခဲ့ပါတယ်။ မိမိ ဒီအမျိုးသမီးအကြောင်း ဘာမှမသိသလို သူမကိုလည်း လုံးဝမသိပါဘူးလို့ ၎င်းက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်က နယူးယောက်တိုင်းမ် မဂ္ဂဇင်းက ထုတ်ဝေတဲ့ သူမရဲ့ စာအုပ်သစ်မှာ ကာရိုးလ်က အခုကိစ္စကို ဖွင့်ဟထားခဲ့တာဖြစ်ပြီး သမ္မတမဖြစ်ခင်က ထရန်ရဲ့ လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်ကျူးလွန်မှုတွေနဲ့ပတ်သက်ကာ ဖွင့်ဟ စွပ်စွဲလာတဲ့ ၁၆ ဦးမြောက် အမျိုးသမီးဖြစ်ခဲ့ပါတယ်။
မန့်ဟက်တန်မြို့က Bergdorf Goodman စတိုးဆိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို သူမက ပြန်ပြောင်းပြောခဲ့ရာမှာ ယင်း အချိန်က အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ထရန့်က အမည်မသိ အမျိုးသမီးတစ်ဦးအတွက် အတွင်းခံဝယ်ဖို့ သူ့ကို အကြံပေးပါဦးလို့ ပြောခဲ့ကြောင်း ဆိုပါတယ်။
ယင်းနောက် ဒါတွေကို ဝတ်ကြည့်သင့်ကြောင်း ရယ်မောပြောဆိုကာ အဝတ်အစားလဲခန်းကို ရောက်သွားခဲ့ပြီး အခန်းကို ပိတ်ပစ်ခဲ့ကာ မိမိကို နံရံဆီတွန်းပစ်ခဲ့တာကြောင့် ခေါင်းနဲ့နံရံ ခပ်ပြင်းပြင်း စောင့်မိခဲ့ကြောင်း၊ ယင်းနောက် သူ့ပါးစပ်နဲ့မိမိနှုတ်ခမ်းတွေကို နမ်းခဲ့ကြောင်း ကာရိုးလ်က သူ့ စာအုပ်မှာ ရေးသားထားခဲ့ပါတယ်။
သူမကို နံရံမှာ ဖိကပ်ထားခဲ့ရင်း ထရန့်က တဆင့်တိုးလာကာ အသားကပ်အဝတ်တွေကို ဆွဲချွတ်ခဲ့ပြီး သူ ဘောင်းဘီဇစ်ကို ဖြုတ်လို့ မိမိကို ဆက်ဆံခဲ့ကြောင်း ကာရိုးလ်က ပြောဆိုပါတယ်။ သူ့အဝတ်အစားတွေ အားလုံး ပြန်ဝတ်ပြီးသွားမှသာ နောက်ဆုံးမှာ သူ့ကို တွန်းလွှတ်နိုင်ခဲ့ကာ အဝတ်လဲခန်းထဲက ပြေးထွက်ခဲ့ရကြောင်း သူမက ဆက်လက်ပြောဆိုခဲ့ပါတယ်။
သူမအပေါ် လက်တုန့်ပြန်လာမှာ ကြောက်တာကြောင့် ဒီအဖြစ်အပျက်ကို ဘယ်တုန်းကမှ ရဲတိုင်ခဲ့ခြင်းမရှိဘူးလို့ ကာရိုးလ်က ပြောဆိုခဲ့ပါတယ်။

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။