Skip to main content
ေခါင္းေဆာင္ႀကီး ခါေမနီကုိ အေမရိကန္က ဒဏ္ခတ္ပိတ္ဆုိ႔မႈလုပ္လုိက္တာဟာ ႏွစ္ႏုိင္ငံအၾကား သံတမန္ေရးလမ္းေၾကာင္း အဆုံးသတ္သြားျခင္းျဖစ္ဟု အီရန္ ေျပာဆုိ
Ads Block

ေခါင္းေဆာင္ႀကီး ခါေမနီကုိ အေမရိကန္က ဒဏ္ခတ္ပိတ္ဆုိ႔မႈလုပ္လုိက္တာဟာ ႏွစ္ႏုိင္ငံအၾကား သံတမန္ေရးလမ္းေၾကာင္း အဆုံးသတ္သြားျခင္းျဖစ္ဟု အီရန္ ေျပာဆုိ

ေခါင္းေဆာင္ႀကီး အယာတုိလာ အလီခါေမနီနဲ ့ႏုိင္ငံရဲ႕ အျခား ထိပ္တန္းေခါင္းေဆာင္ေတြကုိ အေမရိကန္က ဒဏ္ခတ္ပိတ္ဆုိ ့မႈလုပ္လုိက္တာဟာ တီဟီရန္နဲ ့၀ါရွင္တန္အၾကား သံတမန္ေရးလမ္းေၾကာင္း ထာ၀ရ ပိတ္သြားျခင္းျဖစ္ေၾကာင္း အီရန္က ဇြန္ ၂၅ ရက္ေန ့မွာ တုံ႔ျပန္လုိက္ပါတယ္။

ေခါင္းေဆာင္ႀကီး ခါေမနီကုိ အေမရိကန္က ဒဏ္ခတ္ပိတ္ဆုိ႔မႈလုပ္လုိက္တာဟာ ႏွစ္ႏုိင္ငံအၾကား သံတမန္ေရးလမ္းေၾကာင္း အဆုံးသတ္သြားျခင္းျဖစ္ဟု အီရန္ ေျပာဆုိ


အေမရိကန္သမၼတ ေဒၚနယ္ထရန္ ့က တနလၤာေန ့မွာ ပိတ္ဆုိ ့ဒဏ္ခတ္မႈအမိန္ ့ကုိ လက္မွတ္ ေရးထုိးခဲ့ကာ ၿပီးခဲ့တဲ့ သီတင္းပတ္က အေမရိကန္ ဒရုန္းတစ္စင္းကုိ တီဟီရန္က ပစ္ခ်ခဲ့အၿပီး အီရန္အေပၚ မႀကဳံစဖူးနဲ ့မမွန္းဆႏုိင္တဲ့ ဖိအားတုိးျမွင့္မႈလုပ္ဖုိ ့ ေျခလွမ္းစခဲ့ပါတယ္။ ဒါ့အျပင္ ယခုသီတင္းပတ္ အေႏွာင္းပုိင္းမွာ အီရန္ႏုိင္ငံျခားေရး၀န္ႀကီး မုိဟာမက္ ဂ်ဗက္ဇာရစ္ဖ္ကုိလည္း ဒဏ္ခတ္ပိတ္ဆုိ ့မႈ ခ်မွတ္မွာျဖစ္ေၾကာင္း ၀ါရွင္တန္က ေျပာဆုိခဲ့ပါတယ္။
အေမရိကန္ရဲ႕ ယခုေနာက္ဆုံး ဒဏ္ခတ္ပိတ္ဆုိ ့မႈေတြဟာ အီရန္ေခါင္းေဆာင္ပုိင္းရဲ႕ ဘ႑ာေရး အရင္းအျမစ္ေတြ အသုံးျပဳႏုိင္ခြင့္ကုိ ဟန္ ့တားဖုိ ့ရည္ရြယ္တာျဖစ္ေၾကာင္း သိရပါတယ္။
အီရန္ရဲ ့ေခါင္းေဆာင္ႀကီး (ခါေမနီ) နဲ ့ သံတမန္ေရးဆုိင္ရာတပ္မွဴး (ႏုိင္ငံျခားေရး၀န္ႀကီး ဇာရစ္ဖ္)  တုိ ့အေပၚ အသုံးမ၀င္တဲ့ ဒဏ္ခတ္ပိတ္ဆုိ ့မႈေတြ ခ်မွတ္လုိက္တာဟာ သံတမန္ေရးလမ္းေၾကာင္းကုိ ထာ၀ရ ပိတ္သြားေစမႈျဖစ္ေၾကာင္း အီရန္ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူ အဘားစ္ မူဆာဗီ က တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ေမွ်ာ္လင့္ခ်က္ကုန္ဆုံးေနတဲ့ ထရန္႕ အစုိးရအဖြဲ ့ဟာ ကမာၻ ့ၿငိမ္းခ်မ္းေရးနဲ ့လုံၿခဳံေရးဆုိင္ရာ ႏုိင္ငံတကာ ယႏၱရားေတြကုိ ဖ်က္ဆီးပစ္ေနေၾကာင္းလည္း မူဆာဗီက ေျပာဆုိခဲ့ပါတယ္။
ပစ္ခ်ခဲ့တဲ့ အေမရိကန္ဒရုန္းဟာ အီရန္ေတာင္ပုိင္း ေ၀ဟင္ပုိင္နက္မွာ ပ်ံသန္းေနခဲ့တာျဖစ္ေၾကာင္း အီရန္က ေျပာဆုိခဲ့ၿပီး အေမရိကန္ကေတာ့ ဒရုန္းဟာ ပင္လယ္ေကြ႕ေဒသ ေဟာမုဇ္ေရလက္ၾကားရွိ ႏုိင္ငံတကာေ၀ဟင္ပုိင္နက္မွာ ပစ္ခ်ခံခဲ့ရတာျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။

