Skip to main content
Mercedes-Benz Myanmar မွ A-Class ကားမ်ိဳးဆက္မိတ္ဆက္
Ads Block

Mercedes-Benz Myanmar မွ A-Class ကားမ်ိဳးဆက္မိတ္ဆက္

Mercedes-Benz Myanmar မွ က်စ္လစ္သိပ္သည္းသည့္ကားမ်ိဳးဆက္ျဖစ္ေသာ A-Class ကို စတင္မိတ္ဆက္လိုက္ေၾကာင္း သိရသည္။

Mercedes-Benz Myanmar မွ A-Class ကားမ်ိဳးဆက္မိတ္ဆက္


ဘက္စံုနည္းပညာသံုး A-Class ပံုစံသစ္သည္ ၂၀၁၉ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၏ ကားေလာကအတြက္ အမ်ားက ႀကိဳတင္အထူးေမွ်ာ္လင့္ထားခဲ့သည့္ မိတ္ဆက္ေဖာ္ထုတ္မႈျဖစ္ၿပီး Mercedes-Benz A 200 Progressive Line ႏွင့္ ANG လိုင္းအျဖစ္ တင္ဆက္မႈသည္ ၄င္း၏ၿမိဳ႕ျပစနစ္ကို ဖမ္းစားႏိုင္ေစမည့္ အလိုအေလ်ာက္ Digital ထိန္းခ်ဳပ္မႈစနစ္ႏွင့္အတူ ေတာင့္တင္းခိုင္မာသည့္ ေရြ႕လ်ားစြမ္းအင္ပံုစံမ်ားအျဖစ္ ထုတ္လုပ္ထားေၾကာင္း သိရသည္။
“Mercedes-Benz-A-Class ပံုစံသစ္ဟာ ေခတ္ေျပာင္းေတာ္လွန္ေရးစနစ္မွာ Digital နည္းပညာသံုး ေမာ္ေတာ္ယာဥ္ေလာကမွာ က႑တစ္ခုအေနနဲ႔ ေဖာ္ေဆာင္ေပးသြားမွာ ျဖစ္ပါတယ္။ ဘက္စံုနည္းပညာသံုး ေမာ္ေတာ္ယာဥ္ရဲ႕ အလိုအေလ်ာက္ခ်ဥ္းကပ္ထိန္းခ်ဳပ္ႏိုင္မႈနဲ႔ လူေနမႈဘဝလိုအပ္ခ်က္ေတြနဲ႔ မရွိမျဖစ္ လိုအပ္မယ့္ လက္ေတြ႔အသံုးဝင္မႈေတြကိုထည့္သြင္းေျပာင္းလဲေပးထားပါတယ္”ဟု Cycle and Carriage Automobile Myanmar မွ အေထြေထြမန္ေနဂ်ာျဖစ္သူ Mr.Adrian Short ကေျပာသည္။
အဆိုပါ ကား၏ တန္ဖိုးမွ ကန္ေဒၚလာ ၇၀၀၀၀ ႏွင့္ ၇၅၀၀၀ ဝန္းက်င္ရွိၿပီး ကနဦး ၂၀ ရာခိုင္ႏႈန္းေပးသြင္း၍ အရစ္က်စနစ္ျဖင့္လည္း ေရာင္းခ်ေပးေၾကာင္း သိရသည္။
Mercedes-Benz Myanmar မွထုတ္လုပ္သည့္ ကားအမ်ိဳးအစားကို ဂ်ာမနီႏိုင္ငံမွတိုက္ရိုက္တင္သြင္းကာ ဝယ္ယူစီးနင္းသည့္ခရီးသည္တိုးမ်ားလာၿပီး လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ကားစက္ရံုဖြင့္လွစ္ရန္ အစီအစဥ္ မရွိေသးေၾကာင္း သိရသည္။

-   စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

Mercedes-Benz Myanmar မှ ကျစ်လစ်သိပ်သည်းသည့်ကားမျိုးဆက်ဖြစ်သော A-Class ကို စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။
ဘက်စုံနည်းပညာသုံး A-Class ပုံစံသစ်သည် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကားလောကအတွက် အများက ကြိုတင်အထူးမျှော်လင့်ထားခဲ့သည့် မိတ်ဆက်ဖော်ထုတ်မှုဖြစ်ပြီး Mercedes-Benz A 200 Progressive Line နှင့် ANG လိုင်းအဖြစ် တင်ဆက်မှုသည် ၎င်း၏မြို့ပြစနစ်ကို ဖမ်းစားနိုင်စေမည့် အလိုအလျောက် Digital ထိန်းချုပ်မှုစနစ်နှင့်အတူ တောင့်တင်းခိုင်မာသည့် ရွေ့လျားစွမ်းအင်ပုံစံများအဖြစ် ထုတ်လုပ်ထားကြောင်း သိရသည်။
“Mercedes-Benz-A-Class ပုံစံသစ်ဟာ ခေတ်ပြောင်းတော်လှန်ရေးစနစ်မှာ Digital နည်းပညာသုံး မော်တော်ယာဉ်လောကမှာ ကဏ္ဍတစ်ခုအနေနဲ့ ဖော်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ဘက်စုံနည်းပညာသုံး မော်တော်ယာဉ်ရဲ့ အလိုအလျောက်ချဉ်းကပ်ထိန်းချုပ်နိုင်မှုနဲ့ လူနေမှုဘဝလိုအပ်ချက်တွေနဲ့ မရှိမဖြစ် လိုအပ်မယ့် လက်တွေ့အသုံးဝင်မှုတွေကိုထည့်သွင်းပြောင်းလဲပေးထားပါတယ်”ဟု Cycle and Carriage Automobile Myanmar မှ အထွေထွေမန်နေဂျာဖြစ်သူ Mr.Adrian Short ကပြောသည်။
အဆိုပါ ကား၏ တန်ဖိုးမှ ကန်ဒေါ်လာ ၇၀၀၀၀ နှင့် ၇၅၀၀၀ ဝန်းကျင်ရှိပြီး ကနဦး ၂၀ ရာခိုင်နှုန်းပေးသွင်း၍ အရစ်ကျစနစ်ဖြင့်လည်း ရောင်းချပေးကြောင်း သိရသည်။
Mercedes-Benz Myanmar မှထုတ်လုပ်သည့် ကားအမျိုးအစားကို ဂျာမနီနိုင်ငံမှတိုက်ရိုက်တင်သွင်းကာ ဝယ်ယူစီးနင်းသည့်ခရီးသည်တိုးများလာပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ကားစက်ရုံဖွင့်လှစ်ရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။

-   စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။