Ref : Reuters

Unicode Version

ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီနဲ့နိုင်ငံရဲ့ အခြား ထိပ်တန်းခေါင်းဆောင်တွေကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုလုပ်လိုက်တာဟာ တီဟီရန်နဲ့ဝါရှင်တန်အကြား သံတမန်ရေးလမ်းကြောင်း ထာဝရ ပိတ်သွားခြင်းဖြစ်ကြောင်း အီရန်က ဇွန် ၂၅ ရက်နေ့မှာ တုံ့ပြန်လိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တနင်္လာနေ့မှာ ပိတ်ဆို့ဒဏ်ခတ်မှုအမိန့်ကို လက်မှတ် ရေးထိုးခဲ့ကာ ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် ဒရုန်းတစ်စင်းကို တီဟီရန်က ပစ်ချခဲ့အပြီး အီရန်အပေါ် မကြုံစဖူးနဲ့မမှန်းဆနိုင်တဲ့ ဖိအားတိုးမြှင့်မှုလုပ်ဖို့ ခြေလှမ်းစခဲ့ပါတယ်။ ဒါ့အပြင် ယခုသီတင်းပတ် အနှောင်းပိုင်းမှာ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျဗက်ဇာရစ်ဖ်ကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်မှာဖြစ်ကြောင်း ဝါရှင်တန်က ပြောဆိုခဲ့ပါတယ်။
အမေရိကန်ရဲ့ ယခုနောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အီရန်ခေါင်းဆောင်ပိုင်းရဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ အသုံးပြုနိုင်ခွင့်ကို ဟန့်တားဖို့ရည်ရွယ်တာဖြစ်ကြောင်း သိရပါတယ်။
အီရန်ရဲ့ခေါင်းဆောင်ကြီး (ခါမေနီ) နဲ့ သံတမန်ရေးဆိုင်ရာတပ်မှူး (နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်)  တို့အပေါ် အသုံးမဝင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာဟာ သံတမန်ရေးလမ်းကြောင်းကို ထာဝရ ပိတ်သွားစေမှုဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဘားစ် မူဆာဗီ က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ မျှော်လင့်ချက်ကုန်ဆုံးနေတဲ့ ထရန့် အစိုးရအဖွဲ့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ယန္တရားတွေကို ဖျက်ဆီးပစ်နေကြောင်းလည်း မူဆာဗီက ပြောဆိုခဲ့ပါတယ်။
ပစ်ချခဲ့တဲ့ အမေရိကန်ဒရုန်းဟာ အီရန်တောင်ပိုင်း ဝေဟင်ပိုင်နက်မှာ ပျံသန်းနေခဲ့တာဖြစ်ကြောင်း အီရန်က ပြောဆိုခဲ့ပြီး အမေရိကန်ကတော့ ဒရုန်းဟာ ပင်လယ်ကွေ့ဒေသ ဟောမုဇ်ရေလက်ကြားရှိ နိုင်ငံတကာဝေဟင်ပိုင်နက်မှာ ပစ်ချခံခဲ့ရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref : Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။